Hours

hours_poster.jpg

New Orleans မှာ Kartina ဟာရီကိန်းမုန်တိုင်းမတိုက်ခတ်မီကဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ လမစေ့ပဲကလေးမွေးဖွားခဲ့ပြီး သေဆုံးခဲ့ပါတယ်။ ကလေးကတော့စိုးရိမ်ရတဲ့အခြေအနေဖြစ်တဲ့အတွက် ventilator ကရိယာနဲ့ထားထားရတာဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်းတိုက်တဲ့အခါမှာ လျှပ်စစ်မီးတွေပျက်တောက်သွားပြီး လူတွေအားလုံးကဆေးရုံကိုစွန့်ခွာပြေးကြပါတယ်။ ဒါပေမယ့်ကလေးရဲ့အဖေဖြစ်သူကကျန်နေခဲ့တာဖြစ်ပြီး ကလေးအသက်ရှင်နိုင်ဖို့အတွက် ventilator ကိုဆက်ပြီး အလုပ်လုပ်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် ရနိုင်တဲ့တစ်ခုထည်းသောလျှပ်စစ်အရင်းအမြစ်ကတော့ အနီးအနားမှာရှိတဲ့ ခဏခဏစက်ပြန်နှိုးရတဲ့ မီးစက်တစ်လုံးပဲဖြစ်ပါတယ်။ ဒါကြောင့် လာကယ်တဲ့လူတွေကို မအိပ်မနေစောင့်စား နေတာဖြစ်ပါတယ်။

မွေးကင်းစကလေးငယ်ကိုကယ်တင်ရမယ့် အဖေတစ်ယောက်ရဲ့ ရုန်းကန်မှုကိုအခြေခံထားတဲ့ဒီဇာတ်ကားမှာ မကြာသေးမီက ယဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ Paul Walker ပါဝင်ထားတာဖြစ်ပါတယ်။ အခြားသရုပ်ဆောင်တွေကတော့ Genesis Rodriguez, Nick Gomez တို့ဖြစ်ကြပြီး ဒါရိုက်တာကတော့ Eric Heisserer ဖြစ်ပါတယ်။

Ref:imdb

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.