မိန်းကလေးတွေပေါ်အမြင်လွဲတတ်ကြတဲ့ယောက်ျားလေးတွေရဲ့အတွေးတစ်ချို့

ယောက်ျားလေးနဲ့မိန်းကလေးတွေဟာ တော်တော်များများတွေးခေါ်ယူဆပုံခြင်းခံယူချက်ခြင်းမတူတ်ကြပါဘူး။ တစ်ချို့ယောက်ျားလေးတွေဟာ မိန်းကလေးတွေရဲ့ပြောဆိုတဲ့စကားတွေ အလုပ်ပေါ်ကို ကြည့်ပြီး အတွေးအထင်မှားကာ စိတ်ခုသွားတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလိုကနေနောက်ဆုံးတစ်ယောက်နဲ့တစ်ယောက် သဘောထားခြင်းမတိုက်ဆိုင်ဘူးဆိုပြီး လမ်းခွဲတာမျိုးအထိဖြစ်သွားတတ်ကြပါတယ်။ ဆိုတော့ တစ်ချို့ယောက်ျားလေးတွေ အထင်လွဲတတ်ကြတဲ့အနီးစပ်ဆုံးအတွေးတစ်ချို့ဟာ ဘာတွေလဲဆိုတော့…
(၁) အရမ်းရစ်တယ်
မိန်းကလေးတော်တော်များများအပေါ်ယောက်ျားလေးတွေဟာ အရမ်းရစ်တတ်တယ် လို့အမြဲလိုလိုထင်စမှတ်ပြုကြပါတယ်။ တကယ်တော့မိန်းကလေးတွေဟာသူတို့ချစ်သူရဲ့အကြောင်းကို ခရေစိတွင်းကျသိချင်လို့ဘယ်သူနဲ့တွေ့နေလဲ ဘာလုပ်နေလဲ လိုက်မေးလိုက်ပြောပြီး တစ်တွက်တွက် ပြောဆိုနေတာဟာ ရစ်တာမဟုတ်ပဲကောင်လေးတွေကိုချစ်လို့ဆိုတာကိုသိထားဖို့လိုပါတယ်။ မိန်းကလေးတွေရဲ့စိုးရိမ်စိတ်နဲ့ စိတ်ပူစိတ်တွေ ချစ်တဲ့စိတ်တွေကြောင့်ပြောတဲ့စကားတွေမို့အရမ်းရစ်တယ်ဆိုတဲ့အမြင်လေးကိုချစ်တဲ့စိတ်လေးနဲ့ဖယ်ရှားပေးလိုက်ပါ။
(၂) ပိုက်ဆံမက်တယ်
ငွေဆိုတာကြီးကိုလူတိုင်းမက်ကြပါတယ်။ မက်ပုံမက်နည်းပဲကွာကြတာပါ။ မိန်းကလေးတွေက ငွေရှာဖို့ပြောတဲ့အခါငွေစကားပြောတဲ့အခါ ဒီငွေကိုဘာလို့ရှာခိုင်းတာလဲဆိုတဲ့အပေါ်မှာမူတည်ပြီးဆုံးဖြတ်ပါ။ ငွေရှာခိုင်းတာငွေလိုချင်တာဟာ သူ့ကောင်းကျိုးတစ်ခုတည်းအတွက်လား ဒါမှမဟုတ် ကိုယ်တွေနှစ်ယောက်လုံးရဲ့ဘ၀ရှေ့ရေးအတွက် လိုအပ်တဲ့နေရာတွေမှာသုံးလို့ရအောင်ကြိုစားခိုင်းတာလားဆိုတာကိုတွေးပြီးမှ ပိုက်ဆံမက်တဲ့သူဟုတ်လားမဟုတ်လားတွေးပေးသင့်ပါတယ်။
(၃) ဂုဏ်မက်တယ်
ကိုယ့်ချစ်သူကို ဘာကြီးဖြစ်အောင်ကြိုးစားနော် ညာကြီးဖြစ်အောင်လုပ်နော်လို့ဖြစ်စေချင်တဲ့စိတ်နဲ့တိုက်တွန်းတဲ့အခါကောင်လေးတွေစိတ်ထဲမှာတစ်ခါတစ်ရံကိုယ့်ချစ်သူကို ဂုဏ်မက်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ဒီလိုကြိုးစားခိုင်းတိုင်း ဖြစ်မလာရင်တောင်မှ အနားမှာမခွာပဲနေပေးတတ်တဲ့မိန်းကလေးတွေက ဂုဏ်မက်တယ်ဆိုတာထက် ကိုယ့်အောင်မြင်မှုကိုလက်ခုပ်တီးချင်ကြတာမို့ မိန်းကလေးတိုင်းကိုတော့ဂုဏ်မက်တယ်လို့အထင်မလွဲသင့်ပါဘူး။
(၄) သဘောထားသေးသိမ်တယ်
မိန်းမဆိုတာမျိုးဟာ ကိုယ့်ချစ်သူနဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိမခံ သ၀န်တိုတတ်ကြ တဲ့သူမျိုးပါ။ ဒါဟာလည်း တကယ်ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေပါ။ဒါကိုတစ်ခါတလေမထိန်းချုပ်နိုင်ပဲ အပြင်ကိုထုတ်ပြမိတဲ့အခါ သဘောထားသေးတဲ့မိန်းကလေး၊ ကိုယ့်ကို မယုံကြည်တဲ့သူလို့ယောက်ျားလေးတွေက အထင်လွဲစိတ်ပျက်တတ်ကြပါတယ်။
(၅) ရေသာခိုတယ်
မိန်းကလေးတွေဟာ သူ့ပတ်ဝန်းကျင် သူ့အလုပ်ခွင်ကြားမှာဘယ်လောက်ပဲ ထူးချွန်သူဖြစ်နေပါစေ၊ အောင်မြင်နေပါစေ၊ ပိုက်ဆံတွေရှာနိုင်နေပါစေ ကိုယ့်ချစ်သူကောင်လေးရှေ့ရောက်ရင် ကလေးလေးတစ်ယောက်လိုဖြစ်ချင်ကြပါတယ်။ ကိုယ့်ကောင်လေးကို အားကိုးလိုစိတ်နဲ့သေးသေးလေးတွေကအစ လုပ်ခိုင်းတတ်ကြပါတယ်။ ဒါဟာရေသာခိုချင်တဲ့စိတ်ကြောင့်မဟုတ်ပဲ အသေးမွှားလေးကအစ ကိုယ့်ချစ်သူက ကိုယ့်ကိုလုပ်ပေးပါလားဆိုတဲ့ခံစားချက်လေးကိုသဘောကျတာမို့အားကိုးတတ်ကြတာပါ။ ဒီလိုကောင်မလေးတွေဟာ အရေးရယ်အကြောင်းရယ်ပေါ်လာရင်
ကိုယ့်ဘက်ကနေလူသန်ကြီးသဖွယ်ကာကွယ်ပေးတတ်ကြတာမို့အထင်မလွဲသင့်ပါဘူး။
တစ်ယောက်ပေါ်တစ်ယောက် အထင်မြင်လွဲမှားခြင်းကင်းရှင်းပြီး တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ရင်း ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.