တစ္ခါတစ္ေလ မွတ္ဥာဏ္မေကာင္းတာက ကိုယ့္ကိုယ္ကိုယ္စိတ္ခ်မ္းသာေအာင္ထားျခင္းတစ္မ်ဳိး

စိတ္ညစ္စရာကိစၥေတြ၊ စိတ္ထိခိုက္စရာေတြ ၾကံဳလာတဲ့အခါ မွတ္ဥာဏ္မေကာင္းျခင္းက တစ္ခါတစ္ေလက် အေထာက္ကူျဖစ္ေစပါတယ္။ ကိုယ့္အတြက္အေရးၾကီးကိစၥေတြနဲ႔ပတ္သတ္ရင္ မွတ္ဥာဏ္မေကာင္းလို႔ေတာ့ မျဖစ္ဘူးေပါ့။ တစ္ခ်ဳိ ႔ကိစၥေတြက မၾကံဳခ်င္ေပမယ့္ ရင္ဆုိင္လိုက္ရတယ္။ ျပန္မေတြးပဲ ေနဖို႔ဆိုတာ အခ်ိန္တစ္ခုထိေတာ့မျဖစ္ႏုိင္ဘူး။ ျပန္ေတြးမိေနရင္ ကိုယ္ပဲစိတ္ပင္ပန္းရပါတယ္။ မွတ္ဥာဏ္မေကာင္းတဲ့အခါ ဒါေတြကိုျပန္မေတြးမိေတာ့ ကိုယ္လည္းမပူေလာင္ေတာ့ဘူး။

ကိုယ့္ကို စိတ္ဆင္းရဲေအာင္လုပ္ေနတာလည္း ကိုယ္ပဲ။ စိတ္ခ်မ္းသာေအာင္ လုပ္ေနတာလည္း ကိုယ္ပါပဲ။ စိတ္ဆိုတဲ့အရာက တစ္ခါတစ္ေလေတာ့လည္း ဆန္းၾကယ္သား ။ ကိုယ့္ကိုနစ္မႊန္းေစတဲ့အရာေတြကိုမွ တြယ္တာေနမိတတ္ပါတယ္။ ကိုယ့္အတြက္ ပူေလာင္ေစတဲ့အရာေတြကို ၾကိတ္မွိတ္ျပီး ဖက္တြယ္ထားေလ ဆက္ပူေလာင္ေနမွာပဲ … လႊတ္ခ်ၾကည့္လိုက္၊ ဘယ္ေလာက္ထိ ျငိမ္းခ်မ္းသြား
မလဲဆိုတာ ခံစားမိပါလိမ့္မယ္။

ထိုင္ျပီး စိတ္ညစ္စရာေတြ ေတြးေနတာထက္စာရင္ ဒီအေျခအေနကို ငါဘယ္လိုကိုင္တြယ္မလဲဆုိတာ အေျဖ႐ွာပါ။ အရင္တုန္းက ကိုယ့္အတြက္ စိတ္ညစ္စရာေတြဆိုတာ ဒီခ်ိန္ျပန္ေတြးၾကည့္ရင္ အေသးမႊားေလးေတြျဖစ္သြားတာပဲမလား။ လူ႔ဘဝက တိုေတာင္းလြန္းပါတယ္။ စိတ္ခ်မ္းသာဖို႔က အဓိကပါ။ ဘာပဲလုပ္ေနလုပ္ေန ေပ်ာ္ရႊင္မႈမ႐ွိရင္ ဘယ္လိုမွစိတ္ခ်မ္းသာမွာမဟုတ္ပါဘူး။
ဒါေၾကာင့္ တစ္ခါတစ္ေလ မွတ္ဥာဏ္မေကာင္းျခင္းဟာ ကိုယ့္ကိုယ္ကိုယ္စိတ္ခ်မ္းသာေအာင္ထားျခင္း တစ္မ်ဳိးပါပဲမဟုတ္လား…

Unicode 

စိတ်ညစ်စရာကိစ္စတွေ၊ စိတ်ထိခိုက်စရာတွေ ကြုံလာတဲ့အခါ မှတ်ဉာဏ်မကောင်းခြင်းက တစ်ခါတစ်လေကျ အထောက်ကူဖြစ်စေပါတယ်။ ကိုယ့်အတွက်အရေးကြီးကိစ္စတွေနဲ့ပတ်သတ်ရင် မှတ်ဉာဏ်မကောင်းလို့တော့ မဖြစ်ဘူးပေါ့။ တစ်ချို ့ကိစ္စတွေက မကြုံချင်ပေမယ့် ရင်ဆိုင်လိုက်ရတယ်။ ပြန်မတွေးပဲ နေဖို့ဆိုတာ အချိန်တစ်ခုထိတော့မဖြစ်နိုင်ဘူး။ ပြန်တွေးမိနေရင် ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ မှတ်ဉာဏ်မကောင်းတဲ့အခါ ဒါတွေကိုပြန်မတွေးမိတော့ ကိုယ်လည်းမပူလောင်တော့ဘူး။

ကိုယ့်ကို စိတ်ဆင်းရဲအောင်လုပ်နေတာလည်း ကိုယ်ပဲ။ စိတ်ချမ်းသာအောင် လုပ်နေတာလည်း ကိုယ်ပါပဲ။ စိတ်ဆိုတဲ့အရာက တစ်ခါတစ်လေတော့လည်း ဆန်းကြယ်သား ။ ကိုယ့်ကိုနစ်မွှန်းစေတဲ့အရာတွေကိုမှ တွယ်တာနေမိတတ်ပါတယ်။ ကိုယ့်အတွက် ပူလောင်စေတဲ့အရာတွေကို ကြိတ်မှိတ်ပြီး ဖက်တွယ်ထားလေ ဆက်ပူလောင်နေမှာပဲ … လွှတ်ချကြည့်လိုက်၊ ဘယ်လောက်ထိ ငြိမ်းချမ်းသွားမလဲဆိုတာ ခံစားမိပါလိမ့်မယ်။

ထိုင်ပြီး စိတ်ညစ်စရာတွေ တွေးနေတာထက်စာရင် ဒီအခြေအနေကို ငါဘယ်လိုကိုင်တွယ်မလဲဆိုတာ အဖြေရှာပါ။ အရင်တုန်းက ကိုယ့်အတွက် စိတ်ညစ်စရာတွေဆိုတာ ဒီချိန်ပြန်တွေးကြည့်ရင် အသေးမွှားလေးတွေဖြစ်သွားတာပဲမလား။ လူ့ဘဝက တိုတောင်းလွန်းပါတယ်။ စိတ်ချမ်းသာဖို့က အဓိကပါ။ ဘာပဲလုပ်နေလုပ်နေ ပျော်ရွှင်မှုမရှိရင် ဘယ်လိုမှစိတ်ချမ်းသာမှာမဟုတ်ပါဘူး။
ဒါကြောင့် တစ်ခါတစ်လေ မှတ်ဉာဏ်မကောင်းခြင်းဟာ ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင်ထားခြင်း တစ်မျိုးပါပဲမဟုတ်လား…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.