သင့်ခြေထောက်တွေပြောတဲ့ သင့်အကြောင်း

အံ့သြစရာကြီးနော်။ ပါးစပ်ကပြောတာမဟုတ်ပဲခြေထောက်ကပြောတာတဲ့။ အံ့သြစရာမကောင်းဘူးလား။ခြေထောက်တွေမှာ လျှာမှမပါပဲနဲ့။ ဒီလိုပါ..။တစ်ကမ္ဘာလုံးကလက်ခံထားတဲ့ International Body Language ဆိုတာရှိပါတယ်။သင်ကဒီစာကိုဖတ်နေတယ်ဆိုရင် ဒီိအချက်ကိုလက်ခံမှရပါမယ်။မဟုတ်ရင် ဆက်ပြောလို့မရပါဘူး။လက်ခံတယ်ဟုတ်။အိုခေ.. here we go..ခုပြောပြမှာက body language တစ်ခုလုံးထဲက ခြေထောက်တွေနဲ့သက်ဆိုင်တဲ့ အပိုင်းကိုပဲပြောပြမှာပါ။ ခြေထောက်တွေရဲ့ပြုမူလှုပ်ရှားပုံအရပေါ့။

 

ခြေထောက်နှစ်ချောင်းကိုနည်းနည်းခွဲပြီးရပ်တာ

ငယ်ငယ်တုန်းက ကမ္ဘာမကြေဆိုတဲ့အခါ ဆိုနေတုန်းမှာလုပ်လေ့ရှိတဲ့ ပုံစံမျိုးပါ။ ဒီလိုခြေထောက်တွေကိုအနည်းငယ်ခွဲရပ်ခြင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကိုပြပါတယ်တဲ့ ။တစ်ခါတစ်ရံမှာဆိုရင် ယုံကြည်မှုလွန်ကဲခြင်းကိုပါပြပါသေးတယ်။သင်ဟာ များသောအားဖြင့် ခြေထောက်တွေကိုခွဲပြီးရပ်တတ်သူဆိုရင်တော့ ယေဘုယျအားဖြင့်သင့်မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့သူပါ။

 

ခြေချင်းဝတ်ချင်းချိတ်ထိုင်ခြင်း

ထိုင်နေတဲ့အခါမှာဆိုရင်တော့ ခြေချင်းဝတ်ချင်းချိတ်ပြီးထိုင်ခြင်းဟာ စိတ်လှုပ်ရှားနေတယ်၊စိုးရိမ်ပူပန်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ မိန်းကလေးတွေမှာဆိုရင်တော့ မိန်းမဆန်တယ်ယဉ်ကျေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပြီး ယေဘုယျအားဖြင့်တော့ စိတ်လှုပ်ရှားနေခြင်းကိုပြပါတယ်။ များသောအားဖြင့်အလုပ် Interview တွေ၊အရေးကြီးတဲ့ အစည်းအဝေးတွေမှာလူတွေက ဒီလိုထိုင်လေ့ရှိကြတယ်လို့သိရပြီး ပထမဆုံးစတင်ချိန်းဆိုတွေ့ဆုံမှုတွေမှာလည်းမိန်းကလေးအများစုက ခြေချင်းဝတ်ချင်းချိတ်ပြီးထိုင်လေ့ရှိကြပါတယ်တဲ့။

 

ဒူးတစ်ဖက်တင်ထိုင်ခြင်း

ဒူးတစ်ဖက်ပေါ်အခြားခြေထောက်တစ်ဖက်တင်ထိုင်တဲ့ပုံစံပါ။ ဒီလိုပုံစံမျိုးကိုများသောအားဖြင့်လူတွေက အိမ်မှာကလွဲပြီးထိုင်လေ့မရှိကြပါဘူး။ရိုင်းတယ်လို့သတ်မှတ်ခံထားရလို့ဖြစ်ပါတယ်။ဒူးတစ်ဖက်တင်ထိုင်ခြင်းရဲ့အဓိပ္ပါယ်ကတော့ အဲ့ဒီ့လူဟာ ငြင်းခုန်ပြောဆိုဖို့ကန့််ကွက်ဖို့အသင့်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ဒူးတစ်ဖက်တင်ထိုင်ပြီး တင်ထားတဲ့ခြေထောက်ပေါ်မှာလက်တစ်ဖက်သို့မဟုတ် လက်နှစ်ဖက်ပါတင်ထားတယ်ဆိုရင်တော့ အဲ့ဒီ့လူက ခေါင်းမာတယ်၊စိတ်ဓာတ်ပြတ်သားတယ်၊အဆိုတစ်ခုခုကိုပယ်ချဖို့ဒါမှမဟုတ်ငြင်းချက်ထုတ်ဖို့ ပြင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

 

ခြေချင်းဝတ်တစ်ဖက်တည်းချိတ်ခြင်း

ခြေထောက်တစ်ဖက်ကအဖြောင့်အတိုင်းရပ်နေပြီး အခြားတစ်ဖက်က ကွေးပြီးသွားချိတ်ထားတဲ့ပုံစံပါ။ ဒါကတော့ မိန်းကလေးတွေမှာဆိုရင်နေမြဲအတိုင်းနေချင်တယ်ဆိုတဲ့သဘောကိုပြပြီး ယောက်ျားလေးတွေမှာဆိုရင်တော့အငြင်းခံရမှာကိုကြောက်နေတဲ့စိတ်ကိုပြပါတယ်။ ဒါကြောင့်ပထမဆုံးချိန်းဆိုတွေ့ဆုံမှုတွေမှာ မိန်းကလေးတွေက ခြေချင်းဝတ်ချင်းချိတ်ထိုင်လေ့ရှိပြီး ယောက်ျားလေးတွေကတော့ ခြေချင်းဝတ်တစ်ဖက်တည်းချိတ်ထိုင်လေ့ရှိတာပါ။

 

ခြေထောက်နှစ်ခုပူးရပ်ပြီး ခြေဖျားတွေခွဲရပ်ခြင်း

ဒီိတစ်ခုကတော့ ငယ်ငယ်က ကမ္ဘာမကြေဆိုပြီး သီချင်းအဆုံးမှာအလေးပြုပြီးရင်ရပ်လေ့ရှိတဲ့ပုံပါ။ ဒါက ရိုသေလေးစားခြင်းကိုပြပါတယ်တဲ့။ နိုင်ငံတကာမှာ ကလေးတွေက ဆရာဆရာမတွေကို စကားရပ်ပြောတဲ့အခါ ဒီလိုပုံစံမျိုးရပ်ဖို့သင်ကြားပေးခံထားရပါတယ်။ဒီပုံစံက ရိုသေလေးစားခြင်း နဲ့ သစ္စာတရားကြီးမားခြင်းကိုပြတာကြောင့်ပါ။

 

သင်ရော… ဘယ်လိုခြေထောက်ပုံစံမျိုးတွေအများဆုံးပြုလုပ်လေ့ရှိသလဲ။မမှတ်ထားမိဘူးဆိုရင်လည်းအခုကစပြီး ဘယ်လိုပုံစံမျိုးတွေလုပ်မိနေလဲဆိုတာသတိထားကြည့်လိုက်တော့နော်။

108 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.