ကမ္ဘာတစ်ဝန်းက တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦရေ ပိုမိုများပြားလျက်ရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးဦးရေများပြားလာတာနဲ့အမျှ အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတွေကိုလည်း အခွင့်ရေးပေးနိုင်အောင် ဆောင်ရွက်လာကြပါတယ်။ အမျိုးသမီးများအခန်းကဏ္ဍနဲ့ အမျိုးသမီးရဲ့စွမ်းရည်ကို မြှင့်တင်နိုင်အောင်လည်း လုပ်ဆောင်လာကြတယ်။
ထိုသို့ ဆောင်ရွက်ရာကနေ နှစ်စဉ်နှစ်တိုင်း မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) လို့သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းမှအမျိုးသမီးကဏ္ဍာကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းနားတွေကျင်းပကြပါတယ်။ တစ်နှစ်တစ်ခါ ဆောင်ပုဒ်တစ်ခုထုတ်ပြန်ပြီး အမျိုးသမီးကဏ္ဍာကို မြှင့်တင် အသိပေးကြတယ်။
အမျိုးသမီးများ စွမ်းရည်ကိုမြင့်တင်ပေးပြီး တိုင်းပြည်နဲ့ လူမျိုးဖွံဖြိုးတိုးတက်အောင်လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်ပါတယ်။ ကမ္ဘာလူ့ဦးရေတိုးတက်များပြားလာချိန် ဒီလိုတိုက်တွန်းလိုက်ခြင်းမှာ တကယ်ကို အကျိုးကြောင်းဆက်စပ်မှုရှိပါတယ်။ ခေတ်ကာလအခြေအနေအရ လိုက်လျောညီထွေရှိသော တိုက်တွန်းဆော်သြမှုဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ပင်ကိုဗီဇဟာ များသောအားဖြင့် အားနွဲ့ကြသူများဖြစ်ပေမယ့် အမျိုးသားများနည်းတူ ကာယအား၊ ဥာဏအား ၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနဲ့ အပြိုင် လက်ရုံးရည်၊ နှလုံးရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရပါမယ်။ စိတ်ဓာတ်ကြံခိုင် ၊ အရည်ချင်းပြည့်ဝ ၊ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက်လုပ်ကိုင်နိုင်မှသာ အမျိုးသမီးများ စွမ်းရည်ပိုမိုတိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။
အစိုးရ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကလည်း အမျိုးသမီးများ စွမ်းရည်မြင့်တင်နိုင်ဖို့ အလေးထားဆောက်ရွက်ပေးသွားမှာဖြစ်ပါတယ်။အခုဆို ကျွန်တော်တို့ နိုင်ငံမှာအမျိုးသမီးအခန်း ကဏ္ဍကို အလေးထား လုပ်ဆောင်နေပြီး အမျိုးသားနည်းတူ တန်းတူအခွင့်ရေးလည်း ပေးထားနေပါပြီ။ အမျိုးသမီးများရဲ့စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာပါမယ်။ အမျိုးသမီးများ တိုးပွားလာမှုကြောင့် ဖြစ်လာနိုင်တဲ့ လုပ်အားဆုံးရှုံးမှုတွေလည်း ကာကွယ်နိုင်လာမယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ အရည်ချင်း ၊ အရည်သွေး လုပ်ကိုင်နိုင်စွမ်း ဖွံဖြိုးတိုးတက်အောင် အတူတကွမြှင့်တင်ပေးကြစို့ …
References : မြန်မာ့အလင်း သတင်းစာ ၂ဝ၁၅ မတ်လ (၈)ရက်နေ့