Kate Winslet သားလေးမွေးပြီ

xkate-winslet-in-red.jpg.pagespeed.ic_.eesjpdhvn1.jpg

 

Kate Winslet တစ်ယောက် သားရတနာတစ်ပါး ထပ်ထွန်းကားပြီလို့ သိရပါတယ်။ သူဟာ ကလေး သုံးယောက် မိခင်ဖြစ်ပါပြီ။ အော်စကာ ဆုအတွက် ကြိမ်ဖန်များစွာ လျာထားခြင်းခံရသူ Kate Winsletဟာ Sussex စီရင်စုမှာရှိတဲ့ NHS ဆေးရုံမှာ သားလေးကို မွေးဖွားခဲ့တယ်လို့ Kate Winsletရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသွားပါတယ်။

“ကလေးရော၊ မိခင်ပါ ကျန်းမာနေပါတယ်။”လို့  Kate Winslet ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Kate Winslet မှာ အရင်ခင်ပွန်းဟောင်းနဲ့ရတဲ့ ၁၃နှစ်အရွယ် Mia နဲ့ ၁၀နှစ်အရွယ် Joe ဆိုပြီး ကလေး၂ယောက်ရှိပါတယ်။ ခုမွေးဖွားလိုက်တဲ့ ကလေးဟာ ပြီးခဲ့တဲ့နှစ်ကမှ လက်ထပ်လိုက်တဲ့ ခင်ပွန်း Ned Rocknroll နဲ့ရတဲ့ ပထမဆုံးကလေးပါ။ ]

Kate Winslet ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Divergent မှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူဟာ မိခင်တစ်ယောက် ဖြစ်ရတာကို မြတ်နိုးပါတယ်လို့ ဆိုပါတယ်။

“ဖြစ်ရိုးဖြစ်စဉ် ကိုကြိုက်တယ်။ မနက်ဆို ထမယ်၊ နံနက်စာ စားမယ်၊ နေ့လည်စာထုပ်ပိုးမယ်၊ ကျောင်းလိုက်ပို့မယ်။  ဒီကိစ္စတွေက ကျွန်မအတွက်တော့ တကယ် အရေးပါတယ်။ ကျွန်မကလေးတွေက ကျွန်မရဲ့ ကမ္ဘာပါပဲ။”  လို့ Kate Winslet ကပြောသွားပါတယ်။

Ref:thehollywoodgossip

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.