Amsterdam ျမိဳ႔ကုိသြားလည္မယ္ဆုိရင္ ဘာေတြသိထားဖုိ႔လိုမလဲ?

Amsterdam ျမိဳ႔ဟာ ေရာက္ဖူးတဲ႔သူတိုင္း အျမဲတမ္းထပ္သြားခ်င္ေနၾကတဲ႔ေနရာတစ္ခုပါ။ Amsterdam ဟာ  ဥေရာပတစ္ခြင္မွာ ဥမင္လိုဏ္ေခါင္းေတြနဲ႔လွပတဲ႔အေဆာက္အဦးေတြေၾကာင့္
နာမည္ေက်ာ္ၾကားထင္ရွားတဲ႔ Netherlands ႏုိင္ငံရဲ႔႔ျမိဳ႔ေတာ္ပဲျဖစ္ပါတယ္။ လမ္းေလွ်ာက္သြားမယ္ဆိုရင္ေတာင္ ျပတုိက္ေတြ၊ပန္းခ်ီျပခန္းေတြကုိ သတိမထားမိပဲမေနႏုိင္ေစတဲ႔
အႏုပညာျမိဳ႔ေတာ္တစ္ခုလည္းျဖစ္ပါေသးတယ္။ ဥေရာပရဲ႔အမိုက္စားကလပ္ေတြလည္း အမ်ားဆံုးရွိတဲ႔ေနရာတစ္ခုေပါ့။

အခုဆိုရင္ ျမန္မာႏုိင္ငံမွာရွိတဲ႔ခရီးသြားဘေလာ့ဂါေတြသာမက ခရီးသြားရတာႏွစ္သက္တဲ႔သူေတြ ကပါ ေနရာအနွံ႔ကုိသြားေရာက္လည္ပတ္ေနၾကပါျပီ။ဒါေပမဲ႔ Amsterdam လို  သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ႔ျမိဳ႔ေလးကုိမေရာက္ဖူးေသးရင္ေတာ့ မျဖစ္ေသးဘူးေနာ္။ အဲ႔ဒါေၾကာင့္ Amsterdam ကုိသြားလည္မယ္ဆိုရင္သိထားသင့္တဲ႔ခရီးသြားမွတ္စုေလးေတြ  ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

၁။Amsterdam ကုိ ဘယ္အခ်ိန္သြားလည္ၾကမလဲ?
တစ္ခ်ိဳ႔ခရီးသြားေတြကေတာ့ က်ဴးလစ္ပန္းေလးေတြျမင္ဖူးခ်င္ၾကတာမို႔လို႔ ဧျပီလလယ္ေလာက္နဲ႔ ေမလအေစာပိုင္းမွာသြားေလ့ရွိပါတယ္။တစ္ခ်ိဳ႔က်ေတာ့လည္းနယူးရီးယားပြဲေတာ္ကုိ ဆင္ႏြႊဲၾကတယ္။တကယ္လို႔သင္ကေအးေအးေဆးေဆးနဲ႔တိတ္ဆိတ္စြာအနားယူခ်င္တယ္ဆုိရင္ေတာ့ေအာက္တိုဘာလကေနမတ္လအတြင္းသြားေရာက္လည္ပတ္ႏုိင္ပါတယ္။ဇူလိုင္လနဲ႔ၾသဂုတ္လကေတာ့ လူအမ်ားဆံုးလာေရာက္လည္ပတ္ၾကတဲ႔လေတြပါ။Amsterdam မွာဆုိရင္ ဇန္န၀ါရီလက အေအးဆံုးျဖစ္ျပီး ၾသဂုတ္လကေတာ့ အပူဆံုးလပါ။

