ကိုယ်မကြိုက်ဘူးပြောတဲ့အရာတွေကိုမှထပ်ခါထပ်ခါပြောတတ်သူတွေကိုတုန့်ပြန်နည်း

လူတိုင်းဟာ ဘယ်လောက်ပဲပြည့်စုံပါတယ်ဆိုဆိုလိုအပ်ချက် ၊ အားနည်းချက်တော့ရှိကြစမြဲပါ။ ကိုယ့်မှာရှိတဲ့ကိုယ်မကြိုက်တဲ့ အားနည်းချက်တွေကိုမှတစ်ချို့လူတွေက စသလိုနောက်သလိုတွေနဲ့ပိုနင်းဖိပြီးပြောတတ်ကြပါတယ်။ ဆိုတော့ ကိုယ်မကြိုက်တဲ့အရာတွေကိုမှထပ်တလဲလဲပြောနေတတ်တဲ့အမြင်ကတ်စရာလူသားတွေကို ဘယ်လိုတုန့်ပြန်သင့်သလဲ…
(၁) ကိုယ်မကြိုက်ဘူးဆိုတာခဏခဏမရှင်းပြပါနဲ့
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာပဲရှေ့မှာတော့ ဟီးဟီး ဟီးဟီး နဲ့နောက်ကွယ်မှာ ကိုယ့်အတင်းပြော ကိုယ့်အားနည်းချက်ထိုင်နှိမ်နေကြတဲ့သူတွေတစ်ပြုံကြီးပါ။ အထူးသဖြင့်ကိုယ့်ရှေ့မှာပဲပေါ်တင်ကြီးစသလိုလိုနောက်သလိုလိုနဲ့ ကိုယ့်အားနည်းချက်ကို အရသာခံပြောတတ်ကြပါသေးတယ်။
ဆိုတော့ဒီလိုလူမျိုးတွေနဲ့တွေ့တဲ့အခါ သူတို့သိထားတဲ့ကိုယ်မကြိုက်တဲ့အကြောင်းအရာကို ခဏခဏ မကြိုက်ဘူးဆိုတဲ့ပုံစံမျိုးမပြပါနဲ့။လူတွေကမကြိုက်မှန်း သိရင်ပိုလုပ်ချင် ပိုကလိချင်ကြတာသဘာဝပဲ ။ ဒါကြောင့် ကိုယ်မကြိုက်ဘူးဆိုတာကို ခဏခဏရှင်းပြမနေပဲ အလိုက်သင့်နေလိုက်ပါ။
(၂) မသိချင်ယောင်ဆောင်လိုက်ပါ
သူ့ဘာသာတစ်ယောက်တည်းကိုယ့်အကြောင်းကို တစ်ကူးတကွထိုင်ဖွတဲ့ဖြစ်အောင်ဖန်တီးပါ။ သူဘာလောက်ပြောပြော ကိုယ်တိုင်ကဂရုမစိုက်စိတ်မတိုပြတဲ့ အခါ ပြောနေရတဲ့သူ့အဖို့အားမလိုအားမရနဲ့ရှက်စိတ်ဝင်လာပြီး နောက်ပိုင်း အပြောကျဲသွားပါလိမ့်မယ်။ သူ့ဘက်ကဘာပြောပြောကိုယ်ဟာရန်နဲ့မတုန့်ပြန်ပဲ မသိချင်ယောင်ဆောင်ထားတဲ့နည်းလမ်းဟာ ကိုယ့်အတွက်မြွေမသေတုတ်မကျိုးနည်းလမ်းတစ်ခုပါ။
(၃) သူ့အားနည်းချက်ကိုပြန်မှတ်ထားပါ
လူတိုင်းဟာ အားနည်းချက်ကိုယ်ဆီတော့ရှိကြမှာပါပဲ။ သူ့အားနည်းချက်ကို မှတ်ထားပြီးသူ့လို လူကြားသူကြားမကြိုက်အောင်ထိုင်ပြောနေဖို့မလိုပါဘူး။ပညာပါပါနဲ့သူကိုယ့်အားနည်းချက်တွေ ကိုယ်မကြိုက်မှန်းသိတဲ့အရာတွေကို ပြောလာတဲ့အခါ သူ့အားနည်းချက်နဲ့နည်းနည်းလောက်ပြန်ထောက်ကြည့်လိုက်ပါ။နောက်ဆို ကိုယ်မကြိုက်တာကို လာလှောင်ရဲတဲ့သတ္တိဆိုတာဝေးကြီးရောက်သွားပါပြီ။
(၄) ခပ်တည်တည်နေပါ
ရောတိုင်းလည်း မကောင်ဘူး ပေါတယ်ဆိုတာ အမှန်ပါ။ လူတိုင်းက ကောင်းတဲ့စိတ် မွန်မြတ်တဲ့စိတ် မုဒိတာပွားနိုင်တဲ့စိတ်ရှိကြတာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်မကြိုက်တဲ့အကြောင်းကိုယ့်စိတ်ထိခိုက်နာကျင်ရတဲ့အကြောင်းတွေကို ကိုယ့်ရှေ့မှာစတာပါ စတာပါ ဆိုပြီးလာလာ ပြောတတ်တဲ့သူတွေကို ခပ်တည်တည်ဆက်ဆံပါ။သူဘယ်လောက်စစ ကိုယ့်ဘက်ကအနေအေးတာကြောင့် တစ်ယောက်တည်းစနေရတဲ့ အရူးနဲ့တူသွားပြီး သူ့ဘာသာ ရှက်စိတ်ဝင်လာပါလိမ့်မယ်။
(၅) အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းလဲပါ
သူတို့သိထားတဲ့ကိုယ်မကြိုက်တဲ့အကြောင်းအရာတွေ ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်တွေအဖြစ်ပြောင်းလဲပစ်ပါ။ ကိုယ်မကြိုက်ဘူး ဆိုတဲ့ဟာ မျိုး မရှိတော့လောက်အောင်ထိ ပြောင်းလဲပစ်လိုက်ပါ။ နောက်တစ်ကြိမ်သူတို့ ပြောလာခနဲ့လာတဲ့အခါ ကိုယ်ဟာပြုံးပြုံးလေးနဲ့လက်မထောင်နိုင်ပြီးသူတို့ပါးစပ်အဟောင်းသားနဲ့ကြည့်နေနိုင်တဲ့သူဖြစ်လာပါစေ။
လူပေါင်းစုံစရိုက်ပေါင်းစုံနဲ့ကျင်လည်နေရတဲ့လူ့လောကကြီးမှာ ကိုယ့်ကိုစိတ်ထိခိုက်နာကျင်အောင်လုပ်ချင်တဲ့သူတွေအများကြီးပါ။ဒီလိုလူတွေရှေ့မှာ အပြုံးမပျက်ကြံ့ကြံ့ခိုင်နေထိုင်သွားနိုင်ကြပါစေလို့ဆုတောင်းရင်း…

749 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.