လူတစ်ယောက်ကိုတွေ့တဲ့အခါ ဘယ်နေရာတွေကို ကျွန်တော်တို့သတိထားကြည့်မိတတ်ကြလဲ? ကိုယ်စိတ်ဝင်စားတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကိုတော့ အများကြီးမသိရရင်တောင် စကားပြောလို့အဆင်ပြေအောင်အကြမ်းဖျင်းလောက်တော့ သိထားချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အစိတ်ပိုင်း တစ်ခုချင်းစီက ပြောပြနေတဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းတွေကို စာဖတ်သူများအတွက် မျှဝေပေးလိုက်ပါတယ်။
နဖူး
မျက်နှာတစ်ခုမှာ နဖူးကလည်းအများကြီး ထင်ပေါ်မှုရှိပါတယ်။ နဖူးကျယ်တဲ့လူတွေဟာ ဥာဏ်ကောင်းကြတာများပါတယ်။ နဖူးမောက်တဲ့လူတွေကတော့ခံစားလွယ်ပြီး စိတ်ခံစားချက်ကို ဦးစားပေးတတ်ကြပါတယ်။
မျက်နှာ
သင်ဟာမျက်နှာသွယ်သူဆို ယုံကြည်ရသူတစ်ယောက်ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအရ မျက်နှာဝိုင်းတဲ့သူတွေဟာ လိမ်ညာပြောဆိုတတ်သူတွေများတယ်လို့ သိရပါတယ်။ လေးထောင့်ကျတဲ့မျက်နှာပိုင်ရှင်တွေကတော့ စိတ်ရှင်းပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တယ်လို့သိရပါတယ်။
နားရွက်
နားရွက်ကိုကြည့်ပြီး လူတစ်ယောက်အကြောင်း အကဲခတ်တာမျိုးတွေ တွေ့ဖူးမယ်ထင်ပါတယ်။ သင်ဟာနားရွက်ကားသူတစ်ယောက်ဆိုရင် ဦးနှောက်ဥာဏ်မြင့်မားသူဖြစ်ပြီး သင်နားရွက်ဟာ ညီညာပြန့်ပြူးတယ်ဆိုရင်တော့ ဖန်တီးနိုင်စွမ်းရှိသူလို့သိရပါတယ်။
ဆံပင်
ဆံပင်ဟာ လူတစ်ယောက်ရဲ့ မျက်နှာအသွင်ပြင်ကို ပြောင်းလဲပေးနိုင်ဆုံးပါ။လေ့လာမှုများအရ သင့်ရဲ့ဆံပင်အရောင်နဲ့ IQ အဆင့်က ကြီးမားတဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေဝါရောင်ဆံပင်ကိုပိုင်ဆိုင်ထားသူများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေပါ။ ဆံကေသာအနက်ရောင်နဲ့ အညိုရောင်ပိုင်ရှင်တွေကတော့ အလုပ်လုပ်ရာမှာ ကိုယ်စီကွဲပြားတဲ့စတိုင်လ်မျိုးနဲ့ လုပ်နိုင်
တယ်လို့ သိရပါတယ်။
မျက်လုံး
လှပတဲ့ မျက်လုံးပိုင်ရှင်တိုင်းကို လူတွေငေးကြည့်ကြတာ မဆန်းပါဘူး။ အပြာရောင်မျက်လုံးပိုင်ရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာတင်မကပဲ ခန္ဓာကိုယ်ပါ ကြံခိုင်မှုရှိကြပါတယ်။ အစိမ်းရောင်မျက်လုံးပိုင်ရှင်တွေကတော့ အရမ်းထူးခြားပါတယ်။ အညှိုရောင်မျက်လုံးပိုင်ရှင်တွေဟာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူးလို့ သိရပါတယ်။