အမြင်တစ်မျိုးကိုပြောင်းလဲစေမယ့် မိန်းကလေးများကြည့်သင့်သော TV Series များ

ပြီးခဲ့တဲ့ ၂ဝ၁၇မှာ မိန်းကလေးသရုပ်ဆောင်များ ရုပ်ရှင်တွေထဲ ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားခြင်းဟာ ၂၄ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ သိရပါတယ်။ ဒါဟာ ရိုးရိုးနှိုင်းယှဉ်ပြခြင်းပါ။ ၂ဝဝ၉ခုနှစ်တုန်းက ၁၅ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ မကြာသေးခင်က အမျိုးသမီးတွေရဲ့ဇာတ်ရုပ်နဲ့ပတ်သတ်ပြီး ထွက်လာတဲ့စိတ်ဝင်စားစရာ ပရောဂျက်တွေမြောက်များစွာ ထွက်လာပါတယ်။
တစ်ချို့ က အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းလမ်းစဉ်ကို လိုက်ကြတယ်။ တစ်ချို့ ကလည်း မထင်မှတ်ထားတဲ့ talent တွေကို တွေ့ရှိသွားခဲ့တယ်။ ဒါပေမယ့် အားလုံးဟာ အမျိုးသမီးတွေရှုထောင့်ကကြည့်ရင် သတ္တိရှိမှု ၊ ယုံကြည်မှုနဲ့ ထောက်ပံ့မှုတွေမလိုအပ်ပဲ မယူ၊ ကိုယ့်ဘာသာ တတ်နိုင်သလောက် ရပ်တည်တာမျိုးတွေ့ရတယ်။ အမျိုးသမီးများ စိတ်ဓာတ်ခွန်အား မြှင့်တင်စေနိုင်ဖို့နဲ့ ၊ တွေးစရာလေးတွေရလာစေဖို့အတွက် ကြည့်သင့်တဲ့ TV Series တွေမျှဝေပေးလိုက်ပါတယ်။

Gypsy, 2017


Naomi Watts, Sophie Cookson, Billy Crudup, Karl Glusman တို့ပါဝင်
သရုပ်ဆောင်ထားပါတယ်။
နယူးယော့မှ ကုထုံးဆရာဝန် Jean Holloway က သူမရဲ့ လူနာတွေ ဝေဒနာသက်သာဖို့ ကုသပေးရမယ်ဆိုရင် ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့လူမျိုးပါ။ တကယ်တော့ သူမရဲ့နည်းလမ်းက လူနာရဲ့ နေထိုင်မှုဘဝတွေကိုပါ စွတ်ဖက် ၊နောက်ယောင်ခံလိုက်ပြီး ကြမ်းတမ်းတဲ့ ဆေးပညာနဲ့ ကုသပေးနည်းမျိုးပါ။ Jean ကိုယ်တိုင်မှာလည်း ပြဿနာတွေရှိလာပြီး ဖြေရှင်းနည်းကိုလိုက်ရှာတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။

Girlboss, 2017


သရုပ်ဆောင်တွေကတော့ Britt Robertson, Ellie Reed, Johnny Simmons,Alphonso McAuley တို့ပါ။ ဒီစီးရီးက နာမည်ကြီး ဝတ္တု Girlboss ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖက်ရှင် Brand Nasty Gal ဖောင်ဒါSophia Amoruso ရဲ့အောင်မြင်မှုဘဝဇာတ်ကြောင်းကိုပြောပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၁၂နှစ်လအတွင်း သူမစီးပွားရေးကို ဘယ်လိုခန့်ခွဲ စီမံတယ်၊ တစ်နှစ်အတွင်း ဒေါ်လာ ၁ဝဝ မီလီလျံရအောင် သူမဘယ်လို ကြိုးစားခဲ့တယ်ဆိုတအခြားမိန်းကလေးများ စိတ်အားကျ ၊ ကြိုးစားချင်စိတ်ပွားများစေမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။

The Bold Type, 2017-present


Katie Stevens, Aisha Dee, Meghann Fahy, Matt Ward တို့ပါဝင်သရုပ်
ဆောင်ထားပါတယ်။ ဖက်ရှင် မဂ္ဂဇင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းသုံးယောက်အကြောင်း
ဇာတ်မြူးဟာသလေး ရိုက်ကူးထားတာဖြစ်ပါတယ်။ မိန်းကလေးသုံးယောက်လုံးရဲ့ဘဝက စိတ်ဝင်စားစရာကောင်းပြီး သူတို့ချစ်မိကြတယ် ၊ ကိုယ့်ကိုယ့်ကိုယ် ဘာဖြစ်ချင်လဲ လေ့လာသုံးသပ်ကြတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါ။

The New Girl, 2011-present


သရုပ်ဆောင်များ – Zooey Deschanel, Jake Johnson, Max Greenfield, Lamorne Morris
Jessica က မူလတန်းဆရာမဖြစ်ပါတယ်။ သဘောထားပြည့်ဝတဲ့ ဆရာမလေးပေါ့။ ဒါပေမယ့် သူမရဲ့ဘဝမှ ကံဆိုးမှုတွေနဲ့ပဲကြုံနေရတယ်။ ရည်းစားနဲ့ပြတ်သွားတယ် ၊ ယောက်ျားလေးသုံးယောက်နေတဲ့ တိုက်ခန်းသစ်ကိုပြောင်းရွေ့နေရတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ရယ်စရာဟာလေးတွေကိုပေါင်းစပ်ပြီး သူငယ်ချင်းသံယောဇဉ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။

She’s Gotta Have It


သရုပ်ဆောင် – DeWanda Wise, Anthony Ramos, Lyriq Bent, Cleo Anthony
ပန်းချီပညာရှင် Nola ဆိုတဲ့ အမျီုးသမီးမှာ ရည်းစားသုံးယောက်ရှိတယ်။ တစ်ယောက်က မော်ဒယ်၊ တစ်ယောက်က ယဉ်ကျေးသိမ်မွေ့ပြီး စကားပြောကောင်းတယ်။ နောက်တစ်ယောက်က ရင့်ကျက်တည်ငြိမ်မှုရှိတယ်။ ဒီသုံးယောက်ထဲက တစ်ယောက်ကို သူမဘယ်လိုရွေးချယ်မလဲဆိုတာ စိတ်ဝင်
စားစရာပါပဲ။ Netflix series မှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင် !

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.