‘ No ‘ လို့ပြောမယ့်အစား မေးခွန်းထုတ်လိုက်တာက တစ်ဖက်သားအား ခံစားရသက်သာစေ

အကူညီလိုလို့ တောင်းတဲ့အခါ ‘ No ‘ လို့ ကြားရင် စိတ်ထဲအောင့်သက်သွားသလိုခံစားရပါတယ်။ ဒီစကားလုံးလေး နှစ်လုံးက ကိုယ့်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသလိုခံစားရတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ကို လူတွေ ဘယ်လောက်ဂရုစိုက်ကြောင်း လေ့လာကြည့်တဲ့အခါ ရှက်ကြောက်လာသလို ခံစားရပြီး ပြောချင်တဲ့စကားစကားတွေကို နှုတ်ခမ်းဝမှာတင် ပြန်မြိုချလိုက်ရတယ်။ ‘ No ‘ လို့ပြောခံရမှာကို ကြောက်လို့ပါ။ စကားပြောဆိုရာမှာ တစ်ဖက်သား မနာကျင်အောင် လိမ္မာပါးနပ်စွာပြောဖို့ လိုပါတယ်။

ဆိုပါတော့ သင်က ရုံးမှာအလုပ်ရှုပ်နေတယ်။ သင့်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့ပြဿနာနဲ့ပတ်သတ်ပြီး ခေါင်းစားနေလို့ အကူညီလာတောင်းမယ်။ သင့်မှာ အချိန်တကယ်မရှိဘူး။ လုပ်စရာအလုပ်တွေပုံနေတယ်။ ဒါပေမယ့် သင် ‘Yes’ လို့ဖြေလိုက်တယ်။ အခက်ခဲသိပ်ဖြစ်နေတဲ့အချိန် ကူညီပေးတဲ့လက်တစ်စုံရောက်လာရင် ဘယ်လောက်ထိဝမ်းသာဖို့ကောင်းလဲဆိုတာ… အဲ့ဒီခံစားချက်ကို သင်သိလို့ပါပဲ။

တစ်ချို့ က အကူညီတောင်းတာမဟုတ်ပဲ အထက်စီးဆန်သလို ခိုင်းချင်တဲ့ သဘောတွေရှိပါတယ်။ ခက်ခဲနေတာလား.. ကြောနေတာလားဆိုတာကိုတော့ သေချာခွဲခြားတတ်ဖို့လိုပါတယ်။ အကူညီတောင်းသလိုနဲ့ ခိုင်းနေတာဆိုရင် မေးခွန်းထုတ်လိုက်ပါ။ ငြင်းလည်း မငြင်းနဲ့ ။ လက်လည်း မခံနဲ့ ။ စကားကို လှည့်မေးပါ။

အကူညီတောင်းသမျှကို ကူညီပေးရင်း ကိုယ်ပိုင်အချိန်တွေ မဆုံးရှုံးပါစေနဲ့။ ကိုယ့်အတွက် အပန်းမကြီးရင် ၊ အခက်ခဲမဟုတ်ရင် ကူညီပေးလိုက်ပါ။ အလုပ်ပျက်ကိုင်ပျက် ၊ ကိုယ်ပိုင်ချိန်တွေ ဆုံးရှုံးလောက်တဲ့အထိတော့ မလိုပါဘူး။ ဒါကိုတော့ ကိုယ်ချင်းစာတတ်ရင် သူတို့နားလည်ပါတယ်။ ဒါကြောင့် အားနာတတ်တဲ့စိတ်ကို ထားသင့်တဲ့ နေရာမှာပဲထားပါ။ အထားမတတ်ရင် ကိုယ်ပဲခံရပါလိမ့်မယ်။
လူတိုင်းကို ‘Yes ‘ လို့ပြောစရာမလို ၊ ‘No’ လို့လည်း ပြောစရာမလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ချက် ချနိုင်ပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.