ဘာကြောင့်ရေမွှေးဆွတ်သင့်သလဲ

ခုခေတ်မှာတင်မကအရင်ခေတ်တွေကတည်းကပါ ရေမွှေးဆွတ်ခြင်းအလေ့အထဟာ ကမ္ဘာရဲ့နေရာအနှံ့အပြားမှာ ခေတ်စားခဲ့တာပါ။ ဟိုးအရင်ခေတ်ကဆို Evening in Paris ဆိုတဲ့ ပဲရစ်မြို့ရဲ့ညနေခင်းအလှကို သတိရစေမယ့်ရေမွှေးလေးက တော်တော်လေးအသုံးတွင်ကျယ်ခဲ့သေးတာမဟုတ်ပါလား။ဒါပေမယ့်လူတော်တော်များများ နားလည်လက်ခံထားတဲ့အမှားတစ်ခုကတော့ ရေမွှေးဆိုတာ လူကုံထံတွေချမ်းသာကြွယ်ဝသူတွေမင်းသမီးမင်းသားတွေသာဆွတ်နိုင်သုံးနိုင်တဲ့အရာဖြစ်ပြီးတစ်နေ့လုပ်မှတစ်နေ့စားရတဲ့အခြေခံလူတန်းစားနင်းပြားတွေနဲ့လားလားမျှမသက်ဆိုင်ချေဆိုပြီိးယုံမှတ်ထားကြတာပါပဲ။ရေမွှေးတွေကလည်း ဈေးတွေကခေါင်ခိုက်နေတာကိုးနော်။ဒါပေမယ့် ဈေးကြီးတဲ့ရေမွှေးမှကောင်းတာမဟုတ်ပါဘူး။ဈေးအသင့်အတင့်နဲ့ တကယ့်ကိုသာယာညှင်းပျောင်းတဲ့ရနံ့လေးထွက်တဲ့ ရေမွှေးတွေလည်းရှိပါတယ်။ အဓိကက တောနံ့ကြီးတွေရနံ့စူးစူးကြီးတွေမဟုတ်ပဲနဲ့ ရေမွှေးနံ့ရလိုက်တာနဲ့ စိတ်ကြည်လင်အေးချမ်းသွားရစေဖို့ပါပဲ။ ရေမွှေးဆွတ်သင့်သလားဆိုတော့ဆွတ်သင့်ပါတယ်။ဒါဖြင့်ဘာလို့ဆွတ်သင့်တာတဲ့လဲ။ရေမွှေးဆွတ်သင့်တဲ့အကြောင်းပြချက်တွေဟာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကပိုများပါတယ်။

 

ရေမွှေးနံ့က စိတ်ကြည်လင်စေတယ်

ဒါတော့ အကျယ်အကျယ်ရှင်းစရာမလိုဘူးပဲထင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ရေမွှေးနံ့လေးရလိုက်ပြီိဆိုတာနဲ့ စိတ်အနှောက်အယှက်ဖြစ်နေရရင်တောင်တန်းပြီးစိတ်သက်သာသွားစေနိုင်တဲ့အစွမ်းမျိုးကိုရေမွှေးကပိုင်ဆိုင်ထားပါတယ်။

 

အနံ့အာရုံက အထိရောက်ဆုံး

လူတစ်ယောက်မှာရှိတဲ့အာရုံငါးပါးထဲမှာ အနံ့အာရုံက စိတ်ကိုဆက်သွယ်ဖို့အထိရောက်ဆုံးပါတဲ့။ဘာကြောင့်လဲဆိုတော့ အကြားအာရုံ၊အမြင်အာရုံ၊အထိအတွေ့တွေထက် အနံ့အာရုံကို ဦးနှောက်ထဲကိုပို့ဆောင်တဲ့သေးမျှင်တဲ့နာဗ့်ကြောလေးတွေက အလျင်မြန်ဆုံးဖြစ်လို့ပါပဲ။ပြီးတော့ အနံ့အာရုံဟာ ရှင်းပြလို့မရတဲ့နည်းနဲ့ စိတ်နဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းအကြာကြီးကရခဲ့တဲ့အနံ့မျိုးကို အခုပြန်ရရင် အဲ့ဒီ့အချိန်က ဖြစ်ပျက်ခဲ့သမျှတွေကို တစ်ခုမကျန်မှတ်မိလာတာမျိုးပေါ့။ဒါကြောင့်စိတ်ရောဂါကုဆေးခန်းတွေ၊အိပ်မွေ့ချတဲ့ ဂမ္ဘီရခန်းတွေမှာ ထူးခြားဆန်းပြားတဲ့ရနံ့ပါတဲ့သစ်မွှေးပုလင်းလေးတွေကို အဆို့ရှင်လေးတွေနဲ့ပိတ်ထားပြီး လူနာရဲ့ နှာသီးဝကိုကပ်ပေးခြင်းနဲု့ကုသဖို့၊အိပ်မွေ့ချဖို့ကြိုးစားတတ်ကြပါတယ်။

