Kim So Yeon အပေါ်ကြွေဆင်းခဲ့ရတဲ့ အကြောင်းရင်းကို ဖွင့်ဟ၀န်ခံခဲ့တဲ့ မင်းသားချော Lee Sang Woo
Unicode
Kim So Yeon အပေါ်ကြွေဆင်းခဲ႔ရတဲ့ အကြောင်းရင်းကို ဖွင့်ဟဝန်ခံခဲ့တဲ့ မင်းသားချော Lee Sang Woo
မတ်လ ၁၅ရက်နေ့က KBS ဌာနက လွှင့်တဲ့ Happy Together ရုပ်သံအစီအစဉ်တစ်ခုမှာ Marry Me Now ဆိုတဲ့အပိုင်းကို ပြသခဲ့ပါတယ်။အဲ့ဒီထဲမှာ
ဧည့်သည်အဖြစ် Han Ji Hye ၊ Lee Sang Woo ၊ Park Sun Young ၊Yeo Hoe Hyun နဲ့ Geum Sae Rok တို့ပါဝင်ခဲ့တယ်လို့သိရပါတယ်။
မင်းသားချော Lee Sang Woo နဲ့ မင်းသမီး Kim So Yeon ဟာ “Happy Home” ရုပ်သံဇာတ်လမ်းတွဲအတွက်တွေ့ဆုံပြီးနောက် တစ်ယောက်နဲ့တစ်ယောက်
မေတ္တာမျှကာ ၂၀၁၇၊ဇွန်လ ၉ရက်နေ့က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။မင်းသမီး Kim So Yeon အပေါ်ခံစားချက်နဲ့ပတ်သက်ပြီး မင်းသားကိုမေးမြန်းစူးစမ်းခဲ့တဲ့အခါမှာတော့ မင်းသားက
အခုလိုပဲပြောပြခဲ့ပါတယ်။
“ဒရာမာဇာတ်လမ်းတွဲအတွက် ဓာတ်ပုံအတူတွဲရိုက်ရတဲ့အခါမှာ ကျွန်တော်က ရုပ်ရှင်နဲ့ပတ်သက်ပြီးစိုးရိမ်ကြောင့်ကြမှုရှိနေခဲ့ပါတယ်။ဒါပေမဲ့
မင်းသမီး Kim So Yeon ကတော့ စိုးရိမ်ပူပင်မှုမရှိပဲ ဓာတ်ပုံကိုကောင်းမွန်စွာရိုက်နိုင်ခဲ့ပါတယ်။များသောအားဖြင့်ဓာတ်ပုံရိုက်တဲ့အခါမှာ အမျိုးသားမော်ဒယ်လ်တွေက ဝတ်စုံတွေလဲတဲ့အခါမှာ အရင်ဆုံးပြီးလေ့ရှိပါတယ်။ ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲ Kim So Yeon က အမြဲတမ်းအရင်ဆုံးအသင့်ဖြစ်နေလေ့ရှိတယ်။အကြိမ်
တော်တေ်ာများများပဲ သူမက အရင်ဆုံးပြီးလေ့ရှိပါတယ်။အဲ့ဒါကြောင့်ကျွန်တော်က ဝတ်စုံလဲတဲ့အခါမှာ ကတိုက်ကရိုက်နဲ့သူမစောင့်မနေရအောင်
မြန်မြန်လဲခဲ့ပါတယ်။ဒါပေမဲ့သူမက ကျွန်တော့်ထက်ကိုပိုပြီးမြန်နေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ အစီအစဉ်ကြေညာသူဖြစ်တဲ့ Jun Hyn Moo က ဒါဆို မင်းသမီး Kim So Yeon ရဲ ့ဝတ်စုံမြန်မြန်လဲနိုင်တဲ့စွမ်းရည်ကိုကြွေသွားတာလားဆိုပြီး ဟာသအနေနဲ့စနောက်ခဲ့တယ်လို့လည်းသိရပါတယ်။
မင်းသား Lee Sang Woo က ကျွန်တော်က သူမရဲ့သေချာစဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတဲ့အရည်အချင်းအပေါ်မှာကြွေဆင်းခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.