မိန္းကေလးတုိင္းသိထားသင့္တဲ႔ ရင္သားကင္ဆာ ကာကြယ္ႏုိင္မယ့္နည္းလမ္းမ်ား

ကင္ဆာေရာဂါဆိုတာထိတ္လန္႔စရာေရာဂါဆိုးတစ္ခုဆိုေပမဲ႔မျဖစ္ခင္ကတည္းကၾကိဳတင္ကာကြယ္ထားႏုိင္တဲ႔နည္းလမ္းေတြသာရွိမယ္ဆုိရင္အားလံုးကလိုက္နာၾကမွာပါ။ကင္ဆာေရာဂါေတြထဲမွာရင္သားကင္ဆာကလည္း မိန္းကေလးေတြအတြက္သတိထားစရာေရာဂါတစ္ခုပါပဲ။၂၀၁၂ တုန္းကဆိုရင္၁.၇သန္းနီးပါးရင္သားကင္ဆာေရာဂါကုိခံစားခဲ႔ရတယ္လို႔စစ္ေဆးေတြ႔ရွိခဲ႔ရပါတယ္။ရင္သားကင္ဆာကအမ်ိဳးသမီးသာမက အမ်ိဳးသားေတြမွာပါဒုတိယအျဖစ္အမ်ားဆံုး ကင္ဆာတစ္ခုလည္းျဖစ္ပါတယ္။

ရင္သားကင္ဆာက ငယ္ရြယ္တဲ့မိန္းကေလးေတြ၊အသက္ ၄၀ေအာက္မိန္းကေလးေတြၾကားမွာ ျဖစ္ပြားတာရွားပါးတယ္။မ်ားေသာအားျဖင့္အသက္္၅၀နဲ႔အသက္၅၀ေက်ာ္အမ်ိဳးသမီးေတြၾကားမွာပုိျပီးျဖစ္ႏုိင္ပါတယ္။ဒါေပမဲ႔ ငယ္ရြယ္စဥ္ကတည္းက်န္းမာေရးကုိဂရုစုိက္ေပးသင့္ပါတယ္။
ေရာဂါမျဖစ္ခင္ကတည္းကသာ ၾကိဳတင္ကာကြယ္ထားမယ္ဆုိရင္ သိပ္ျပီးစိုးရိမ္စရာမရွိပါဘူး။ အဲ႔ဒါေၾကာင့္ရင္သားကင္ဆာကာကြယ္ႏုိင္မယ့္နည္းလမ္းေလးေတြကုိမ်ွေ၀ေပးခ်င္ပါတယ္။

၁။ကုိယ္အေလးခ်ိန္ထိန္းပါ
အ၀လြန္တာမ်ိဳးမျဖစ္ေအာင္ ေန႔စဥ္စားေသာက္ေနထုိင္ပံုကုိဂရုစုိက္ရပါမယ္။အ၀လြန္တာက ရင္သားကင္ဆာျဖစ္ပြားမႈႏႈန္းပုိမ်ားေစပါတယ္။ကုိယ္အေလးခ်ိန္တက္လာျပီဆုိတာနဲ႔  ကုိယ့္ရဲ ႔ေနထုိင္စားေသာက္ပံုကုိ ေျပာင္းလဲျပီး ကိုယ္အေလးခ်ိန္ျပန္ေလ်ွာ့ခ်ဖို႔လိုပါတယ္။

၂။က်န္းမာေရးနဲ႔ညီညြတ္စြာစားေသာက္ပါ
ကုိယ္အေလးခ်ိန္ထိန္းတာက ရင္သားကင္ဆာကုိကာကြယ္ေပးႏုိင္သလိုအစားအေသာက္ကုိလည္း ဂရုစုိက္ဖို႔လိုပါေသးတယ္။ဟင္းသီးဟင္းရြက္ေတြ၊အသီးအႏွံေတြ၊သၾကားမပါ၀င္တဲ႔အသီးေဖ်ာ္ရည္ေတြကို စားေသာက္ပါ။အဆီမ်ားတဲ႔အစားအစာေတြကိုေရွာင္ပါ။ငါးနဲ႔ၾကက္ရင္ပံုလို ပရိုတင္းဓာတ္ပါ၀င္တဲ႔အစားအစာေတြ၊အနီေရာင္အသားေတြကုိ မ်ွတစြာစားေပးပါ။