၂။Amsterdam ေရာက္ရင္ဘယ္လိုသြားၾကမလဲ?
Amsterdam ေရာက္လုိ႔ လမ္းေလွ်ာက္ျပီးမလည္ခ်င္ဘူးဆုိရင္ စက္ဘီးငွားေပးတဲ႔ဆိုင္ေလးေတြ ရွိပါတယ္။စက္ဘီးသြားဖို႔အတြက္ လမ္းေၾကာင္းလည္းလုပ္ေပးထားတာေၾကာင့္  ကားေတြၾကားကလည္းျဖတ္သြားစရာမလိုပါဘူး။ စက္ဘီးနဲ႔ေနရာစံုကုိသြားႏုိင္သလုိ ရထား၊ဘတ္စ္၊ေျမေအာက္ရထားလုိင္းလည္းရွိပါတယ္။

၃။Amsterdam ကိုမသြားခင္ ဘာေတြသိထားသင့္လဲ?
ေႏြရာသီကာလဆုိရင္ Amsterdam မွာခရီးသြားအမ်ားစုလာေရာက္လည္ပတ္ၾကေလ့ ရွိပါတယ္။ဒါ့အျပင္ Amsterdam ဟာ ခါးပုိက္ႏႈိက္ေတြေပါမ်ားတယ္ဆိုျပီး နာမည္ၾကီးပါတယ္။ အဲ႔ဒါေၾကာင့္ ကားစီးတာျဖစ္ေစ၊လမ္းေလ်ွာက္ေနတာျဖစ္ေစ၊ေစ်း၀ယ္ေနတာျဖစ္ေစ သင့္ရဲ ႔ပုိက္ဆံအိတ္ကုိေသခ်ာဂရုတစိုက္ထားဖုိ႔လိုအပ္ပါတယ္။

၄။Amsterdam ေရာက္ရင္ ဘယ္ေနရာေတြကုိသြားလည္ၾကမလဲ?
အရင္ဆံုး Rijksmuseum ကိုသြားလည္ပါ။အဲ႔ဒီျပတိုက္ဟာ ကမာၻေပၚမွာ အေကာင္းဆံုးျပတိုက္တစ္ခုအျဖစ္သတ္မွတ္ထားၾကတာျဖစ္ပါတယ္။တကယ္လို႔
သြားမယ္ဆိုရင္ မနက္ ၁၀နာရီမတိုင္ခင္သြားပါ။မဟုတ္ရင္ လူအုပ္ၾကီးနဲ႔တိုးသြားႏုိင္ပါတယ္။

ေနာက္ထပ္လွပတဲ႔ျပတိုက္ကေတာ့ Anne Frank Huis ပါ။အဲ႔ဒီျပတိုက္ဟာ ဆိုရင္ ႏွစ္တိုင္း ခရီးသြားေပါင္္း ၁သန္းေက်ာ္လည္ပတ္ၾကတဲ႔ေနရာတစ္ခုပါ။အရမ္းမုိက္တဲ႔အေတ႔ြအၾကံဳေတြကုိ မလြတ္သြားပါေစနဲ႔။

အနားယူမယ္၊ဓာတ္ပံုလွလွေလးေတြရုိက္မယ္ဆိုရင္ေတာ့ Vondelpark ကုိသြားပါ။အဲ႔ဒီမွာ ေအးေအးေဆးေဆးအနားယူႏုိင္ျပီး ျမိဳ႔ေလးရဲ ႔အေကာင္းဆံုးပန္းျခံတစ္ခုျဖစ္ပါတယ္။

သင္က အႏုပညာပန္းခ်ီလက္ရာေတြကုိ ႏွစ္သက္ျမတ္ႏုိးသူဆိုရင္ Van Gogh museum ကုိသြားလည္ဖို႔မေမ့ပါနဲ႔။Vincent van Gogh ရဲ ႔အံ႔မခန္းဖြယ္ပန္းခ်ီလက္ရာေတြ၊စာေတြနဲ႔ တျခားနာမည္ၾကီးပန္းခ်ီပညာရွင္ေတြရဲ႔လက္ရာေတြကုိစုေဆာင္းထားတဲ႔ေနရာတစ္ခုျဖစ္ပါတယ္။ႏွစ္တုိင္း လူသန္းေပါငး္ ၁.၆သန္းလာေရာက္ၾကည့္ရႈၾကတဲ႔ျပတုိက္တစ္ခုပါ။

