ကိုယ့်စိတ်ကြိုက် လက်သည်းအလှ ပုံဖော်ကြည့်ကြမလား

sev-holiday-nail-looks-all-lgn.jpg

လက်သည်းအလှပြင်ဖို့ စိတ်ဝင်စားပေမယ့် အလှပြင်ဆိုင်ကိုလည်း မသွားချင်၊ ကိုယ့်ဘာသာကိုယ် ဒီဇိုင်းအသစ်လေးတွေ ဖန်တီးချင်တဲ့ ပျိုမေတွေအတွက် ဒီဇင်ဘာပွဲလမ်းသဘင်တွေမှာ ကိုယ့်ရဲ့ ကိုယ်တိုင်အလှဆင် လက်သည်းလေးတွေနဲ့ အထာကျကျလှနေအောင် ခုလို step by step ဖော်ပြပေးလိုက်တာမို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၁။ပထမဆုံးလက်သည်းကို base coat ဆိုးပြီး အစိမ်းပုတ်ရောင် လက်သည်းနီထပ်ဆိုးပေးပါ။ နှစ်ထပ်လောက်ဆိုးပေးပြီး ခုလို ကာလာမျိုးရတဲ့အထိ ထားပါ။ ၅မိနစ်နဲ့ ၁၀မိနစ်လောက် အခြောက်ခံပြီးရင်တော့ လက်သည်းပေါ်မှာ အလှဆင်ကျောက်လေးတွေ ကပ်တဲ့ ကော်ရည်ကို သုတ်လိမ်းပြီး ပုံမှာပြထားတဲ့ ရွှေရောင်အသီးလေးတွေကို တစ်ခုချင်းစီ သုံးခါတပ်ပါ။ အားလုံးပြီးသွားရင် အပေါ်ကနေ coat တစ်ထပ် ဆိုးပေးလိုက်ပါဦး။ ဒါဆို သိပ်မိုက်တဲ့ လက်သည်းဒီဇိုင်းကို ရပြီပေါ့။

၂။ပုံမှာပြထားတဲ့အတိုင်း နီညိုရောင်ကာလာ၊ ဒါမှမဟုတ် အနီပုတ်ပုတ်ကာလာကို ရွေးချယ်ပြီး ဆိုးလိုက်ပါ။ အဲ့ဒီနောက် ချွန်တဲ့ဘရက်ရှ်ကို သုံးကာ အနက်ရောင်အစင်းကြောင်းကို လိုင်းထူထူရအောင် ဆိုးပါ။ ဒီလိုဆိုးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ရွှေရောင်အပြောင်လေးတွေပါတဲ့ လက်သည်းဆိုးဆေးကို အနီရောင်ပေါ်မှာ ထပ်ပေးလိုက်ရုံပါပဲ။

၃။ပထမဆုံးအဆင့်အနေနဲ့ base coat ကိုဆိုးပေးပါ။ ပြီးတဲ့နောက်မှာတော့ လက်သည်းဆိုးဆေးအဖြူရောင်နဲ့ ပုံမှာပြထားတဲ့အတိုင်း ဘရက်ရှ်သုံးပြီး မြှားပုံစံ ပုံဖော်ပါ။ အလယ်ကိုချန်ထားပြီးဘေးအနားသားတွေ အဖြူနဲ့ ပြည့်အောင်ဖြည့်ပါ။ နောက်တစ်ဆင့်ကတော့ ခုနချန်ထားတဲ့အလယ်သားတွေကို သပ်ရပ်မှုရှိအောင် အနက်လိုင်းနဲ့ အနားသတ်ပါ။ ချန်ထားတဲ့အလယ်က မြှားနေရာကို စတင်ပြီး အစက်လေးတွေ ခြယ်ပါ။ ပြီးတဲ့နောက် ပန်းပွင့်ပုံဖော်လိုက်ပါ။ ပန်းပွင့်ကို အနက်ရောင်ခြယ်လိုက်ပြီး အားလုံးကို အ၀ိုင်းတွေ ဖြည့်ပါ။ ဒါဆိုရင် သိပ်မိုက်တဲ့ ကိုယ်ပိုင်လက်သည်းဒီဇိုင်းလေးရပါပြီ။

Ref:seventeen.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.