၃။တက္ၾကြလႈပ္ရွားမႈရွိပါ
ေန႔တိုင္းအလုပ္သြား၊အလုပ္ကျပန္လာေရမိုးခ်ိဳးစားေသာက္ျပီးတန္းအိပ္မယ္၊ဖုန္းၾကည့္မယ္ဆိုရင္ တစ္ေန႔တာလံုးမွာေလ့က်င့္ခန္းလုပ္ခ်ိန္ဆုိတာမရွိသေလာက္ပါပဲ။အဲ႔ဒီလိုသာပံုမွန္ဆုိရင္ ကုိယ္လက္လႈပ္ရွားမႈမရွိတဲ႔အတြက္ေရာဂါေတြကုိအလြယ္တကူခုခံကာကြယ္ႏုိင္မွာမဟုတ္ပါဘူး။ကုိယ္လက္လႈပ္ရွားမႈ အနည္းဆံုး ၁၅မိနစ္၊နာရီ၀က္ေလာက္ေတာ့ရွိသင့္ပါတယ္။ ေလ့လာခ်က္ေတြအရ ကုိယ္လက္လႈပ္ရွားမႈလုပ္တာဟာ ရင္သားကင္ဆာျဖစ္ပြားမႈကုိ ၁၀ရာခုိင္ႏႈန္းကေန ၃၀ရာခိုင္ႏႈန္းအထိ ေလ်ွာ့ခ်ေပးႏုိင္တယ္လို႔ေတြ႔ရွိခဲ႔ရပါတယ္။ တစ္ပတ္ကုိ ၅ရက္ နာရီ၀က္ေလာက္လမ္းေလ်ွာက္တာမ်ိဳးလုပ္ေပးသင့္ပါတယ္။တစ္ေနကုန္မအားဘူးဆိုရင္
မနက္ေစာေစာထျပီး ၁၅မိနစ္ျဖစ္ေစ၊ညေနရံုးကျပန္လာရင္ ၁၅မိနစ္ျဖစ္ေစ အခ်ိန္ေပးႏုိင္ဖို႔ၾကိဳးစားပါ။ ကုိယ္လက္လႈပ္ရွားတာကရင္သားကင္ဆာတင္မကပါဘူး။ကုိယ္
အေလးခ်ိန္လည္းက်ေစလို႔ အ၀လြန္မွာလည္းမစုိးရိမ္ရပါဘူး။

၄။အရက္ေလ်ွာ့ေသာက္ပါ
ျဖစ္ႏုိင္ရင္လံုး၀မေသာက္တာအေကာင္းဆံုးပါပဲ။အရက္ေသာက္တာက ရင္သားကင္ဆာျဖစ္ပြားမႈပိုမ်ားေစပါတယ္။မျဖစ္မေနေသာက္ရမယ္ဆိုရင္လည္း
နည္းနည္းပဲေသာက္ေပးပါ။

၅။ေဆးလိပ္မေသာက္ပါနဲ႔
ေလ့လာခ်က္ေတြအရ ေဆးလိပ္ေသာက္သူအမ်ိဳးသမီးအခ်ိဳ႔ဟာ ရင္သားကင္ဆာပုိျပီးျဖစ္ပြားတာ ကုိရွာေဖြေတြ႔ရွိခဲ႔ရပါတယ္။ေဆးလိပ္ေသာက္တာက ကုိယ့္အတြက္လည္းမေကာင္း၊တျခားသူေတြ အတြက္လည္းအေႏွာင့္အယွက္ျဖစ္ေစပါတယ္။

၆။ကေလးရွိရင္ ကေလးကုိအခ်ိန္ၾကာၾကာႏို႔ခ်ိဳတိုက္ေကြ်းပါ
ကုိယ့္ရဲ ႔ရင္ေသြးေလး ၁ႏွစ္အထိ ႏုိ႔ခ်ိဳတိုက္ေကြ်းတဲ႔အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာျဖစ္ပြားမႈ ကုိေလ်ာ့နည္းတယ္လို႔ေလ့လာေတြ႔ရွိခဲ႔ရပါတယ္။

