၁၃နှစ်ကြာထုတ်လွှင့်ပြသခဲ့တဲ့ Infinite Challenge အစီအစဉ် ဖျက်သိမ်းတော့မယ်

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်တဲ့ Infinite Challenge အစီအစဉ်ကို မတ်လကုန်ရင် ဖျက်သိမ်းတော့မယ်လို့ တရားဝင်အတည်ပြုသတင်းထွက်ရှိလာခဲ့ပါတယ်။

ပရိသတ်တွေအတွက်စိတ်ပျော်ရွှင်စေတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး ၁၃နှစ်ကြာအောင်ရပ်တည်လာခဲ့တဲ့ပရိုဂရမ်တစ်ခုဟာမတ်လ ၃၁ရက်နေ့ကစပြီး ဆက်လက်ရိုက်ကူးတော့မှာမဟုတ်ပါဘူး။နောက်ဆုံးရိုက်ကူးထားတဲ့အပိုင်းကိုသာ ဧပြီလမှာထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။MBC ရုပ်သံဌာနက ပရိုဂျူဆာတွေ၊အဖွဲ့ဝင်တွေ၊အဖွဲ့သားတွေအားလုံးစုစည်းတိုင်ပင်ပြီး ဒီရှိုးကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။လက်ရှိမှာတော့ ဆက်လက်ရိုက်ကူးနေပြီးမတ်လ ၃၁ရက်နေ့မှသာပြီးဆုံးမှာဖြစ်ပါတယ်။

Infinite Challenge ရဲ့ ပရိုဂျူဆာနဲ့ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ Kim Tae Ho အလုပ်မှနုတ်ထွက်သွားပြီးတဲ့နောက် MBC က အဖွဲ့ဝင်တွေနဲ့ကျန်တဲ့ထုတ်လုပ်သူတွေပေါင်းပြီး
Infinite Challenge ဒုတိယပိုင်းကိုရိုက်ကူးဖို့စီစဉ်ခဲ့ပေမဲ့ အခုတော့ ဖျက်သိမ်းလိုက်ရပါပြီ။Infinite Challenge ဖျက်သိမ်းပြီး အသစ်အစားထိုးမယ့်ပရိုဂရမ်ကို ပရိုဂျူဆာ Choi Haen Ho က စီစဉ်ရိုက်ကူးမှာဖြစ်ပြီး Infinite Challenge အဖွဲ့ဝင်တွေတစ်ယောက်မှ ပြန်လည်ပါဝင်မှာမဟုတ်ဘူးလို့သိရပါတယ်။

Infinite Challenge အစီအစဉ်မှာ Running Man အဖွဲ့ဝင်တွေဖြစ်တဲ့ Yoo Jae Suk နဲ့ Haha လည်းပါဝင်တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။၂၀၀၅ခုနှစ်၊ဧပြီ ၂၃က စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ၁၃နှစ်ကြာတဲ့ဒီအစီအစဉ်ကြီးဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်းကြောင့်ပရိသတ်တွေက ၀မ်းနည်းကြေကွဲနေကြတယ်လို့သိရပါတယ်။

ဒါပေမဲ့ “Infinite Challenge ကိုလုံးဝဖျက်သိမ်းလိုက်တာမျိုးမဟုတ်ပဲ ခဏတာအနားယူလိုက်တဲ့သဘောပါ၊ပရိုဂျူဆာ Kim Tae Ho ခေါင်းဆောင်တဲ့Infinite Challenge အစီအစဉ်ပြန်မစခင်အထိပဲ အစီိအစဉ်အသစ်က ထုတ်လွှင့်ပြသမှာဖြစ်တယ်”လို့ MBC ရုပ်သံဌာနကနေ ပြောပြခဲ့တဲ့အတွက် ပရိသတ်တွေမျှော်လင့်လို့ရနိုင်ပါသေးတယ်။

86 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.