Running Man အစီအစဉ်အသစ်တစ်ခုမှာ အဖွဲ့ဝင်အသစ် လေးယောက် ထပ်ပြီးမြင်တွေ့ရနိုင်

While You Were Sleeping ထဲမှာပါဝင်တဲ့ မင်းသား Lee Sang yeob ၊မင်းသမီးချောတွေဖြစ်ကြတဲ့ Hong Jin Young ၊Lee Da Hae နဲ့ Kang Han Na တို့ကို နာမည်ကျော် Variety Show တစ်ခုဖြစ်တဲ့  Running Man အစီအစဉ်သစ်၊ 4-Week Project မှာမြင်တွေ့ရမယ်လို့သိရပါတယ်။SBS ရုပ်သံဌာနက အဖွဲ့ဝင်လေးယောက်အဖြစ်ထပ်သွင်းထားတာဖြစ်ပြီး အစီအစဉ်သစ်ကလည်း လေးပတ်ကြာပရောဂျက်တစ်ခုလို့သိရပါတယ်။

မတ်လ ၁၂ရက်နေ့က SBS က ပြည်ပမီဒီယာဖြစ်တဲ့ TV Daily ကို “Kang Han Na ၊ Lee Da Hee ၊Lee Sang Yup နဲ့ Hong Jin Young တို့ကိုအဖွဲ့ဝင်တွေအဖြစ်ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းဟာအမှန်ပါပဲ။အခုလည်း လေးပတ်ကြာပရောဂျက်အသစ်အတွက် လက်ရှိအဖွဲ့ဝင်တွေနဲ့အတူ ရိုက်ကူးနေပါပြီ။လွှင့်ရမယ့်အချိန်ကတော့ အခုချိန်ထိမဆုံးဖြတ်ရသေးပါဘူး”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့လေးယောက်လုံးကလည်း Running Man ကိုဧည့်သည်အဖြစ်လာရောက်ရိုက်ကူးဖူးတဲ့ သူတွေချည်းပါပဲ။အခုလို အစီအစဉ်သစ်မှာပါဝင်လာမယ်ဆိုတော့ ပရိသတ်တွေကလည်းဝမ်းသာနေကြတယ်လို့သိရပါတယ်။လေးပတ်ကြာအစီအစဉ်မှာ လက်ရှိအဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး မတူညီတဲ့ဂိမ်းတွေ၊ယှဉ်ပြိုင်မှုတွေကို ရိုက်ကူးတင်ဆက်မှာဖြစ်လို့  နောက်ထပ်လာမယ့်အစီအစဉ်သစ်အတွက်ကြိုပြီးရင်ခုန်ထားကြတော့နော် ပရိသတ်ကြီး!

348 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.