၇။ပံုမွန္ရင္သားစစ္ေဆးမႈလုပ္ပါ
သင့္ေတာ္တဲ႔ဆရာ၀န္၊က်န္းမာေရးမွဴးေတြနဲ႔တိုင္ပင္ျပီး ရင္သားစစ္ေဆးမႈကိုတစ္လတစ္ခါ၊ နွစ္လတစ္ခါ လုပ္ေပးသင့္္ပါတယ္။အဲ႔ဒါမွ ကုိယ့္ရဲ ႔ရင္သားပံုမွန္ရွိလား၊တစ္ခုခုျဖစ္ေနလား ဆုိတာသိႏုိင္မွာပါ။

ရင္သားကင္ဆာကာကြယ္ႏုိင္ဖို႔အတြက္ အဓိကမွတ္ထားသင့္တဲ႔အရာကေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ႔အစားအေသာက္ေတြစားျပီး ကုိယ္လက္လႈပ္ရွားမႈ
မွန္မွန္လုပ္ဖုိ႔ပါပဲ။

Unicode

ကင်ဆာရောဂါဆိုတာထိတ်လန့်စရာရောဂါဆိုးတစ်ခုဆိုပေမဲ့မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားနိုင်တဲ့နည်းလမ်းတွေသာရှိမယ်ဆိုရင်အားလုံးကလိုက်နာကြမှာပါ။ကင်ဆာရောဂါတွေထဲမှာရင်သားကင်ဆာကလည်း မိန်းကလေးတွေအတွက်သတိထားစရာရောဂါတစ်ခုပါပဲ။၂၀၁၂ တုန်းကဆိုရင်၁.ရသန်းနီးပါးရင်သားကင်ဆာရောဂါကိုခံစားခဲ့ရတယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ရင်သားကင်ဆာကအမျိုးသမီးသာမက အမျိုးသားတွေမှာပါဒုတိယအဖြစ်အများဆုံး ကင်ဆာတစ်ခုလည်းဖြစ်ပါတယ်။

ရင်သားကင်ဆာက ငယ်ရွယ်တဲ့မိန်းကလေးတွေ၊အသက် ၄ဝအောက်မိန်းကလေးတွေကြားမှာ ဖြစ်ပွားတာရှားပါးတယ်။များသောအားဖြင့်အသက််၅ဝနဲ့အသက်၅ဝကျော်အမျိုးသမီးတွေကြားမှာပိုပြီးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ငယ်ရွယ်စဉ်ကတည်းကျန်းမာရေးကိုဂရုစိုက်ပေးသင့်ပါတယ်။
ရောဂါမဖြစ်ခင်ကတည်းကသာ ကြိုတင်ကာကွယ်ထားမယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ အဲ့ဒါကြောင့်ရင်သားကင်ဆာကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

၁။ကိုယ်အလေးချိန်ထိန်းပါ
အဝလွန်တာမျိုးမဖြစ်အောင် နေ့စဉ်စားသောက်နေထိုင်ပုံကိုဂရုစိုက်ရပါမယ်။အဝလွန်တာက ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းပိုများစေပါတယ်။ကိုယ်အလေးချိန်တက်လာပြီဆိုတာနဲ့ ကိုယ့်ရဲ ့နေထိုင်စားသောက်ပုံကို ပြောင်းလဲပြီး ကိုယ်အလေးချိန်ပြန်လျှော့ချဖို့လိုပါတယ်။

၂။ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပါ
ကိုယ်အလေးချိန်ထိန်းတာက ရင်သားကင်ဆာကိုကာကွယ်ပေးနိုင်သလိုအစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပါသေးတယ်။ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေ၊သကြားမပါဝင်တဲ့အသီးဖျော်ရည်တွေကို စားသောက်ပါ။အဆီများတဲ့အစားအစာတွေကိုရှောင်ပါ။ငါးနဲ့ကြက်ရင်ပုံလို ပရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေ၊အနီရောင်အသားတွေကို မျှတစွာစားပေးပါ။

