ဘေဘီလေးတွေအတွက် အကောင်းဆုံးကစားဖော်ကစားဖက်ဆိုတာ…

အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုဝင်တစ်ယောက်လိုပဲဆိုတာ ရှင်းပြဖို့တောင်လိုတော့မယ်မထင်ပါဘူး။အထူးသဖြင့် ကလေးငယ်လေးတွေ၊ဘေဘီပုစိလေးတွေအတွက် ခွေးလေးတွေ၊ကြောင်လေးတွေက သွေးသားရင်းတော်စပ်တဲ့မိသားစုဝင်တစ်ယောက်လိုပါပဲ။မိဘတွေက ဂရုမစိုက်နိုင်တဲ့အချိန် ခွေးလေးတွေ၊ကြောင်လေးတွေနဲ့ပဲ အဖော်လုပ်ကစားနေရတာပါ။

ခွေးလေးတွေ၊ကြောင်လေးတွေကလည်း တိရစ္ဆာန်ဆိုပေမဲ့ လူသားတွေနဲ့နီးစပ်တဲ့အတွက် ဘေဘီလေးတွေကိုပိုချစ်ပြီး သံယောဇဉ်ဖြစ်လွယ်ပါတယ်။တစ်ခါတစ်လေ သူတို့က ကလေးငယ်လေးတွေကို စောင့်ရှောက်ပေးနိုင်ပါသေးတယ်။Cambridge တက္ကသိုလ်ရဲ့ လေ့လာချက်အရလည်း ကလေးငယ်လေးတွေက မိသားစုဝင်တွေထက်တောင် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုပိုပြီးချစ်ခင်တွယ်တာတတ်တယ်လို့တွေ့ရှိရပါတယ်။ဘေဘီလေးတွေနဲ့သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကြားက ရင်းနှီးမှုလေးတွေကိုဖော်ပြနေတဲ့ပုံလေးတွေကိုစာဖတ်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

40 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.