Amsterdam ျမိဳ႔ေလးကုိ အေပၚစီးကေနၾကည့္ခ်င္တယ္ဆိုရင္ A’DAM Tower ကုိခ်န္ထားခဲ႔လို႔မရပါဘူး။A’DAM Tower ရဲ ႔အစြန္းမွာ သည္းထိတ္ရင္ဖုိစြန္႔စား
ခ်င္သူေတြအတြက္ ဒန္းလည္းရွိပါတယ္။ဥေရာပရဲ ႔အျမင့္္ဆံုးဒန္းတစ္ခုလည္းျဖစ္ပါတယ္။

Amsterdam ေရာက္ရင္ အဓိကလုပ္ရမွာက တစ္ခုရွိပါေသးတယ္။အဲ႔ဒါကေတာ့ ဥမင္လိုဏ္ေခါင္းေတြေအာက္ကေန ေလွစီးျပီးလည္ပတ္ၾကည့္ရတဲ႔အရသာ
ေလးကုိ ခံစားဖို႔မေမ့ခဲ႔ပါနဲ႔။အဲ႔ဒီမွာေလွေလးေတြရွိပါတယ္။မ်ားေသာအားျဖင့္ တစ္နာရီနီးပါးၾကာေအာင္လွည့္ပတ္ပုိ႔ေဆာင္ေပးပါတယ္။ေစ်းႏႈန္းလည္းအစားစားရွိတဲ႔အတြက္
ကုိယ့္ရဲ ႔ဘတ္ဂ်က္နဲ႔ကုိက္ညီတဲ႔အေပ်ာ္စီးေလွေလးေတြလည္းေသခ်ာေရြးခ်ယ္ျပီး Amsterdam ျမိဳ႔ေလးရဲ ႔အလွကုိခံစားၾကည့္ပါ။

လည္ပတ္စရာေတြက မကုန္ေသးပါဘူး။ကုိယ့္ရဲ ႔ခရီးသြားေခါင္းေဆာင္ကြ်မ္းက်င္ႏွံ႔စပ္ရင္ ႏွံ႔စပ္သေလာက္ ေပ်ာ္ရႊင္စရာေတြခံစားရမွာပါ။Amsterdam ေရာက္
ရင္အဓိကသြားေရာက္လည္ပတ္ရမယ့္ေနရာေတြကုိေရြးခ်ယ္ေပးထားတာျဖစ္လို႔ စာဖတ္သူေတြလည္းႏွစ္သက္လိမ့္မယ္ထင္ပါတယ္။

Unicode

Amsterdam မြို့ဟာ ရောက်ဖူးတဲ့သူတိုင်း အမြဲတမ်းထပ်သွားချင်နေကြတဲ့နေရာတစ်ခုပါ။ Amsterdam ဟာ ဥရောပတစ်ခွင်မှာ ဥမင်လိုဏ်ခေါင်းတွေနဲ့လှပတဲ့အဆောက်အဦးတွေကြောင့်
နာမည်ကျော်ကြားထင်ရှားတဲ့ Netherlands နိုင်ငံရဲ့့မြို့တော်ပဲဖြစ်ပါတယ်။ လမ်းလျှောက်သွားမယ်ဆိုရင်တောင် ပြတိုက်တွေ၊ပန်းချီပြခန်းတွေကို သတိမထားမိပဲမနေနိုင်စေတဲ့
အနုပညာမြို့တော်တစ်ခုလည်းဖြစ်ပါသေးတယ်။ ဥရောပရဲ့အမိုက်စားကလပ်တွေလည်း အများဆုံးရှိတဲ့နေရာတစ်ခုပေါ့။

အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ခရီးသွားဘလော့ဂါတွေသာမက ခရီးသွားရတာနှစ်သက်တဲ့သူတွေ ကပါ နေရာအနှံ့ကိုသွားရောက်လည်ပတ်နေကြပါပြီ။ဒါပေမဲ့ Amsterdam လို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မြို့လေးကိုမရောက်ဖူးသေးရင်တော့ မဖြစ်သေးဘူးနော်။ အဲ့ဒါကြောင့် Amsterdam ကိုသွားလည်မယ်ဆိုရင်သိထားသင့်တဲ့ခရီးသွားမှတ်စုလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

၁။Amsterdam ကို ဘယ်အချိန်သွားလည်ကြမလဲ?
တစ်ချို့ခရီးသွားတွေကတော့ ကျူးလစ်ပန်းလေးတွေမြင်ဖူးချင်ကြတာမို့လို့ ဧပြီလလယ်လောက်နဲ့ မေလအစောပိုင်းမှာသွားလေ့ရှိပါတယ်။တစ်ချို့ကျတော့လည်းနယူးရီးယားပွဲတော်ကို ဆင်နွွှဲကြတယ်။တကယ်လို့သင်ကအေးအေးဆေးဆေးနဲ့တိတ်ဆိတ်စွာအနားယူချင်တယ်ဆိုရင်တော့အောက်တိုဘာလကနေမတ်လအတွင်းသွားရောက်လည်ပတ်နိုင်ပါတယ်။ဇူလိုင်လနဲ့သြဂုတ်လကတော့ လူအများဆုံးလာရောက်လည်ပတ်ကြတဲ့လတွေပါ။Amsterdam မှာဆိုရင် ဇန်နဝါရီလက အအေးဆုံးဖြစ်ပြီး သြဂုတ်လကတော့ အပူဆုံးလပါ။

၂။Amsterdam ရောက်ရင်ဘယ်လိုသွားကြမလဲ?
Amsterdam ရောက်လို့ လမ်းလျှောက်ပြီးမလည်ချင်ဘူးဆိုရင် စက်ဘီးငှားပေးတဲ့ဆိုင်လေးတွေ ရှိပါတယ်။စက်ဘီးသွားဖို့အတွက် လမ်းကြောင်းလည်းလုပ်ပေးထားတာကြောင့် ကားတွေကြားကလည်းဖြတ်သွားစရာမလိုပါဘူး။ စက်ဘီးနဲ့နေရာစုံကိုသွားနိုင်သလို ရထား၊ဘတ်စ်၊မြေအောက်ရထားလိုင်းလည်းရှိပါတယ်။

၃။Amsterdam ကိုမသွားခင် ဘာတွေသိထားသင့်လဲ?
နွေရာသီကာလဆိုရင် Amsterdam မှာခရီးသွားအများစုလာရောက်လည်ပတ်ကြလေ့ ရှိပါတယ်။ဒါ့အပြင် Amsterdam ဟာ ခါးပိုက်နှိုက်တွေပေါများတယ်ဆိုပြီး နာမည်ကြီးပါတယ်။ အဲ့ဒါကြောင့် ကားစီးတာဖြစ်စေ၊လမ်းလျှောက်နေတာဖြစ်စေ၊စျေးဝယ်နေတာဖြစ်စေ သင့်ရဲ ့ပိုက်ဆံအိတ်ကိုသေချာဂရုတစိုက်ထားဖို့လိုအပ်ပါတယ်။

၄။Amsterdam ရောက်ရင် ဘယ်နေရာတွေကိုသွားလည်ကြမလဲ?
အရင်ဆုံး Rijksmuseum ကိုသွားလည်ပါ။အဲ့ဒီပြတိုက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပြတိုက်တစ်ခုအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။တကယ်လို့
သွားမယ်ဆိုရင် မနက် ၁ဝနာရီမတိုင်ခင်သွားပါ။မဟုတ်ရင် လူအုပ်ကြီးနဲ့တိုးသွားနိုင်ပါတယ်။