၃။တက်ကြွလှုပ်ရှားမှုရှိပါ
နေ့တိုင်းအလုပ်သွား၊အလုပ်ကပြန်လာရေမိုးချိုးစားသောက်ပြီးတန်းအိပ်မယ်၊ဖုန်းကြည့်မယ်ဆိုရင် တစ်နေ့တာလုံးမှာလေ့ကျင့်ခန်းလုပ်ချိန်ဆိုတာမရှိသလောက်ပါပဲ။အဲ့ဒီလိုသာပုံမှန်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အတွက်ရောဂါတွေကိုအလွယ်တကူခုခံကာကွယ်နိုင်မှာမဟုတ်ပါဘူး။ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး ၁၅မိနစ်၊နာရီဝက်လောက်တော့ရှိသင့်ပါတယ်။ လေ့လာချက်တွေအရ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို ၁ဝရာခိုင်နှုန်းကနေ ၃ဝရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်ကို ၅ရက် နာရီဝက်လောက်လမ်းလျှောက်တာမျိုးလုပ်ပေးသင့်ပါတယ်။တစ်နေကုန်မအားဘူးဆိုရင်
မနက်စောစောထပြီး ၁၅မိနစ်ဖြစ်စေ၊ညနေရုံးကပြန်လာရင် ၁၅မိနစ်ဖြစ်စေ အချိန်ပေးနိုင်ဖို့ကြိုးစားပါ။ ကိုယ်လက်လှုပ်ရှားတာကရင်သားကင်ဆာတင်မကပါဘူး။ကိုယ်
အလေးချိန်လည်းကျစေလို့ အဝလွန်မှာလည်းမစိုးရိမ်ရပါဘူး။

၄။အရက်လျှော့သောက်ပါ
ဖြစ်နိုင်ရင်လုံးဝမသောက်တာအကောင်းဆုံးပါပဲ။အရက်သောက်တာက ရင်သားကင်ဆာဖြစ်ပွားမှုပိုများစေပါတယ်။မဖြစ်မနေသောက်ရမယ်ဆိုရင်လည်း
နည်းနည်းပဲသောက်ပေးပါ။

၅။ဆေးလိပ်မသောက်ပါနဲ့
လေ့လာချက်တွေအရ ဆေးလိပ်သောက်သူအမျိုးသမီးအချို့ဟာ ရင်သားကင်ဆာပိုပြီးဖြစ်ပွားတာ ကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။ဆေးလိပ်သောက်တာက ကိုယ့်အတွက်လည်းမကောင်း၊တခြားသူတွေ အတွက်လည်းအနှောင့်အယှက်ဖြစ်စေပါတယ်။

၆။ကလေးရှိရင် ကလေးကိုအချိန်ကြာကြာနို့ချိုတိုက်ကျွေးပါ
ကိုယ့်ရဲ ့ရင်သွေးလေး ၁နှစ်အထိ နို့ချိုတိုက်ကျွေးတဲ့အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်ပွားမှု ကိုလျော့နည်းတယ်လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။

၇။ပုံမှန်ရင်သားစစ်ဆေးမှုလုပ်ပါ
သင့်တော်တဲ့ဆရာဝန်၊ကျန်းမာရေးမှူးတွေနဲ့တိုင်ပင်ပြီး ရင်သားစစ်ဆေးမှုကိုတစ်လတစ်ခါ၊ နှစ်လတစ်ခါ လုပ်ပေးသင့််ပါတယ်။အဲ့ဒါမှ ကိုယ့်ရဲ ့ရင်သားပုံမှန်ရှိလား၊တစ်ခုခုဖြစ်နေလား ဆိုတာသိနိုင်မှာပါ။

ရင်သားကင်ဆာကာကွယ်နိုင်ဖို့အတွက် အဓိကမှတ်ထားသင့်တဲ့အရာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပြီး ကိုယ်လက်လှုပ်ရှားမှု
မှန်မှန်လုပ်ဖို့ပါပဲ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.