စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ စားပေးသင့်တဲ့ အစားစားများ 

တစ်ချို့ က စိတ်ညစ်ရင် စားစရာတွေ ထပ်တလဲလဲစားကြပါတယ်။ အဲ့ဒီလိုလုပ်ရင် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ကင်းဝေးသွားလိမ့်မယ်လို့ ထင်တတ်ကြတယ်။ စနစ်ကျတဲ့ နေထိုင်မှုပုံစံနဲ့ အစားသောက်တွေရွေးချယ်တတ်ဖို့လည်းလိုပါတယ်။ စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်စွာနေနိုင်ဖို့ ကူညီပေးမယ့် အဓိကအစားစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့ ဗီတာမင် ဘီ ၊အီး ၊ဖောလိတ်တို့ပါဝင်ပါတယ်။ ထောပတ်သီးဟာ သင့်ခန္ဓာကိုယ်က သကြားဓာတ်ကို ထိန်းပေးပြီး စိတ်ဖိစီးမှုကင်းဝေးကာ ပျော်ရွင်အောင် ကူညီပေးနိုင်ပါတယ်။

Dark ချောကလက်


Dark ချောကလက်က တစ်ခါစားလိုက်ရုံနဲ့ စိတ်ညစ်နေတာတွေ၊ ဖိစီးမှုအရမ်းများနေတာတွေကို ဖယ်ရှားပေးပါတယ်။ စိတ်ပညာဂျာနယ်တစ်ခုမှာ ၁.၅အောင်စရှိ ချောကလက်အရည် ၊ အတုံးပဲဖြစ်ဖြစ် စားမယ်ဆိုရင် စိတ်လှုပ်ရှားနေတာကိုတည်ငြိမ်စေပြီး စိတ်ကျမှုကိုထိန်းချုပ်ပေးနိုင်ပါတယ်။

အရွက်


၂ဝ၁၂ခုနှစ်က ဆေးပညာလေ့လာမှုအရ အစိမ်းရောင်ရှိတဲ့ အရွက်တိုင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေကိုဖြည့်ပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။

လက်ဖက်စိမ်း


အရသာမကြိုက်သူတွေ ခေါင်းခါချင်ခါပါလိမ့်မယ်။ ဒါပေမယ့် လက်ဖက်စိမ်းမှာ စိတ်ကို လန်းဆန်းပျော်ရွှင်စေတဲ့ anti-oxidants နဲ့ anti-inflammatory တို့ပါဝင်ပါတယ်။

ကြက်ဥ


ကြက်ဥမှာ ပရိုတိန်းတွေများစွာပါဝင်တာကြောင့် ကြောက်စိတ်မွှန်ခြင်းကို ကာ
ကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းဝေးစေပြီး Cysteine လို့ခေါ်တဲ့ အက်ဆစ်က စိတ်ဓာတ်ကျခြင်းနဲ့ စိတ်မူမမှန်ခြင်းများကို သက်သာစေပါတယ်။

114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.