စစ်မှန်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း Andrift

Andrift ရုပ်ရှင်ဟာ အမေရိကန် ရိုမန်တစ် ဒရာမာ ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Baltasar Kormákur ၊ ဇာတ်ညွန်း Aaron & Jordan Kandell, David Branson Smith တို့ ဖန်တီးတင်ဆက်လိုက်ပြီဖြစ်ပါတယ်။ Me Before You နဲ့ အားလုံးသိထားပြီဖြစ်တဲ့ မင်းသားချော Sam Claflin နဲ့ The Fault In Our Stars မင်းသမီး Shailene Woodley တို့ပါဝင်သရုပ်ဆောင်
ထားပါတယ်။ Andrift က ၂ဝ၁၈ ဇွန်လ ၁ရက်နေ့ဆို အမေရိကန်မှာ ထွက်ရှိပါပြီ။

ဇာတ်လမ်းအကျဉ်း
Andrift ဟာ ၁၉၈၃ခုနှစ်တုန်းက သမုဒ္ဒရာထဲကို ခရီးထွက်သွားတဲ့ စိတ်အားထက်သန်သော စုံတွဲနှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Tami Oldham နဲ့ Richard Sharp တို့ဟာ ကြောက်စရာကောင်းတဲ့ ဟာရီကိန်းတစ်ခုနဲ့ တိုက်ရိုက်ကြုံတွေ့ရလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ မုန်တိုင်းကြီးပြီးသွားတဲ့အချိန်မှာ သူတို့လှေလည်း ပျက်စီးသွားပြီး Richard လည်း ဆိုးဆိုးဝါးဝါးဒဏ်ရာတွေရခဲ့တယ်။ Tami အနေနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်၊ မလွဲမှားတဲ့ဆုံးဖြတ်ချက်တွေနဲ့ သူမကိုယ်သူမရော ၊ သူမချစ်သူ Richard ကိုပါ ကယ်တင်ဖို့ ဘယ်
လောက်ထိ ကြိုးပမ်းခဲ့လဲဆိုတာကို ကြည်နူး ၊ စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ ဇာတ်လမ်း နမူနာဗီဒီယိုဖော်ပြပေးလိုက်ပါတယ်။

16 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.