ရုပ်ပုံပန်းချီကားတွေရေးဆွဲသူအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Soosh ဟာ သူမတတ်ကျွမ်းတဲ့ပညာရပ်နဲ့ အဖေတွေရဲ့ သမီးအပေါ်ထားရှိတဲ့ချစ်ခြင်းတရားတွေကိုပုံဖော်ရေးဆွဲပေးခဲ့ပါတယ်။သူမဟာ ရုပ်ပုံကားချပ်တွေရေးဆွဲပြီးအင်စတာဂရမ်မှာပုံတွေပြန်တင်တဲ့အပြင် သူမရဲ့ ပုံရေးဆွဲနေတဲ့ဗီဒီယိုကိုလည်းယူကျူ့ချန်နယ်တွေမှာတင်လေ့ရှိပါတယ်။
အမေတွေရဲ့ မေတ္တာတရားတွေကိုလည်းမမေ့ထားသင့်သလို အဖေတွေရဲ့ သားသမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကိုလည်း သူမရဲ့ ရုပ်ပုံတွေကတစ်ဆင့်ခံစားမိစေပါတယ်။သူမရဲ့ အင်စတာဂရမ်မှာဆိုရင် ဖောလိုးဝါး ၁၈၆ သန်းတောင်ရှိပါတယ်။အဲ့ဒါကြောင့် သူမရေးဆွဲထားတဲ့ရုပ်ပုံပန်းချီလေးတွေကို ပရိသတ်တွေလည်းကြည့်ရှုခံစားရင်းအဖေတွေရဲ့ မေတ္တာကိုနားလည်စေဖို့ပြန်လည်မျှဝေလိုက်ပါတယ်။
သမီးတိုင်းက သူ့အဖေကို ကမ္ဘာပေါ်မှာအချောဆုံးလူလို့သတ်မှတ်ထားသူ…
သမီးအတွက်ဆိုရင် မလုပ်တတ်တာဘာမှမရှိ၊မလုပ်နိုင်တာဘာမှမရှိတဲ့အဖေ…
အိမ်မှုကိစ္စလည်း သင်ပေးတတ်သူ…
အဖေနဲ့အတူရှိနေရင် အရာရာကစိတ်ဝင်စားစရာကောင်း…
အဖေနဲ့အတူ ချက်ပြုတ်နေရရင် ဆော့ကစားနေရတယ်ထင်…
နေမင်းကြီးထက် အဖေက ပိုပြီးသန်မာတယ်၊ကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ထားသူ…
အဖေဆိုတာသမီးအတွက် အမှတ်တရတွေဖန်တီးပေးသူတစ်ယောက်…
သမီးစိတ်အလိုကျ ဘယ်နေရာဖြစ်ဖြစ် သွားမယ်..
အဖေဆိုတာသမီးတွေကို အမြဲအရိပ်တကြည့်ကြည့် ဂရုစိုက်ပေးသူ…
သမီးတွေအတွက် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပျော်ရွှင်စေ၊အပူအပင်ကင်းစေသူ…
မိသားစုဆိုတာ… ❤❤❤