ရွေးချယ်လိုက်တဲ့ နေလုံးပုံစံကနေတစ်ဆင့်သိနိုင်မယ့် ဖုံးကွယ်နေတဲ့ သင့်ရဲ့ကိုယ်ရည် ကိုယ်သွေး

အမြဲတမ်း အပျော်သက်သက် ရေးတင်ပေးနေတဲ့ ရွေးချယ်မှုပုံစံလေးတွေပြန်စပါပြီ။ စိတ်ပညာအရ ဒီလိုစမ်းသပ်မှုတွေဟာ အနည်းငယ်တော့ ဆက်စပ်မှုရှိနေကြောင်းသိရပါတယ်။ ကဲ.. သင့်ရဲ့စမ်းသပ်မှုအတွက် အဆင်သင့်ဖြစ်ပြီလား? ကြိုက်နှစ်သက်ရာ နေပုံစံကိုရွေးချယ်ပြီး ကိုယ့်ရဲ့ ဖုံးကွယ်နေတဲ့ အရည်သွေးတွေကို ကြည့်လိုက်ရအောင် !

ရွေးချယ်ပြီးပြီလား… အဖြေကိုကြည့်ဖို့ အဆင်သင့်ဖြစ်ရင် အောက်ကိုဆက်သွားကြမယ်…

(၁)

သင့်ရဲ့စရိုက်ဟာ အပေါင်းလက္ခဏာဖြစ်ပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်ပဲ ကြိုးစားနေတယ်။ လွယ်လွယ်နဲ့ စိတ်မပျက်တတ်ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရအောင်ရပ်တည်တယ်။ လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် အခက်ခဲဆိုတာမျိုးကို ကောင်းကောင်းနားလည်နေပြီး ဒီလိုအခြေအနေမှာ သင့်ကိုချစ်နိုင်တဲ့လူ ၊ ပံ့ပိုးပေးနိုင်တဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ဆုံခွင့်ရပါလိမ့်
မယ်။ သင်ဟာ ဖော်ရွေသလို ပတ်ဝန်းကျင်ကလူတွေ သင့်ကြောင့် မထိခိုက်ရလေအောင် အမြဲတမ်းဂရုစိုက်တယ်။ အပေါင်းသင်းများပေမယ့် တကယ်တမ်း စိတ်နှစ်ပြီးပေါင်းရတဲ့ မိတ်ဆွေမျိုး အနည်းငယ်သာ ပိုင်ဆိုင်ထားပါတယ်။

(၂)

ဒီနေကိုရွေးချယ်တဲ့ လူအနေနဲ့ သင့်မှာ အရေးကြီးတဲ့အချက် (၂)ချက်ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ သင်တန်ဖိုးထားရတဲ့ လူရဲ့ဂုဏ်သိက္ခာကို သတိထားပါ။ အေးဆေးနေတတ်တဲ့လူမျိုးပါ။ အေးဆေးနေတတ်တယ်ဆိုပေမယ့် လူတွေနဲ့သိပ်အစေးမကပ်တာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ သီးသန့်နေတတ်တဲ့ သဘောရှိတယ်။ ရိုးရှင်းမှုက သင့်ရဲ့တန်းဖိုးပါပဲ။ ရိုးသားတယ်၊
ကြင်နာတတ်တယ်။ သူငယ်ချင်းတွေအခက်ခဲဖြစ်ရင် ကူညီပေးဖို့အသင့်ရှိနေတတ်တယ်။ ဒါကြောင့်ပဲ တစ်ချို့ အခွင့်ရေးလိုချင်တဲ့ လူတွေနဲ့တွေ့ရင် သင်ခံရတတ်ပါတယ်။ ကိုယ့်ရဲ့ ဆဌမအာရုံကို ယုံကြည်ပါ။ တစ်ခါကြုံပြီးရင် ကောင်းကောင်းသိလောက်ပြီမို့ နောက်တစ်ခေါက် ထပ်ကြုံလာခဲ့ရင် ကောင်းကောင်း ကျော်ဖြတ်နိုင်မယ်ထင်ပါတယ်။

(၃)


