နည်းမှန်လမ်းမှန်ချမ်းသာချင်ရင်

လူတိုင်းဟာတော့အနည်းနဲ့အများ ချမ်းသာချင်တဲ့လောဘစိတ်လေးတော့ရှိတတ်ကြတာပါပဲ။ ဘာကြောင့် ချမ်းသာချင်တယ် ဘာလို့ချမ်းသာခြင်းတယ်ဆိုတဲ့ အတွေးပဲကွာရင်ကွာသွားမှာပါ။ ဒီလိုချမ်းသာပြည့်စုံချင်ကြလို့လည်း အပတ်တစ်ကုတ် နေ့စဉ်ဘ၀အတွက် ကြိုးစားရုန်းကန်ရင်းဖြတ်သန်းနေကြတာပဲမဟုတ်ပါလား။ ဆိုတော့ ရိုးရှင်းတဲ့သာမန်ဘ၀လေးကနေ တကယ်ပြည့်စုံချမ်းသာချင်ရင် ဘယ်လိုနည်းလမ်းလေးတွေသုံးသင့်သလဲ…
(၁) ၀င်ငွေနဲ့ထွက်ငွေကို တွက်ချက်တတ်အောင်လေ့ကျင့်ပါ
လူတစ်ယောက်ဟာ ကိုယ်ရရှိတဲ့ဝင်ငွေနဲ့ ကိုယ်တကယ်သုံးကိုသုံးရမဲ့ထွက်ငွေနဲ့ကို အမြဲတွက်ချက်တတ်နေဖို့လိုပါတယ်။ တစ်လကို အခြေခံလစာ ၁သိန်းခွဲရတဲ့သူဆိုပါစို့။ တစ်လကို ကိုယ်ရတဲ့ဝင်ငွေရဲ့ဘယ်နှစ်ပုံကိုဘယ်အတွက်သုံးပြီး အားလုံးသုံးပြီးတဲ့အချိန်မှာဘယ်လောက်ကျန်မယ်ဆိုတာကို လစဉ်တွက်ချက်တတ်တဲ့အကျင့်လေးလုပ်ပါ။
(၂) သုံးသင့်တာနဲ့ သုံးချင်တာကိုကွဲပြားအောင်သိပါစေ
လိုချင်တာနဲ့လိုအပ်တာ သုံးချင်တာနဲ့သုံးသင့်တာကို ခွဲခြားသိပါစေ။ အလျှံမယ်ချမ်းသာနေတဲ့သူတွေအတွက်တော့သိပ်အရေးမဟုတ်ပင်မဲ့အခုမှချမ်းသာရေးလမ်းကြောင်းပေါ်တက်မဲ့သူတွေအတွက်ကတော့ ဘယ်အရာက ကိုယ်တကယ်လိုအပ်တဲ့အရာ ဘယ်ဟာကအပိုကုန်တာဆိုတာမျိုးစဉ်းစားပြီးမှသုံးစွဲပါ။အပိုကုန်တယ်လို့ထင်ရတဲ့အရာကိုမှမရမကစိတ်ကလိုချင်နေတဲ့အခါ ၀ယ်လိုက်ပါ။ ဒါမဲ့ကုန်သွားတဲ့ငွေကြေးနေရာကို နောက်လပြန်ဖြည့်ဖို့မမေ့ပါနဲ့။ တစ်ခါတလေမလိုအပ်လည်း အရမ်းတောင်းတရင်တော့ဝယ်လိုက်ပြီး အမြဲတမ်းအဲ့လိုမဖြစ်အောင် စည်းကမ်းလေးနဲ့တစ်ခြားနေရာမှာလျော့သုံးလိုက်ပါ။
(၃) စုတတ်တဲ့အကျင့်လေးမွေးမြူပါ
တော်တော်များများလူတွေဟာ ပိုမှစုတတ်ကြပါတယ်။ စုပြီးပိုမှသုံးတာမျိုးသိပ်မလုပ်ကြပါဘူး။ တစ်ချို့ကျတော့လည်းစုကိုမစုဖြစ်ကြပါဘူး။ တစ်ချို့များကျတော့လည်း အရင်တော့စုကျပါနဲ့ကိုယ်အသုံးလိုပြီဆိုရင် စုတဲ့ထဲကနေသွားသွားထုတ်ရင်း ကုန်သွားတတ်တာမျိုးတွေပါ။ ဆိုတော့ အမျိုးမျိုးသော အကြောင်းတွေကြောင့် မစုနိင်ဘူး၊ သုံးမလောက်ဘူး၊လစာနည်းလို့ဘာညာရှိကြပေမဲ့ ကိုယ်တကယ်ချမ်းသာတဲ့သူဖြစ်ချင်ရင် ကိုယ်ဘယ်လောက်ပဲရရ ရတဲ့လစာရဲ့ ၂၀%ကို လစဉ်စုဖြစ်အောင်ကြိုးစားပါ။ ဒါဟာတစ်လနှစ်လမသိသာပင်မဲ့လကြာနှစ်များလာတဲ့အခါသိပ်ကို ရင်းနှီးမြုပ်နှံလို့ကောင်းတဲ့ငွေကြေးပမာဏတစ်ခုအနေနဲ့ဝမ်းသာစွာမြင်တွေ့ရမှာပါ။
