The Mercy ရုပ်ရှင်ဟာ ၂ဝ၁၈ ဗြိတိန် အတ္ထုပ္ပတ္တိ ဒရာမဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ James Marsh နဲ့ ဇာတ်ညွန်း Scott Z.Burns တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ လက်သင် သင်္ဘောသားလေးတစ်ယောက် ၁၉၆၈ခုနှစ်ကပြိုင်ပွဲတစ်ခုဖြစ်တဲ့ Sunday Times Golden Globe Race ကိုအနိုင်ရရှိဖို့ အပြင်းထန်ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်သွားရတဲ့ ဇာတ်လမ်းအကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ၊ ခံစားမှုမျိုးစုံပေးနိုင်အောင် ရိုက်ကူးပြသွားတာဖြစ်ပါတယ်။
အနုပညာရှင်များဖြစ်တဲ့ Colin Firth, Rachel Weisz, David Thewlis နဲ့ Ken Stott တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်္ဂလန်မှာ ဖေဖော်ဝါရီလ (၉)ရက်နေ့တည်းက ထွက်ရှိသွားပြီလို့သိရပါတယ်။ ဇာတ်လမ်း နမူနာဖော်ပြပေးလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။