စွဲလမ်းစိတ်နဲ့ချစ်တဲ့စိတ်ဆိုတာ

လူတော်တော်များများဟာ စွဲလမ်းစိတ်နဲ့ချစ်ခြင်းမေတ္တာကိုရောထွေးတတ်ကြတယ်။ သိပ်ပြီးမခွဲခြားတတ်တာကြောင့်လည်းဖြစ်နိုင်သလို စွဲလမ်းနေတာနဲ့ချစ်ပြီလို့သတ်မှတ်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဆိုတော့လူတစ်ယောက်ပေါ်ကိုယ့်ရဲ့စိတ်ဟာ စွဲလမ်းတာလား ချစ်မြတ်နိုးတာလား ဆိုတာကွဲပြားစွာသိရှိဖို့အတွက် ကွဲပြားချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်…
(၁) လွတ်လပ်တယ်
တစ်စုံတစ်ယောက်ပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ အရာအားလုံးကိုလိုက်လံပိတ်ပင်တားဆီးနေတာမျိုးမဟုတ်ပဲ မကောင်းတာကို မကောင်းဘူးလို့လမ်းညွှန်ပေးတတ်ပြီးအနားကနေလိုက်လံကာကွယ်စောင့်ရှောက်ပေးတတ်ကြတယ်။ သူနဲ့ပဲချစ်သူတွေဖြစ်နေလို့သူ့ကိုယ်ပဲလက်ထပ်ရမယ် တစ်ခြားသူနဲ့ယူသွားလို့ကတော့ သတ်ပြစ်မယ်ဆိုတာမျိုးဟာ မပိုင်ဆိုင်ရမှာကြောက်တဲ့စွဲလမ်းစိတ်ပါ။ ချစ်လို့အတိုင်းတာတစ်ခုထိ သတိပေးတားမြစ်တာမျိုးတွေရှိနိင်ပင်မဲ့ လုံးဝကြီးတစ်ဖက်သတ်တားဆီးတာမျိုး ကိုတကယ်ချစ်တဲ့သူတွေကမလုပ်တတ်ကြပါဘူး။
(၂) လိုချင်တပ်မက်မှုမရှိ
တကယ်ချစ်တဲ့စိတ်နဲ့ချစ်တဲ့သူဟာ အပေးဘယ်လောက်ပဲပေးရပေးရ ယူဖို့မေ့နေတတ်ကြသူပါ။ ဘယ်လောက်ပေးဆပ်ပြီးချစ်ထားလို့ဘာတွေလုပ်ပေးထားလို့ ဘယ်လိုမျိုးပြန်လိုချင်တယ်ဆိုပြီး ပါးစပ်ကနေတစ်တွက်တွက်ပြောမနေတတ်ကြပါဘူး။ ကိုယ်တတ်နိုင်သလောက်ပေးဆပ်ပြီးချစ်နိုင်တာလေးကိုပဲဂုဏ်ယူပျော်ရွှင်နေတတ်ကြတာပါ။ အကျိုးလိုတဲ့စိတ်နဲ့ချစ်ခဲ့တာဟုတ်တာကြောင့် ကောင်းမွန်တဲ့တုန့်ပြန်မှုတွေကိုသာ ပြန်လည်ရကြစမြဲပါ။
(၃) အတ္တမာနမရှိဘူး
တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်မြတ်နိုးကြတဲ့သူတွေဟာ တစ်ယောက်ပေါ်တစ်ယောက် အမုန်းတရားတွေ ဒေါသတွေ မာနတွေမထားတတ်ကြပါဘူး။ ကိုယ်ချစ်ရတဲ့သူကကိုယ့်အပေါ်ပြောင်းလဲသွားရင်တောင် ရန်မမူပဲ ငြိမ်းချမ်းရေးယူပြီးအေးအေးဆေးဆေးပြီးသွားတတ်ကြပါတယ်။
(၄) မရှိ၊ရှိရှိ နေနိင်တယ်
ချစ်ခြင်းမေတ္တာအပြည့်အ၀နဲ့ချစ်တဲ့သူတွေဟာ လူချင်းတွေ့နေရမှတစ်ယောက်ကို တစ်ယောက်ချစ်ပြနေကြတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်တစ်နယ်စီခြားနေရင်တောင် စိတ်ထဲမှာ အမြဲတန်ဖိုးထားသတိရနေတတ်ကြတာပါ။ လူချင်းတွေ့မှသဲသဲလှုပ်ပြတာထက်အနေဝေးနေရင်တောင် ရင်ထဲမှာ အစဉ်ရှိပြီး တွေးပေးနေတတ်တာ အေးချမ်းတဲ့ချစ်မေတ္တာပါ။
(၅) မေတ္တာတရားကိုအရင်းခံတယ်
ချစ်ခြင်းတရားဆိုတာ မေတ္တာတရားကို အရင်းခံပါတယ်။ မေတ္တာအရင်းခံတဲ့ချစ်ခြင်းတရား ဟာ ကိုယ်ချစ်ရတဲ့သူတွေဘယ်လိုအခြေနေရောက်ရောက်လက်ခံပေးနိုင်ပြီး အေးမြစေတာမလို့
နှစ်ဦးနှစ်ဖက်စိတ်ကြည်နူးစေပါတယ်။
စွဲလမ်းစိတ်ဆိုတာ အပေါ်ကပြောထားတဲ့ချစ်ခြင်းမေတ္တာတရားတွေလောက် ပေးတဲ့သူရောခံယူရတဲ့သူအတွက်ပါမအေးမြလှပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ပေါ်ချစ်မိတဲ့အခါ မစွဲလမ်းရဘူးလို့မဆိုလိုပါဘူး၊ဒါပင်မဲ့စွဲလမ်းစိတ်ထက် မေတ္တာစိတ်အပြည့်နဲ့ချစ်ပေးရင် ပိုပြီးကောင်းမွန်တဲ့တုန့်ပြန်မှုကိုပြန်လည်ခံစားနိုင်မှာအသေချာပါပဲ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.