ချစ်​ရတဲ့သူ​တွေနဲ့ခွဲခွာခံနီးလုပ်​သင့်​တဲ့အရာ​တွေက

ချစ်​ရသူ​တွေနဲ့ တစ်​​ယောက်​တစ်​နယ်​စီ ​ဝေးရ​တော့မယ်​ဆိုတဲ့ အချိန်​မျိုး အ​ခြေ​နေမျိုးမှာ တစ်​​ယောက်​​ပေါ် တစ်​​ယောက်​ စိမ်းသွားတာမျိုး အဖြစ်​ရ​အောင်​​ခဏတာ​ဝေး​နေရပင်​မဲ့လည်း အချစ်​​တွေပိုတိုး​အောင်​ ဘယ်​လို အရာ​တွေကို လုပ်​သင့်​သလဲ ဆိုတာ….
(၁) ယုံကြည်​ချက်​တည်​ဆောက်​ပါ
တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​ဝေးကွာ ရ​တော့မဲ့ အချိန်​ ဖြစ်​တာ​ကြောင့်​ ​ဝေးသွားလည်း ချစ်​​နေဆဲဖြစ်​​အောင်​ ယုံကြည်​မှု​တွေရှိလာ​အောင်​ မခွဲခွာခင်​မှာ တည်​​ဆောက်​ယူပါ။
(၂) အမှတ်တရလက်ဆောင်​ပေးပါ
အမှတ်​တရလက်​​ဆောင်​ဆိုတာ ခွဲခွာရ​တော့မဲ့ချစ်​သူ​တွေ အဖို့ လိုအပ်​ဆုံး အရာပါ ။ တန်ဖိုးနည်းတယ်များတယ်​ရယ်​ မဟုတ်​ပဲ ကိုယ့်​ချစ်​ရသူအတွက်​ အ​ကောင်းဆုံး ရည်​မှန်းပြီး အမှတ်​တရ လက်​​ဆောင်​​လေး​တွေအပြန်​အလှန်​​ပေးသင့်​ပါတယ်​။ အ​ဝေး​ရောက်​​နေတယ်​ဆိုရင်​​တောင်​ ကိုယ့်​လက်​​ဆောင်​​လေးကို ကြည့်​ပြီး သတိတရရှိ​နေနိုင်​တာမို့ ခွဲခွာ ရ​တော့မဲ့ချစ်​သူ​တွေအတွက်​ စိတ်​ချင်း ဆက်​သွယ်​လို့​ကောင်းမဲ့ လက်​​တောင်​မျိုး​လေး​တွေ အပြန်​အလှန်​​ပေးသင့်​ပါတယ်​။
(၃) ​မျှော်​လင့်​ချက်​တစ်​ခုထပ်​တူကျပါ​စေ
တစ်​​ယောက်​နဲ့တစ်​​ယောက်​​မျှော်​လင့်​ချက်​ချင်းထပ်​တူကျပါ​စေ။ မခွဲခွာခင်​ကတည်းက ဘယ်​အချိန်​​ဆိုပြန်​​ရောက်​မယ်​ ပြန်​​ရောက်​ရင်​ ဘာ​တွေလုပ်​မယ်​ဆိုတာမျိုး plans ​လေး​တွေချထားပါ။ ဒါမှသွားတဲ့သူကလည်း ပြန်ဖို့အချိန်​တန်​ရင်​ဆိုတဲ့​နေ့မျိုးကို ​မျှော်​လင့်​ရင်း​နေ​ပျော်​သလို ​စောင့်​ရသူကလည်း ​ပြန်​လာရင်​ ဆိုတဲ့ ​နေ့​လေးကို​မျှော်​ရင်း ​စောင့်​​ပျော်​တာမို့ မသွားခင်​ကတည်း က ​မျှော်​လင့်​ချက်​တစ်​ခုထပ်​တူကျပါ​စေ။
(၄) အဆက်အသွယ်မပြတ်​ပါ​စေနဲ့
တစ်ယောက်နဲ့တစ်ယောက် ရေမြေခြားဝေးနေရတဲ့အချိန်မှာ အဆက်မပြတ်ဖို့လိုပါတယ်။ ဒါကြောင့်မသွားခင်ကတည်းက မခွဲခွာခင်ကတည်းက ဘယ်နေ့ဘယ်အချိန်ဆို အဆက်သွယ်လုပ်ကြမယ်။ ဘယ်အချိန်ဆိုစောင့်နေ ဘာညာမှာထားပြောထားဖို့လိုပါတယ်။ဒီလိုမပြောဖြစ်ပဲ တစ်ယောက်ကလည်း မအားတဲ့အချိန်တစ်ယောက်ကမျှော်တစ်ယောက်မသိတဲ့အချိန်တစ်ယောက်ကဆက်သွယ်နဲ့အချိန်တွေကြာလာတာနဲ့အမျှသူငါ့ကိုမေ့နေပြီလားဆိုတဲ့စိတ်မျိုးတွေ ၀င်လာပြီးစိတ်ခုတတ်ကြပါတယ်။ ဒါကြောင့် မသွားခင်တည်းက ဘယ်လို ဆက်သွယ်ကြမလဲဆိုတာကြိုညှိကြပါ။
(၅) ကုသိုလ်တူတူယူသွားပါ
တစ်ယောက်နဲ့တစ်ယောက် မခွဲခွာခင်မှာ နှစ်ကိုယ်တူကုသိုလ်ကောင်းမှုတွေ တူတူလုပ်သွားပါ။ ဒါဟာ ခွဲခွာနေရပင်မဲ့ပြန်တွေးတိုင်းကြည်နူးဝမ်းသာစရာကိစ္စတစ်ခုဖြစ်ပြီး ခွဲခွာခံနီးမှာ စိတ်အေးချမ်းသာစွာခွဲခွာစေနိုင်မဲ့နည်းတစ်ခုဖြစ်ပါတယ်။
ခဏတာခွဲခွာရပင်မဲ့ဘ၀အတွက်ဆိုတဲ့စိတ်လေးတွေနဲ့သည်းခံရင်း တစ်ယောက်ပေါ်တစ်ယောက်သစ္စာမပျက်ပဲပြန်ဆုံရမဲ့နေ့ရက်လေးကို ကြည်နူးရင်ခုန်စွာမျှော်လင့်နိုင်ကြပါစေလို့ဆုတောင်းရင်း…

138 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.