နောက်ထပ်လှပတဲ့ပြတိုက်ကတော့ Anne Frank Huis ပါ။အဲ့ဒီပြတိုက်ဟာ ဆိုရင် နှစ်တိုင်း ခရီးသွားပေါင််း ၁သန်းကျော်လည်ပတ်ကြတဲ့နေရာတစ်ခုပါ။အရမ်းမိုက်တဲ့အတွေ့အကြုံတွေကို မလွတ်သွားပါစေနဲ့။

အနားယူမယ်၊ဓာတ်ပုံလှလှလေးတွေရိုက်မယ်ဆိုရင်တော့ Vondelpark ကိုသွားပါ။အဲ့ဒီမှာ အေးအေးဆေးဆေးအနားယူနိုင်ပြီး မြို့လေးရဲ ့အကောင်းဆုံးပန်းခြံတစ်ခုဖြစ်ပါတယ်။

သင်က အနုပညာပန်းချီလက်ရာတွေကို နှစ်သက်မြတ်နိုးသူဆိုရင် Van Gogh museum ကိုသွားလည်ဖို့မမေ့ပါနဲ့။Vincent van Gogh ရဲ ့အံ့မခန်းဖွယ်ပန်းချီလက်ရာတွေ၊စာတွေနဲ့ တခြားနာမည်ကြီးပန်းချီပညာရှင်တွေရဲ့လက်ရာတွေကိုစုဆောင်းထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။နှစ်တိုင်း လူသန်းပေါငး် ၁.၆သန်းလာရောက်ကြည့်ရှုကြတဲ့ပြတိုက်တစ်ခုပါ။

Amsterdam မြို့လေးကို အပေါ်စီးကနေကြည့်ချင်တယ်ဆိုရင် A’DAM Tower ကိုချန်ထားခဲ့လို့မရပါဘူး။A’DAM Tower ရဲ ့အစွန်းမှာ သည်းထိတ်ရင်ဖိုစွန့်စား
ချင်သူတွေအတွက် ဒန်းလည်းရှိပါတယ်။ဥရောပရဲ ့အမြင့််ဆုံးဒန်းတစ်ခုလည်းဖြစ်ပါတယ်။

Amsterdam ရောက်ရင် အဓိကလုပ်ရမှာက တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ ဥမင်လိုဏ်ခေါင်းတွေအောက်ကနေ လှေစီးပြီးလည်ပတ်ကြည့်ရတဲ့အရသာ
လေးကို ခံစားဖို့မမေ့ခဲ့ပါနဲ့။အဲ့ဒီမှာလှေလေးတွေရှိပါတယ်။များသောအားဖြင့် တစ်နာရီနီးပါးကြာအောင်လှည့်ပတ်ပို့ဆောင်ပေးပါတယ်။စျေးနှုန်းလည်းအစားစားရှိတဲ့အတွက်
ကိုယ့်ရဲ ့ဘတ်ဂျက်နဲ့ကိုက်ညီတဲ့အပျော်စီးလှေလေးတွေလည်းသေချာရွေးချယ်ပြီး Amsterdam မြို့လေးရဲ ့အလှကိုခံစားကြည့်ပါ။

လည်ပတ်စရာတွေက မကုန်သေးပါဘူး။ကိုယ့်ရဲ ့ခရီးသွားခေါင်းဆောင်ကျွမ်းကျင်နှံ့စပ်ရင် နှံ့စပ်သလောက် ပျော်ရွှင်စရာတွေခံစားရမှာပါ။Amsterdam ရောက်
ရင်အဓိကသွားရောက်လည်ပတ်ရမယ့်နေရာတွေကိုရွေးချယ်ပေးထားတာဖြစ်လို့ စာဖတ်သူတွေလည်းနှစ်သက်လိမ့်မယ်ထင်ပါတယ်။

73 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.