ဆီးနှင်းထူထပ်လွန်းစွာကျရောက်မှုကြောင့် ဂါလာတာစာရေး-ဂျူဗင်တပ်စ်ပွဲ ရွေ့ဆိုင်းခဲ့ရ

a.jpg

ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ခွင့်ကို အဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲဖြစ်တဲ့ တူရကီ ထိပ်သီး ဂါလာတာစာရေးနဲ့ အီတလီစီးရီအေချန်ပီယံ ဂျူဗင်တပ်စ်တို့ပွဲကို ပြီးခဲ့တဲ့ မနက်အစောပိုင်းမှာ က စားဖို့စီစဉ်ထားခ့ပေမယ့်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ရွေ့ဆိုင်းလိုက်ရပါတယ်။ အစ္စတန်ဘူလ်မှာ ကစားနေခဲ့တဲ့ပွဲရဲ့ ပွဲချိန်(၂၇)မိနစ်မှာ ဂိုးမရှိသရေကျနေခိုက် ဆီးနှင်းများက သည်းထတ်စွာကျရောက်လာခဲ့ တာကြောင့် ကွင်းအတွင်းက ဘေးစည်း၊ ဂိုးဧရိယာစည်းတွေကိုပါ မမြင်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ပေါ်တူဂီကွင်းလယ်ဒိုင် ပက်ဒရိုပရိုယန်ကာက ပွဲချိန်(၃၂)မိနစ်မှာ ပွဲကို ရပ်နားခိုင်းခဲ့ကာ ကစားသမားများကို အ၀တ်လဲခန်းအတွင်း စောင့်ဆိုင်းစေခဲ့ပါတယ်။

အဲဒီအချိန်မှာ ၀န်ထမ်းများကို ကွင်းအတွင်း အရေူးကြီးတဲ့နေရာများမှာ ဆီးနှင်းများရှင်းလင်းခိုင်းခဲ့ပြီး စည်းတွေ ပြန်ဖော်ခိုင်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် ကွင်းလယ်ဒိုင်ပက်ဒရိုနဲ့ ယူအီးအက်ဖ်အေတာဝန်ရှိသူ များက ပွဲကိုရွေ့ဆိုင်းပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ကွင်းလယ်ဒိုင်က သူ့အစီရင်ခံစာထအဲမှာ ပွဲကို မိနစ်(၃၀)မတိုင်ခင် ရပ်နားခဲ့တာလို့ အဆိုတင်သွင်းခဲ့ရင် ဒီနေ့ညမှာ ပြန်ကစားနိုင်မှာဖြစ်ပေမယ့် (၃၀)မိနစ်ကျော် လွန်ပြီးမှာ ပွဲရပ်ခဲ့တယ်လို့ ဖော်ပြထားခဲ့ရင်တော့ ယူအီးအက်ဖ်အေစည်းမျဉ်းများအရ နောက်တစ်ပတ်မှပဲ ပြန်က စားလို့ရပါလိမ့်မယ်။ နောက်ဆုံးရရှိထားတဲ့သတင်းများအရဆိုရင် ဒီပွဲကိုမနက်ဖြန်မှာ ပြန်ကစားတော့မှာဖြစ်တယ် လို့ သိထားရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.