စမတ်ကျတယ် ၊ စူးစမ်းချင်စိတ်ပြင်းပြတယ် ။ စွန့်စားမှုလုပ်ငန်းစဉ်တွေဆို ထိပ်ဆုံးက ပါဝင်နေတတ်တယ်။ ဗဟုသုတလည်း ကြွယ်ပါတယ်။ အရမ်းရိုးသားပြီး ဖောက်ထွင်းမြင်နိုင်စွမ်းရှိတယ်။ ပွင်ပွင့်လင်းလင်းရှိပြီး ဝေဖန်တတ်တဲ့အကျင့်ကိုတော့ မနည်းပြင်နေရပါတယ်။ အခြားလူတွေကို ဦးဆောင်ဖို့ မွေးဖွားလာသူဖြစ်တာကြောင့် သင်ရဲ့ အရည်ချင်းနဲ့ အမြင်ပေါ်မှာ မှားသည်၊ မှန်သည်ကို လူတွေက မျှော်လင့်တကြီးရှိနေကြပါတယ်။

(၄)

ကြည့်လိုက်ရင် အမြဲအလုပ်လုပ်နေတာပါပဲ။ အားအင်တွေလျော့သွားတယ်ဆိုတာ မရှိဘူး။ ဘယ်လိုအလုပ်မဆို welcome ပဲ။ ပျင်းရိ၊ ငြီးငွေ့တဲ့ ပုံစံဘယ်တော့မှမပြ။ အလုပ်နဲ့သာဆို အမြဲတမ်း တက်ကြွနေတယ်။ မျက်နှာသစ်တွေနဲ့ တွေ့ဆုံပြီး စိန်ခေါ်မှုတွေ ၊ အခွင့်လမ်းအသစ်တွေကို အမြဲတမ်းရှာဖွေ မြည်းစမ်းချင်သူဖြစ်ပါတယ်။ အချစ်ရေးမှာတော့ ကံကောင်းတယ်လို့ပြောရပါမယ်။ ဘဝမှာ ရည်မှန်းချက်အတိကျနဲ့ နည်းစနစ်ကျကျ နေထိုင်တတ်သူမို့ အားကျသူတွေများပါတယ်။ စိတ်အာရုံတွေ မလွဲပါစေနဲ့။

(၅)

သူများပြဿနာတွေကို နားထောင်ပေးပြီး အကြံပေးရတာ ဝါဿနာပါသူဖြစ်ပါတယ်။ တကယ်အကူညီလိုနေသူကို ကူညီပေးလိုက်ရတာကို နှစ်သက်ပြီး သူတို့အဆင်ပြေသွားတာမြင်ရင် ပီတိစားပြီး အားရှိချင်နေသူတစ်ယောက် ။ ကိုယ်ကျိုးငဲ့သူ ဒီလိုလူမျိုးတွေက ရှားပါတယ်။ ဒီစိတ်ရင်းလေးကြောင့်ပဲ လူတွေက သင့်ကိုချစ်ခင်တယ်။ အခြားလူများအတွက်တော့ သင်က စိတ်ခွန်အားတွေဖြစ်စေတဲ့ ရောင်ခြည်တန်းလေးပါ။ ဥာဏ်ထက်မြက်ပေမယ့် သင့်ရဲ့ အတွေးမြင်တွေကို ဘယ်တော့မှ အခြားလူတွေဆီ မျှဝေလေ့မရှိဘူး။

(၆)

ဒါလေးကို ရွေးချယ်သူကတော့ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ပါတယ်။ ဘဝရဲ့ အသေးဖွဲ့ကိစ္စလေးတွေနဲ့ပတ်သတ်ပြီး ပျော်ပျော်နေတတ်အောင် ကြိုးစားတယ်။ သွားတဲ့လမ်းတစ်လျှောက် ပိတ်ဆို့လာတဲ့အရာတွေမှန်သမျှ သင်ယူတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမ်ငယ်စိတ်မဖြစ်ဘူး။ သူများ အောင်မြင်မှုအတွက် ချီးကျုးဖို့ မတွန့်ဆုတ်သလို လူအများဆီက ယုံကြည်မှုကို ခံယူထားသူဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.