‘American Idol’ပြိုင်ပွဲဝင်ကောင်လေးကိုနမ်းခဲ့တဲ့ Katy Perry ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေ ပြင်းပြင်းထန်ထန်ဝေဖန်နေ

တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ‘American Idol’ အမှတ်စဉ် ၁၆ရဲ့ လူရွေးပွဲမှာ ပွဲဆူစေခဲ့တဲ့ Katy Perry ရဲ့သတင်းကတော့ အခုထိမရပ်သေးပါဘူး။လူရွေးပွဲမှာလာပြိုင်တဲ့ ပြိုင်ပွဲဝင်ကောင်လေးကိုနမ်းခဲ့တာနဲ့ပတ်သက်ပြီး ကြည့်ရှုသူပရိသတ်တွေရဲ့ ဝေဖန်သံတွေ အတောမသတ်နိုင်အောင်ထွက်ပေါ်လာခဲ့ပါတယ်။


နာမည်ကျော်အဆိုတော်ဖြစ်တဲ့ Katy Perry က အသက် ၁၉နှစ်အရွယ် ပြိုင်ပွဲဝင် Benjamin Glaze ဆိုတဲ့ကောင်လေးကို နမ်းခဲ့တာပဲဖြစ်ပါတယ်။ကောင်လေးက တစ်ခါမှလည်းရည်းစားမထားဖူးတဲ့အပြင် first kiss လည်းမရှိခဲ့ဖူးဆိုတဲ့စကားကြောင့် Perry က အခုလိုမထင်မှတ်ထားတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပါ။

Perry ရဲ့ မထင်မှတ်ထားတဲ့အနမ်းကြောင့် ပြိုင်ပွဲဝင်ကောင်လေးက ထိတ်လန့်အံ့သြရှော့ခ်ရသွားတာကိုလည်း ဗီဒီယိုထဲမှာမြင်တွေ့လိုက်ရပါတယ်။Katy Perry ဆိုတာကလည်းနာမည်ကျော်တစ်ယောက်ဖြစ်တဲ့အတွက် ဗီဒီယိုကိုကြည့်ရှုခဲ့တဲ့ပရိသတ်တွေရဲ့ စကားသံတွေကလည်းမရပ်တန့်နိုင်သေးပါဘူး။ပရိသတ်အများစုက “Katy Perry ရဲ့ ဆယ်ကျော်သက်ကောင်လေးအပေါ်နမ်းခဲ့ကျီစယ်ခဲ့တဲ့လုပ်ရပ်ကို တခြားဒိုင်အမျိုးသားနှစ်ယောက်ဖြစ်တဲ့ Lionel Richie နဲ့ Luke Bryan တို့က ပြိုင်ပွဲဝင် မိန်းကလေးအပေါ်လုပ်ခဲ့မယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခုအဖြစ် ချက်ချင်းဝေဖန်စွပ်စွဲခံရမှာအမှန်ပဲ”လို့ ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် တစ်ချို့သော ပရိသတ်တွေက “Katy Perry က အမျိုးသားပြိုင်ပွဲဝင်တစ်ယောက်ကို သူမရဲ့ပါးကိုနမ်းခိုင်းပြီးနောက်တစ်ကြိမ်မှာ ကောင်လေးကိုအနမ်းပေးခဲ့တယ်!ဒါက လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခုပဲ”လို့ ပြင်းပြင်းထန်ထန်ရေးသားခဲ့ပါတယ်။နောက်တစ်ယောက်ကလည်း “တခြားနာမည်ကျော်အဆိုတော်အမျိုးသားတစ်ယောက်ကသာ ၁၉နှစ်အရွယ်ပြိုင်ပွဲဝင်မိန်းကလေးကို အခုလိုနမ်းခဲ့မယ်ဆိုရင် ပြန်ပြီးတောင်းပန်ရမှာဖြစ်သလို အခန့်မသင့်ရင်အလုပ်ပါပြုတ်နိုင်ပြီး
ဆိုရှယ်မီဒီယာမှာလည်းအမှိုက်လိုဆက်ဆံခံရမှာပါ”လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း “katy Perry က ထိုဆယ်ကျော်သက်ကောင်လေးရဲ့ ပထမဆုံးအနမ်းကိုခိုးယူခဲ့တာပဲ။သူမ ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုများလုပ်နိုင်ရတာလဲ?ထိုကောင်လေးက သူချစ်နေတဲ့မိန်းကလေးကိုစောင့်နေတာဆိုရင် အဆင်ပြေပါဦးမလား။ဒိုင်အမျိုးသားတွေဖြစ်တဲ့ Luke နဲ့ Lionel ကရော ၁၉နှစ်အရွယ်မိန်းကလေးကို အခုလိုပဲနမ်းလား?”ဆိုပြီး ဒေါသတကြီးရေးသားခဲ့ပါတယ်။

ပရိသတ်တစ်ယောက်ကလည်း “Katy Perry က ပြိုင်ပွဲဝင်ကောင်လေးရဲ့ စိတ်ဆန္ဒမပါပဲ အခုလိုလုပ်ရပ်ကိုလုပ်ခဲ့တာဟာ ငယ်ရွယ်တဲ့ပရိသတ်တွေအတွက်တော့ဒါက ချစ်စရာ၊သဘောကျစရာဖြစ်နိုင်ပါတယ်။ပြီးတော့သဘောတူတယ်လို့တောင်ပြောစရာမလိုဘူးလို့ထင်ပါလိမ့်မယ်။တကယ်လို့သာ Katy Perry နေရာမှာဒိုင်အမျိုးသားတစ်ယောက်သာဆိုရင် သွားပြီ! Katy ကို တကယ်စိတ်ပျက်မိတယ်”လို့ရေးသားခဲ့ပါတယ်။တစ်ချို့ပရိသတ်တွေကလည်း Perry ကို “လူတိုင်းနဲ့ကလူကျီစယ်နေတာ ရပ်လိုက်ပါတော့”လို့ ဝေဖန်ထားတာမြင်တွေ့ရပါတယ်။

Katy Perry ကတော့ သူမလုပ်ရပ်နဲ့ပတ်သက်ပြီးတော့ မှားယွင်းနေတယ်လို့မထင်ပဲ တွစ်စ်တာမှာတောင်အဲ့ဒီအကြောင်းကိုတင်ခဲ့ပါသေးတယ်။

 

 

825 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.