(၄) ပိုင်နိုင်တဲ့ရင်းနှီးမြုပ်နှံမှုကိုသတ္တိရှိပါ
တစ်လသုံးသိန်းရတယ်ဆိုပါစို့။ ဒါလေးကိုပဲတစ်သတ်လုံးပြီးသွားလို့မှမရတာပဲလေ။ လူတိုင်းတိုးတတ်ဖို့ကြိုးစားနေတဲ့အချိန်ကိုယ်လည်းအောင်မြင်အောင်အဆင့်တွေတတ်ရမယ်မလား။ ဆိုတော့ ကိုယ့်ဘ၀အတွက်တိုးတတ်မဲ့အရာတွေ ပညာရပ်တွေ အောင်မြင်ရာအောင်မြင်ကြောင်းလုပ်ငန်းစဉ်တွေကိုပြုလုပ်ဖို့မတွန့်ဆုတ်ပါနဲ့။မကြောက်ရွံ့ပါနဲ့။ ဒီလိုနေရာတွေအတွက်ကုန်ကျရမဲ့ငွေတွေ ရင်းနှီးမှုတွေကို မနှမြောပါနဲ့။အောင်မြင်ချမ်းသာတဲ့လူတိုင်းဟာ ရင်းနှီးဖို့ဝန်မလေးခဲ့ကြတဲ့လူတွေပါ။သေချာတဲ့ရင်းနှီးမှုဖြစ်ဖို့တော့လိုတာပေါ့နော်။
(၅) Target တစ်ခုပုံမှန်ထားပေးပါ
ဒီနှစ်ကိုယ့်ဝင်ငွေဘယ်လောက်ရတယ်။ ကိုယ်ဘယ်လောက်စုမိတယ်။ OK နောင်နှစ်ဘယ်လောက်ရှာနိုင်အောင်ကြိုးစားမယ် ဘယ်လောက်စုဖြစ်အောင်ကြိုးစားမယ်ဆိုတာမျိုးနဲ့ ရည်မှန်းချက်လေးတွေထားပြီး အလုပ်လုပ်ပေးပါ။ ရည်မှန်းချက်ထားပြီးလုပ်တဲ့အရာတိုင်းဟာ တစ်ဆင့်တစ်ဆင့်အောင်မြင်လာဖို့မခက်ခဲပါဘူး။
(၆) ပေးကမ်းတတ်ပါစေ
ကိုယ်ရှာတာကိုယ့်အတွက်ရယ် ဆိုတဲ့အတွေးမျိုးဟာ တစ်ဖက်စွန်းထိရောက်သွားရင်တော့မကောင်းဘူးပေါ့လေ၊ ဆုတ်ရင်ကွဲတယ် ကြဲရင်မြဲတယ် ဆိုတဲ့စကား အရ ကိုယ့်ဝင်ငွေထိခိုက်မှာဆိုးလို့ဘယ်သူနဲ့မှပူးပေါင်းပြီး မလုပ်ရဲပဲ တစ်ကိုယ်တော်လုပ်နေမယ်ဆိုရင်တော့ထူးချွန်အောင်မြင်ချမ်းသာဖို့ဆိုတာဝေးသွားပါပြီး။ ချမ်းသာနေကြတဲ့လူတိုင်းဟာ သူများကို ပေးဖို့ကမ်းဖို့သူများနဲ့
ပူးပေါင်းပြီးလုပ်ငန်းတွေဆောင်ရွက်ဖို့ဝန်မလေးခဲ့ကြပါဘူး။ ဒီလို ပေးကမ်းမှုတွေကြောင့် ကူညီဖေးမမှုတွေပိုရတတ်ကြတာမို့ပေးကမ်းတတ်ဖို့လည်းလိုအပ်သင့်သလောက်လိုအပ်ပါတယ်။
ကောင်းမွန်စနစ်ကျတဲ့နည်းလမ်းတွေနဲ့အောင်မြင်ချမ်းသာတဲ့လူကောင်းတွေဖြစ်လာနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.