ထိပ်ပြောင်ထိပ်ကွက်ခြင်းသက်သာစေဖို့

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဆံပင်ထိပ်ပြောင်တာ ဦးရေပြားထိပ်ကွက်တာကို မုန်းကြပါတယ်။ ဆံသားပါးပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ထိပ်ကွက်နေကြတဲ့သူတွေလည်း အများကြီးပါ။ ဒီလိုထိပ်ကွက်တာကြောင့် ဘယ်သွားသွား ကိုယ့်ဆံပင်နဲ့ပတ်သတ်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတတ်ကြတော့ပါဘူး။ ဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ထိပ်ပြောင်ထိပ်ကွက်ခြင်းသက်သာစေဖို့နဲ့ထိပ်ကွက်မှန်းမသိသာအောင်ဘာတွေလုပ်သင့်သလဲဆိုတာ…
(၁) အုန်းဆီစစ်စစ်လိမ်းပေးပါ
အုန်းဆီဟာ ဆံပင်အတွက်အရမ်းကိုကောင်းတဲ့ ဆေးတစ်မျိုးပါ။ အုန်းဆီကို ကွက်နေတဲ့ဦးရေပြားပေါ်ကို တစ်နေ့နှစ်ကြိမ်လောက်လိမ်းပေးခြင်းဟာ ဦးရေပြားကိုအားကောင်းစေတာကြောင့် ကွက်နေတဲ့နေရာတွေမှာဆံပင်တွေကို တစ်ဖြည်းဖြည်းပေါက်လာစေပါတယ်။ သွေးသားကြောင့် ရောဂါကြောင့်ထိပ်ကွက်တဲ့သူတွေကတော့ချွင်းချက်ပေါ့လေ။
(၂) ကြက်ဥအကာTreatmentလုပ်ပေးပါ
ဦးရေပြားကွက်ရခြင်းရဲ့အဓိကအကြောင်းအရင်းက ဆံသားပါးခြင်းကြောင့်ပါ။ ဆံသားကို နဂိုထက်ပိုမိုထူလာပြီးအုံကောင်းစေဖို့ကိုကြက်ဥအကာအရည်ကြည်က ကူညီပေးပါလိမ့်မယ်။ ကြက်ဥအကာကိုဆံသားပေါ်နဲ့ဦးရေပြားပေါ်ကို ခေါင်းမလျှော်ခင် မိနစ်၃၀ လောက်အလိုမှာ
လိမ်းပြီးနှပ်ထားပေးပြီး မှခေါင်းလျှော်ပေးတာဟာ တစ်ဖြည်းဖြည်းနဲ့ဆံသားကိုနက်မှောင်စေပြီး အုံထူလာစေပါတယ်။
(၃) ဓာတုဗေဒနည်းတဲ့ဆံပင်ပေါက်ဆေးကိုစနစ်တကျလိမ်းပေးပါ
ထိပ်ကွက်နေတဲ့နေရာတွေကို ဆံပင်ပေါက်ဆေးလိမ်းပေးသင့်ပါတယ်။ ဆံပင်ပေါက်ဆေးလိမ်းပေးတဲ့အခါမှာ ဓာတုဗေဒ ပါဝင်မှုနည်းတဲ့ဆေးမျိုးကိုရွေးချယ်သုံးသင့်ပါတယ်။ ခေါင်းလျှော်ပြီးတိုင်း ခေါင်းမဆိုမခြောက်အချိန်မှာကွက်နေတဲ့ဦးရေပြားနေရာကို ဆေးဝင်အောင်ချပေးပြီးဦးရေပြားအတွင်းထဲထိဆိမ့်ဝင်အောင်လိမ်းပေးသင့်ပါတယ်။
(၄) အပူဒဏ်ကိုကာကွယ်ပါ
ထိပ်ကွက်တဲ့သူတွေဟာ ဆံသားနဲ့ဦးရေပြားကို အပူဒဏ်မှကာကွယ်ပေးဖို့လိုပါတယ်။ ဆံသားကိုအပူတွေသုံးပြီး စက်ဆွဲတာ ခေါင်းခြောက်အောင်မှုတ်တာမျိုးကို
ုဖြစ်နိုင်ရင်မလုပ်တာကောင်းပါတယ်။ ဒါ့အပြင်နေပူထဲထွက်မယ် ဆိုတဲ့အခါ ခေါင်းကိုအကာကွယ်ဖြစ်စေမဲ့ အရာတစ်ခုခုကို ဆောင်သွားဖို့လိုပါတယ်။ဆံပင်ပါးပြီး ဦးရေပြားထိပ်ကွက်နေတဲ့သူတွေဟာ အပူဒဏ်ကို ခံရရင်ပိုပြီး ဆံသားခြောက်ကာပျက်စီးစေပါတယ်။
(၅) ခဲတံသုံးပြီးဖျောက်ထားပါ
ကိုယ်ဟာထိပ်ကွက်တဲ့သူတစ်ယောက်ဆိုရင် အပြင်ထွက်ခံနီး ကိုယ့်ရဲ့ကွက်နေတဲ့နေရာကို မျက်ခုံးမွှေးဆွဲတံလို ဟာမျိုးနဲ့အကွက်ပြောက်အောင်ဆွဲပေးလို့ရပါတယ်။ ဒါဟာခဏတာ ထိပ်ကွက်ခြင်းကို မသိသာစေတဲ့နည်းတစ်မျိုးဖြစ်ပါတယ်။
ထိပ်ကွက်ခြင်းသက်သာ၍ကောင်းမွန်လှပတဲ့ဆံကေသာတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း...

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.