မတ်လ (၁၃)ရက်နေ့တွင် Gigi နဲ့Zyan Malik တိြု့ပတ်စဲသွားပြီဖြစ်ကြောင်း တွစ်တာမှာ တရားဝင်ကြေငြာခဲ့ပါတယ်။ ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာသတင်းဆိုပေမယ့် သူတို့နှစ်ယောက်ကတော့ အမုန်းတွေနဲ့လမ်းခွဲခဲ့တာမဟုတ်လို့ သူငယ်ချင်းလိုဆက်ရှိနေဦးမယ်လို့ သိရပါတယ်။
ပရိတ်သတ်တွေကတော့ ပေါင်းဆုံစေချင်ပေမယ့် ကာယံကာရှင်တွေကိုယ်တိုင်ကပြတ်စဲပြီဆိုတော့ ဘာမှလုပ်လို့မရဘူးပေါ့။
တစ်ချို့ ပရိသတ်တွေကလည်း Zyan Malik ထိုးထားတဲ့ တက်တူးကြောင့် နှစ်ယောက်ပြတ်စဲကြရတာလို့ ဝေဖန်ကြတယ်။အဲ့ဒါနဲ့ Zyan ရဲ့အရင်ရည်းစားဟောင်းဖြစ်တဲ့ Little Mix အဖွဲ့ဝင် Perri Edwards နဲ့ဆက်ဆံရေးကိုပြန်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်ကို အများ အားကျခဲ့ရပါတယ်။ ၂ဝ၁၃မှာ Perri အတွက် တက်တူးကို သူ့ရဲ့ လက်မောင်းမှာထိုးထားခဲ့တယ်။ ၂ဝ၁၅မှာတော့
နာမည်တောင်မသိတဲ့ ကောင်မလေးတစ်ယောက်နဲ့ Zyan တစ်ယောက်ဖောက်ပြန်နေတယ်ဆိုပြီး အသံထွက်လာတယ်။ ကောလဟာလတွေထွက်ပြီး တစ်ချိန်တည်းမှာပဲ သူတို့လမ်းခွဲလိုက်ကြပါတယ်။ လမ်းခွဲလိုက်ပေမယ့် Perri နဲ့ပတ်သတ်ပြီး သူမကောင်းကြောင်းတွေဘာမှမပြောခဲ့ပါဘူး။
အခု Gigi နဲ့ ဒီလိုပါပဲ။ ပရိတ်သတ်တွေအားကျအောင် အမျိုးမျိုးချစ်ပြပြီးကာမှ ဒီလိုလမ်းခွဲသွားတော့ ဆုံးဖြတ်ချက်တွေမမှားစေဖို့ သတိပေးကြတယ်။ Gigi ရဲ့ မျက်လုံးပုံစံကို သူ့ရင်ဘတ်မှာ ထိုးထားကြောင်းသိရပါတယ်။ အားလုံးကတော့ ကောင်မလေးတွေနဲ့ပတ်သတ်တဲ့ တက်ထူးထိုးတိုင်း Zyan
ရည်းစားနဲ့ပြတ်တာပဲလားလို့ ဇဝေဇဝါ အထူးဆန်းဝေဖန်မှုတွေ တက်လာပါတယ်။