ဖက်ရှင်ဒီဇိုင်နာတွေကြား ထင်ပေါ်ကျော်ကြားတဲ့ နာမည်ကြီး မော်ဒယ်များ

ကမ္ဘာ့ဖက်ရှင်လောကကြီးဟာ မျက်နှာသစ်မော်ဒယ်လေးတွေနဲ့ အချိန်အမျှမကြာခဏပြောင်းလဲမှုတွေရှိနေပါတယ်။ ထိုမျက်နှာသစ်မော်ဒယ်လေးတွေထဲမှ လူထောင်ပေါင်းများစွာရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ မော်ဒယ်များ ၊ မဂ္ဂဇင်း ကာဗာတွေမှာလည်း ခဏခဏ ဖော်ပြခြင်းခံရတဲ့ စူပါမော်ဒယ်တွေဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲ..ကြည့်လိုက်ရအောင်

Kris Grikaite


အသက် ၁၇နှစ်သာရှိသေးတဲ့ Kris Grikaite ဟာ Omsk မှာ မွေးဖွားပြီး အဲ့ဒီမှာပဲကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ကံကောင်းသူလေးလို့ပြောရမလားပဲ။ သူမအရွယ်နဲ့ ဖက်ရှင်လောကကို ရောက်လာတဲ့အချိန်ဟာ ကိုက်ညီပါတယ်။ အချိန်မှန် ၊ နေရာမှန်ရောက်လာတာပါ။ အီတလီ ဖက်ရှင်house မှ သူမကိုသတိထားမိပြီး အရမ်းသဘောကျသွားခဲ့တယ်။ ၃နှစ်လောက်စာချူပ်ချုပ်ခဲ့ပါတယ်။ ဒီလောက် စာချုပ်သက်တမ်းဟာ ဖက်ရှင်လောကမှာ တော်တော်ရှားလို့ပါ။ Vogue မဂ္ဂဇင်းမှာ သူမကိုခဏခဏတွေ့ရပါလိမ့်မယ်။

Adwoa Aboah


ဂတုံးပုံစံနဲ့ မော်ဒယ်က အလွန်ရှားပါတယ်။ ပုံမှန်မဟုတ်တဲ့ ဒီကောင်မလေးရဲ့သွင်ပြင်က ဖက်ရှင်ဒီဇိုင်နာတွေကို အာရုံစိုက်မိစေတယ်။ Hadid ညီမတွေနဲ့ Cindy Crawford တွေရဲ့  သမီးတွေထက် သူမရဲ့ ကြေးကပိုများပါတယ်။ ပုံတိုင်းလိုလိုမှာ ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံမျိုးကိုမြင်တွေ့ရမှာဖြစ်ပြီး
ထိုပုံတွေကပဲ သူမကိုနာမည်ရအောင် ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Diana Silvers


ပုံလေးမြင်တာနဲ့ သူမရဲ့ဆွဲဆောင်မှုအားကောင်းတဲ့ မျက်လုံးက ထင်းနေတာပါပဲ။သူမရဲ့ သဘာဝအလှက ဆုတောင်းကောင်းခဲ့သလားအောက်မေ့ရတယ်။ မော်ဒယ်အလုပ်ကို စိတ်ဝင်စားသူပီပီ ဓာတ်ပုံရိုက်ရတာကို အလွန်ဝါဿနာပါတယ်။

Vittoria Ceretti


အီတလီလူမျိုးဖြစ်ပြီး အသက် ၁၄နှစ်အရွယ်တည်းက မော်ဒယ်လောကထဲ ခြေချခဲ့တာဖြစ်ပါတယ်။ အခု အသက် ၁၈နှစ်သာရှိသေးပေမယ့် သူမရဲ့အလှက တကယ့်ကိုဈာဝင်စားနေတဲ့ နတ်သမီးတစ်ယောက်လိုပါပဲ။

Imaan Hammam


အီဂျစ်လူမျိုးနဲ့ Moroccan လူမျိုးရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ သူမလို သဘာဝတိုင်းလှပြီး ဆွဲဆောင်မှုရှိတဲ့ လူမျိုးကတွေ့ရခဲတယ်တဲ့။ ဖက်ရှင်ဓာတ်ပုံတွေများစွာကိုရိုက်ကူးပေးခဲ့ရုံမကပဲ Victoria’s Secret ရဲ့ မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။

105 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.