ခရစ်စမတ်မှာ ခရီးသွားဖြစ်မယ်လို့ ဆိုတဲ့ ၀တ်မှုန်ရွှေရည်

1017279_10151487482206914_1342354780_n.jpg

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ နှင်းဆီဆိုတဲ့ ဇာတ်ကားနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသလို သူမရဲ့ စူးရှပြင်းပြတဲ့ အိုက်တင်တွေကြောင့် သရုပ်ဆောင်နိုင်လွန်းသူလို့တောင် တင်စားခံနေရတဲ့ ၀တ်မှုန်ရွှေရည်နဲ့ ပြောဖြစ်သမျှ အကြောင်းအရာတွေကတော့ ‘၂၀၁၄ မှာ ကြားနေရတဲ့ မင်္ဂလာသတင်းတွေကြားနေရတယ်ဆိုတော့ ဒါမင်္ဂလာသတင်းပဲပေါ့နော်။ မင်္ဂလာသတင်းတွေကလဲ ချစ်တဲ့သူတွေနဲ့ပေါင်းရတဲ့အတွက် ၊ ဘ၀တစ်ခုတည်ဆောက်ကြမှာဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ ကစ်ရဲ့ မင်္ဂလာသတင်းကတော့ အဝေးကြီးပါပဲ။ ဘယ်နားနေလို့နေမှန်းတောင် မသိဘူး။ မင်္ဂလာသတင်းက ကစ်နဲ့တော့ အဝေးကြီးပါ။ စောပါသေးတယ်။ ပရိသတ်အတွက် အချိန်ပေးလိုက်ပါဦးမယ်’လို့ သူမကပြောပါတယ်။

ခရစ်စမတ်မှာ သူမ ဘယ်မှာရှိမယ်၊ ဘာတွေလုပ်ဖြစ်မယ်ဆိုတာကိုလည်း ‘ခရစ်စမတ်ကတော့ ခရီးသွားဖြစ်မယ် ထင်ပါတယ်။ အမှတ်တရတွေကတော့ နှစ်တိုင်းအမှတ်တရတွေကြီးပါပဲ။ ပျော်ပါတယ်။ တစ်နှစ်တစ်နှစ်ကို အမြဲတမ်း Happy New Year မှာတော့ အပျော်ဆုံးပဲဖြတ်သန်းဖြစ်ပါတယ်။ အပျော်ဆုံးလဲ စိတ်ထားခဲ့တယ်။ Happy New Year လို့အော်တဲ့အချိန်မှ စိတ်မညစ်ချင်ဘူး ။ ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းချင်ပါတယ်။ ကစ်ရဲ့ ပရိသတ်တွေကိုလဲ ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းစေချင်ပါတယ်’တဲ့။

နှစ်တစ်နှစ်ကုန်ဆုံးတော့မှာမို့ 2013ခုနှစ်အတွက် ဘာတွေဘယ်လို သုံးသပ်ဖြစ်ပြီး နောက်နှစ်အတွက် ဘယ်လိုပြင်ဆင်မယ်ဆိုတောကိုတော့ ‘ကိုယ့်ကိုကိုယ် အမြဲသုံးသပ်မိပါတယ်။ တစ်နှစ်တာလုံးမှာ လဲပြန်သုံးသပ်မိပါတယ်။၂၀၁၄ မှာလည်း လှုပ်ရှားရမဲ့ အနုပညာလှုပ်ရှားမှုတွေပဲရှိပါတယ်။’လို့ ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.