လူတော်တော်များများရဲ့သဘာဝဟာ ကိုယ်ကြိုက်တဲ့အရာကိုယ်မြတ်နိုးတဲ့အရာတွေကို ဆုံးရှုံးရမှာ မပိုင်ဆိုင်ရမှာစိုးရိမ်ကြစမြဲပါ။ကိုယ်ပိုင်ဆိုင်နေပြီးသာဖြစ်နေရင်တောင်ပျောက်ကွယ်သွားမှာ တစ်ခြားကို ပါသွားမှာကို စိုးရိမ်တတ်ကြပါသေးတယ်။ ဆိုတော့ ဒီလိုအပူတွေကိုအနည်းငယ်ဖြစ်ဖြစ်သက်သာအောင် ဆုံးရှုံးရမှာကြောက်တဲ့စိတ်လွှမ်းမိုးနေမှု ကနေ ဘယ်လိုစိတ်ဖြေမလဲဆိုတာ…
(၁) လက်ရှိအခြေနေကိုပဲအကောင်းဆုံးကြိုးစားပါ
ကိုယ်မြတ်နိုးတဲ့အရာကိုယ်ချစ်တဲ့သူတွေဟာ ကိုယ့်နားမှာရှိသည်ဖြစ်စေ ကိုယ်ပိုင်သည်ဖြစ်စေ မပိုင်တာပဲဖြစ်စေ လက်ရှိပတ်သတ်မှုကိုပဲအကောင်းဆုံးထိန်းထားနိုင်အောင်ကြိုးစားပါ။ ငါသူ့ကို ဘ၀တစ်သတ်လုံးပိုင်ဆိုင်ရပါ့မလား၊ သူတစ်ယောက်ယောက်ဆီပါသွားနိုင်လား၊ စသည်ဖြင့်မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပူပြီး စိတ်ညစ်မခံပါနဲ့။လက်ရှိအချိန်ရဲ့ပတ်သတ်မှုမှာပဲ အကောင်းဆုံးဖြစ်အောင် ကိုယ်ချစ်တဲ့သူတွေ ကိုယ်ပိုင်ဆိုင်ချင်တဲ့သူတွေရဲ့မေတ္တာကိုရအောင်ယူပါ။
(၂) မဖြစ်နိုင်ရင်အတင်းလုပ်မယူပါနဲ့
တကယ်လို့ကိုယ်ဆုံးရူံရမှာသေမလောက်ကြောက်နေတဲ့အရာဟာ ကိုယ်နဲ့ဘယ်နေရာမှ အံဝင်ခွင်ကျမဖြစ်ပဲ ကိုယ်ရဲ့ အတ္တတစ်ခုတည်းနဲ့ပိုင်ဆိုင်ချင်နေတာမျိုးဆိုရင် အတင်းလုပ်မယူပါနဲ့။ သူ့ဘက်ကတုန့်ပြန်မှုတိုင်းကို ကိုယ်ကခံနိုင်ရည်ရှိရင်တော့ကောင်းပင်မဲ့ ခံနိုင်ရည်မရှိတော့တဲ့အခါကိုယ့်ရဲ့စိတ်ပိုနာကျင်ရပါတယ်။ဒါကြောင့် တစ်ဖက်သတ်ကြီး လူတစ်ယောက်ပေါ်ကို အစွဲလမ်းကြီးပဲ အဆုံးရူံးမခံနိုင်တာမျိုးမဖြစ်ပါစေနဲ့။
(၃) ပင်ပန်းတဲ့အခါလွှတ်ချဖို့ဝန်မလေးပါနဲ့
ဘ၀ဆိုတာတိုတိုလေး ခဏလေး ဆိုတာကိုမမေ့ပါနဲ့။ လူတစ်ယောက်ကို စိတ်မချပဲ အမြဲဆုံးရူံးရမှာကြောက်နေရတယ်ဆိုတာ ကြီးက ဒီလူရဲ့စိတ်ကိုကိုယ်မပိုင်သေးဘူး။ သူ့စိတ်ထဲမှာကိုယ့်အတွက်နေရာ မရှိသေးဘူး ဆိုတာသေချာသလောက်ပါပဲ။ သူ့စိတ်ထဲမှာကိုယ်နည်းနည်းလေးရှိရင်တောင် ဒီလောက်ဆုံးရှုံးရမှာကြောက်စရာမလိုပါဘူး။ ဒါကြောင့် တစ်ယောက်ယောက် ကိုတစ်ဖက်သတ်ကြီးအဆုံးရှုံးခံရမှာကြောက်နေတဲ့အခါ စွန့်လွှတ်လိုက်ပါ။ ကိုယ့်နားရောက်ဖို့တကယ်တန်တယ်
