မိသားစုတွေနဲ့တူတူနေတဲ့အခါ ပိုဝစေတယ်ဆိုပဲ

အယ် ၀မှာကြောက်လို့မိသားစုတွေနဲ့တူတူမနေပဲခွဲနေမယ်တွေဘာတွေတော့မလုပ်ကြနဲ့နော်… မိသားစုတွေနဲ့တူတူနေတဲ့လူတော်တော်များများသတိမထားမိတဲ့ပိုဝရခြင်းအကြောင်းအရာလေးတွေကဘာတွေလည်း ဆိုတာသိရှိစေနိုင်ဖို့ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်…
(၁) အိပ်ချိန်စားချိန်မှန်တာ
ကိုယ့်အိမ်မှာကိုယ့်မိသားစုတွေနဲ့တူတူနေတာနဲ့တစ်ယောက်တည်းနေတာဟာ စားချိန်အိပ်ချိန်မှာသိပ်သိသာလွန်းပါတယ်။ အဆင်သင့်ကိုယ့်အမေ သို့ အိမ်ကသူတွေကစုစု ရုန်းရုန်းနဲ့ချက်ကြပြုတ်ကြနဲ့ စားချိန်မှန်သောက်ချိန်မှန်လို့ လူကပိုပြီးပြည့်ပြည့်၀၀နဲ့အသားတိုစေမှာ အမှန်ပါပဲ။
(၂) လှုပ်ရှားမှုသိပ်မရှိတာ
ကိုယ်တစ်ယောက်တည်းနေတဲ့အခါ ကိုယ့်အိမ်အလုပ်တွေ ကိုယ်ရဲ့အရှုပ်ထုတ်တွေ ပေပွနေတဲ့အရာတွေကို ကိုယ်တိုင်မရှင်းမဖြစ်ရှင်းရပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပါ။ အင်း ဒါပင်မဲ့ မိသားစုတွေနဲ့တူတူနေတဲ့အခါ ကိုယ်မလုပ်ချင်လို့ ပျင်းခွေပြီးနေရင်တောင် ကိုယ့်ကို ကူလုပ်ပေးမဲ့ အိမ်ကလုပ်ပေးမဲ့သူတွေရှိတာကြောင့် လှုပ်ရှားမှုသိပ်မရှိတော့ပဲပိုဝစေပါတယ်။
(၃) ညစာပိုစားမိတာ
မိသားစုတော်တော်များများဟာ နေ့လည်ပိုင်းအချိန်တွေမှာ သူ့အလုပ်နဲ့သူမျာနေတတ်ကြတာကြောင့် အားလုံးစုံတဲ့အချိန်ကြမှသာညစားစား ကို စုစုဝေးဝေးစားလေ့ရှိကြပါတယ်။ မိသားစုလက်ရေတစ်ပြင်တည်းစားရတဲ့အရသာဟာ ပိုမြိန်တာကြောင့် ညစာပိုစားမိပြီး ၀ိတ်ပိုတတ်စေပါတယ်။
(၄) စိတ်လွတ်ကိုယ်လွတ်နေထိုင်တာ
အိမ်ကမိသားစုနဲ့နေတဲ့အခါ လွတ်လွတ်လပ်လပ် ပွပွရောင်းရောင်းတွေသာ ၀တ်စားတတ်တာတွေကြောင့်အစားစားလို့ပိုဝင်တာမျိုး၊ အိမ်ကမိသားစုတွေနဲ့ညဘက်စုပြီးစကားပြောတဲ့အခါ ရှေ့ရေးနောက်ရေးတိုင်ပင်ကြတဲ့အခါ မုန့်လေးဝါးရင်းစကားလေးပြောရင်းနဲ့အိပ်ခံနီးမှစားဖြစ်တာတွေကြောင့် ၀ိတ်ပိုတတ်စေပါတယ်။
(၅) ဘယ်သူကမှမဝေဖန်တာ
အိမ်ကမိသားစုကတော့ကိုယ်ဘယ်လောက်စားစား ဟဲ့မစားနဲ့ဝလာမယ်လို့တစ်ခွန်းတားခဲပါတယ်။ စားစားအားရှိမှ နေကောင်းမှာ အိပ်ရေးဝအောင်အိပ် လှတယ်ဒီခန္ဓာကိုယ်လောက်ကအနေတော်ပဲ စသည်ဖြင့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဆိုတာမျိုးတွေကြောင့် ရယ် ကိုယ်ဝိတ်တတ်နေရင်တောင်ဝနေရင်တောင် ကြည့်ကောင်းနေတတ်ကြတာကြောင့်စိတ်လက်ချမ်းသာစွာနဲ့နေထိုင်ရင်း ကိုယ်သတိမထားမိပဲပိုပိုဝလာတတ်ကြတာပါ။
ဆိုတော့အိမ်ကမိသားစုတွေနဲ့တူတူနေပြီး ၀ိတ်လေးတွေ မတတ်စေဖို့ ကိုယ့်ဘာသာကိုယ်သာ ကြည့်ပြီးထိန်းကြပါလေလော့…

146 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.