လူခြောက်ယောက်ထိုင်လို့ရတဲ့ ချစ်စရာ Rainbow Unicorn Pool Float

၂၀၁၅ခုနှစ်တုန်းက တေလာ ဆွစ်အစပျိုးသွားတဲ့ Pool Float ဟာ ပရိတ်သတ်တွေ ရင်ထဲထိုးဖောက်ဝင်သွားခဲ့ပြီး နောက်ပိုင်း ပုံစံအမျိုးမျိုး ၊ ဒီဇိုင်းအစုံနဲ့ float တွေ ဈေးကွက်ထဲထိုးဖောက်လာပါတယ်။ ပီဇာပုံစံနဲ့ ဒေါင်းပုံစံ အစရှိသဖြင့် လူတွေ ပိုပြီး စိတ်ဝင်စားလာအောင် ဖန်တီးလာကြတယ်။ အရင်တုန်းကတော့ တစ်ယောက်တည်းထိုင်ပြီး အပန်းဖြေလို့ရတဲ့ float တွေသာ ထွက်ခဲ့ပေမယ့်
အခုတော့ သူငယ်ချင်းတွေ၊ မိသားစုလိုက်ပါ စီးနင်းလို့ရမယ့် float ကို ထွင်လိုက်ပြီဖြစ်ပါတယ်။

Sam’s Club မှာတော့ unicorn, ကြိုးကြာနီ၊ ဒေါင်းပုံစံနဲ့ ကြီးမားတဲ့ လူ၆ယောက်ထိုင် float တွေရနေပါပြီ။ ပုံမှန်ဆိုဒ် float တွေဆိုရင်တော့ ဒေါ်လာ ၂၀ကနေ ၃၀ထိရှိပြီး အခုနောက်ပိုင်း အသစ်ထွက်လာတဲ့ float တွေကတော့ ၁၄၉.၉၈ ဒေါ်လာ ရှိတယ်လို့ သူတို့ဝက်ဆိုဒ်မှာတွေ့ရပါတယ်။

အရှည် ၁ဝပေ ၊ အကျယ် ၁ဝပေရှိပြီး ရေကန်တော်တော်များများနဲ့ fit ဖြစ်တာကြောင့် ကမ်းခြေပဲသွားသွား ၊ အိမ်က ရေကန်မှာပဲ အပန်းဖြေချင်ဦးတော့ စိတ်တိုင်းကျစေမှာပါ။ ဆိုဒ်ကအရမ်းကြီးတာကြောင့် လေဖောင်းအောင်တော့ အချိန်စောင့်ရပါတယ်တဲ့။ တစ်ယောက် အွန်လိုင်းမှာ review ရေးထားတာကတော့ လေဖောင်းအောင်မိနစ် ၂၀လောက်တော့ စောင့်ရပါတယ်တဲ့။

209 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.