ဆိုရင် ကိုယ်စွန့်လွှတ်တဲ့အချိန်မှာ ပြန်ရောက်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်အရမ်းပင်ပန်းခံပြီး ဆုံးရှုံးရမှာကြောက်မနေပါနဲ့။
(၄) ကိုယ့်အတွက်ဆိုတဲ့ကိစ္စတွေကိုဖိလုပ်ပါ
တစ်ယောက်ယောက်ပေါ်စွဲလမ်းနေတဲ့လွန်ကဲတဲ့ အပူစိတ်တွေ ဆုံးရှုံးရမှာကြောက်တဲ့ စိတ်တွေကို အနည်းငယ်ဖြစ်ဖြစ်အေးချမ်းပြီး လျော့သွားနိုင်အောင်ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခု ကိုယ်သဘောကျတဲ့အရာတစ်ခုခုမှာ စိတ်ကို နှစ်ထားပါ။ ကိုယ့်မှာ လုပ်ရဲ့တာဝန်တွေ Targetတွေရှိလာတဲ့အခါ တစ်ဖက်သားပေါ် ထားတဲ့ တစ်ဖက်ကမ်းစွဲလမ်းစိတ်တွေ ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေ အနည်းငယ်လျော့သွားစေပါတယ်။
(၅) အကောင်းဘက်ကသာမြင်ပြီးကြည့်တတ်ပါစေ
ဘယ်အရာမဆိုအကောင်းဘက်ကမြင်ရင်အေးချမ်းပါတယ်လေ ။ ကိုယ်ကောင်းသလောက်သူမကောင်းပေးနိုင်ရင် အော်သူ့မှာလည်း အကြောင်းရှိလို့နေမှာပါ၊ ကိုယ်ချစ်သလောက်သူမချစ်တဲ့အခါ အော်သူ့မှာလည်း စဉ်းစားစရာတွေများလို့နေမှာပါ၊ ကိုယ်လွမ်းသလောက်သူမလွမ်းတဲ့အခါသူ့မှာလည်း တစ်ခြားအပူတွေရှိနေလို့နေမှာပါ စသည်ဖြင့်အတတ်နိုင်ဆုံး အကောင်းမြင်တတ်အောင်ကြိုးစားပြီး မေတ္တာသာများများပေးပါ။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာ တန်ရာတန်ရာသူတွေ အချင်းချင်းသာဟပ်ကြတာပါ။ဒါကြောင့် ဘယ်အရာမဆိုသူ့တုန့်ပြန်မှုတိုင်းကို အကောင်းမြင်စိတ်မွေးပြီးကြည့်ပေးမယ်ဆိုရင် ကိုယ်ရဲ့အပူတွေလျော့သွာနိုင်ပါတယ်။
ဆုံးရှုံးရမှာကြောက်တဲ့တစ်ဖက်ကမ်းရောက်စိတ်တွေကနေမကောင်းတဲ့အခြေနေမျိုးတွေထိဖြစ်သွားနိုင်တာမလို့မနက်ဖြန်ဆိုတာတောင် မသေချာတဲ့ ဘ၀ကြီးမှာ မဖြစ်သေးတာတွေအတွက် ကြိုတင်စိုးရိမ်ပူပန်ပြီး ကိုယ်မြတ်နိုးရသူတွေကိုဆုံးရှုံးရမှာကြောက်နေတာမျိုးတွေ မခံစားနေပဲ
လက်ရှိပတ်သတ်မှုကိုသာ အကောင်းဆုံး ဖြစ်အောင်မေတ္တာတရားနဲ့ထိန်းသိမ်းထားနိုင်ကြပါစေလို့ဆုတောင်းရင်း…
ဆုံးရှုံးရမှာကြောက်တဲ့အခါ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။