 

ရေမွှေးနံ့က အိပ်ပျော်စေတယ်

နှစ်ရှည်လများအိပ်မပျော်ဖြစ်နေတဲ့ လူတွေအတွက်ကုထုံးကလည်း ရေမွှေးနံ့ပါပဲ။ ညဘက်မျက်လုံးကြောင်နေရင် အိပ်မပျော်ဘူးဖြစ်နေရင် ခေါင်းအုံးနဲ့အနီးတစ်ဝိုက်ကိုရေမွှေးလေးဖြန်းပြီးပြန်အိပ်ကြည့်ပါ။အမှန်တကယ်ကို အိပ်ပျော်စေတဲ့အပြင်အိပ်မက်လှလှတွေပါမက်စေပါတယ်တဲ့။

 

ရေမွှေးနံ့ဆိုတာ ဂုဏ်သိက္ခာပါ

ဒါကတစ်မျိုးတော့တစ်မျိုးပဲ ဘာကြောင့်များရေမွှေးနံ့က ဂုဏ်သိက္ခာဖြစ်ရတာတုန်းပေါ့။ဒါကဒီလိုရှိပါတယ်။ကိုယ့်ကိုယ်ကထွက်တဲ့အနံ့က ဘေးလူတွေကိုယ့်အပေါ်မြင်တဲ့အမြင်ကိုပြောင်းလဲစေပါတယ်။ရေမွှေးနံ့သင်းသင်းလေးဆွတ်ထားတဲ့သူဆိုရင် ဘာမှမပြောရသေးခင်ကို ကြိုပြီးခင်မင်နေမိတာမျိုး၊လူတွေရဲ့စိတ်ကိုရနံ့တွေကပြောင်းလဲစေပါတယ်။

 

ဆွဲဆောင်မှုရှိတယ်

သေချာတာပေါ့။အနားကပ်လိုက်တာနဲ့အမောပြေသွားရတဲ့ အေးမြတဲ့ရနံ့မျိုးနဲ့ ကောင်မလေးတွေနားမှာ ယောက်ျားလေးတွေကတောက်တဲ့လိုကပ်နေချင်တတ်ပါတယ်။ မိန်းကလေးတွေကိုဆွဲဆောင်ဖို့ဆိုရင်တော့ ရေမွှေးကအကောင်းဆုံးပါ။ ကောင်မလေးငယ်ငယ်လေးတွေကတည်ငြိမ်ရှင်းသန့်တဲ့ရေမွှေးနံ့မျိုးနှစ်သက်တယ်၊အလယ်အလတ်ပိုင်း 20 ကျော်ကောင်မလေးတွေကတော့ ချိုမြတဲ့မွှေးရနံ့ကိုကြွေကြပြီး မမလှလှတွေကတော့ အရိုင်းဆန်တဲ့ရေမွှေးနံ့နဲ့ကောင်လေးတွေကို ချစ်မြတ်နိုးတတ်ကြပါတယ်။

 

ရေမွှေးဆွတ်တယ်ဆိုတာ ပိုက်ဆံတွေကို ရေဖျော်ပစ်တာမဟုတ်ရပါဘူး။စိတ်ကြည်လင်ချမ်းမြေ့မှုတွေကိုဝယ်ယူလိုက်တာပါ။

358 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.