ဒါရိုက်တာ Na Young Seok ရဲ့ Reality Show အစီအစဉ်သစ်မှာ တွဲဖက်မြင်တွေ့ရမယ့် Park Shin Hye နဲ့ So Ji Sub

မကြာသေးခင်ကမှ ဒိတ်သတင်းထွက်ခဲ့တဲ့မင်းသမီးချော Park Shin Hye ဟာ မင်းသား So Ji Sub နဲ့တွဲဖက်ရိုက်ကူးရမယ့် အစီအစဉ်အသစ်တစ်ခုမှာပါဝင်သရုပ်ဆောင်မယ်လို့အတည်ပြုသတင်းထွက်ရှိလာခဲ့ပါတယ်။

Little House in the Woods လို့ခေါ်တဲ့ Reality Show ကို ဒါရိုက်တာ Na Young Seok ရိုက်ကူးမှာဖြစ်ပြီး Na Young Seok ဟာ1Night 2 Days ၊ Grandpas Over Flowers နဲ့Three Meals a Day ဆိုတဲ့ စတဲ့ Reality Show တွေရိုက်ကူးအောင်မြင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုအစီအစဉ်အသစ်ဖြစ်တဲ့ Little House in the Woods မှာတော့ Park Shin Hye နဲ့ So Ji Sub တို့ဟာ တောအုပ်အလယ်က လူသူအရောက်အပေါက်နည်းတဲ့အိမ်လေးမှာနေထိုင်သူတွေအဖြစ်ရိုက်ကူးရမှာဖြစ်ပြီး သူတို့နေတဲ့အိမ်လေးကတော့ လျှပ်စစ်မီးလည်းမရှိတဲ့အပြင် အသက်ရှင်သန်ဖို့အတွက်အစားအစာကို မနည်းရုန်းကန်ရှာဖွေစုဆောင်းရသူတွေအဖြစ်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

Park Shin Hye နဲ့ So Ji Sub တို့နှစ်ယောက်ဟာ ဒီရှိုးရဲ့ ပထမအပိုင်းကို ဂျယ်ဂျူကျွန်းမှာသွားရောက်ရိုက်ကူးနေပြီဆိုတာကို Park Shin Hye နဲ့ So Ji Subတို့ရဲ့ အေဂျင်စီအသီးသီးကလည်း အတည်ပြုပြောကြားခဲ့ပါတယ်။So Ji Sub ကို Varity Show ဖြစ်တဲ့ Infinity Challenge မှာ ၂၀၁၁၊စက်တင်ဘာတုန်းကနောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပြီး Park Shin Hye ကိုတော့ Three Meals a Day အစီအစဉ်မှာ ၂၀၁၅၊မတ်လတုန်းက နောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အခုမှ ပြန်ပြီး Reality Show မှာ ပါဝင်ဖို့လက်ခံခဲ့ကြတာဖြစ်တယ်လို့ပြည်ပမီဒီယာကနေဖော်ပြခဲ့ပါတယ်။

Little House in the Woods အစီအစဉ်သစ်ကိုတော့ ဧပြီလမှာထုတ်လွှင့်ပြသနိုင်ဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။

162 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.