နန်းတွင်းဇာတ်ကားမှာ ပြန်လည်မြင်တွေ့ရတော့မယ့် မင်းသား Song Joong Ki

မင်းသားချော Song Joong Ki တစ်ယောက်ဟာဖြင့် လက်ထပ်ပြီးအနားယူပြီးလို့ မကြာခင်မှာရုပ်ရှင်လောကထဲကိုပြန်လည်ဝင်ရောက်လာတော့မယ်လို့သိရပါတယ်။လက်ထပ်ပြီး ပထမဆုံးအကြိမ်ရိုက်ကူးတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။

Song Joong Ki ရဲ့ အေဂျင်စီ Blossom Entertainment က “မကြာသေးခင်က Song Joong Ki ဟာ နန်းတွင်းဇာတ်လမ်းပုံစံဖြစ်တဲ့ Asadal (လက်ရှိပေးထားတဲ့နာမည်)အတွက် ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးနောက်ထပ်ပါဝင်မယ့် သူတွေကိုမသိရသေးပေမဲ့လည်း နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Tree with Deep Roots ၊The Great Queen Seon Deok နဲ့ Six Flying Dragons တို့ကိုရေးသားခဲ့တဲ့စာရေးဆရာ Kim Young Hyun နဲ့ Park Sang Yeon တို့ရေးသားထားတာဖြစ်တယ်လို့သိရပါတယ်။

ဒါရိုက်တာကလည်း Song Joong Ki  ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသားဇာတ်ကားဖြစ်တဲ့ The Innocent Man ရိုက်ကူးတဲ့ဒါရိုက်တာ Kim Jin Won ပဲဖြစ်ပါတယ်။နန်းတွင်းဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်လည်း ဇာတ်လမ်းကောင်းလေးဖြစ်မယ်လို့ခန့်မှန်းရပါတယ်။နောက်ထပ် ဘယ်အနုပညာရှင်မင်းသားမင်းသမီးတွေပါဝင်ဦးမလဲဆိုတာ ထပ်ပြီးစောင့်မျှော်ပေးကြပါဦး ပရိသတ်ကြီး…။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.