ခေါင်းဆောင်မှုစွမ်းရည်မြင့်မားလားစေဖို့

လူတိုင်းဟာ ဘယ်လိုနေရာ ဘယ်လိုPosition ပဲရောက်ရောက် Targetတစ်ခုစီတော့ရှိကြပါတယ်။ အောက်ခြေ၀န်ထမ်းဘ၀ပဲဖြစ်ဖြစ် ရာထူးကြီးတဲ့သူပဲဖြစ်ဖြစ် ကိုယ်တာဝန်ယူထားတဲ့အပိုင်းမှာခေါင်းဆောင်ကောင်းဖြစ်အောင်ကြိုးစားတတ်ကြပါတယ်။ ဆိုတော့ ကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းအင်ကို ဘယ်လိုတိုးတတ်အောင်ကြိုးစားသင့်သလဲဆိုတာ…
(၁) ကိုယ်တိုင်သင်ယူလေ့လာအားထုတ်ပါ
ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို ခေါင်းဆောင်နိုင်တဲ့ နေရာထိရောက်ဖို့ဆိုရင် ကိုယ်တိုင် အဆက်မပြတ်လေ့လာလိုက်စားနေဖို့လိုပါတယ်။ ငါအကြီးအကဲနေရာရောက်နေပြီးပဲဆိုပြီး လက်ရှိသိထားတာလေးလောက်နဲကျေနပ်မနေပဲ ကိုယ်တိုင်လေ့လာလိုက်စားမှုအဆက်မပြတ် လုပ်နေပါ။ ဒါမှ ကိုယ့်ရဲ့အရည်အချင်းပိုတိုးလာပြီး ခေါင်းဆောင်နိုင်မှုပိုမြင့်မားလာပါလိမ့်မယ်။
(၂) စာများများဖတ်ပါ
ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့စွမ်းရည်ကို မြှင့်တင်ချင်ရင် စာများများဖတ်ဖို့လိုပါတယ်။ စာမှန်သမျှကိုဖတ်ဖို့လိုတာပါ။ ခေါင်းဆောင်စွမ်းရည်မြှင့်တင်ဖို့က ပညာတတ်တိုင်းပြီးတာမဟုတ်ပဲ လူမှုဆက်ဆံရေး စကားလုံးအသုံးအနှုန်းပေါင်းသင်းဆက်ဆံရေးစသည်တို့လည်းအရေးပါတာကြောင့် စာဖတ်ရင်းနဲ့ကရတဲ့ ဒဿနတိုင်းကို လေ့လာမှတ်သားတတ်ဖို့လိုပါတယ်။
(၃) ပညာရဖို့ဆိုဝန်မလေးပါနဲ့
ခေါင်းဆောင်စွမ်းရည်ဖြစ်လာဖို့ တပည့်ကနေစခဲ့ကြတာပါ။ ဒါကြောင့်ကိုယ်လက်ရှိခေါင်းဆောင်ဖြစ်နေရင်တောင် ကိုယ်မသိတာကို ကိုယ့်လက်အောက်ငယ်သားကတတ်ရင် သူ့ဆီက ပညာတောင်းခံဖို့ဝန်မလေးပါနဲ့။ ခေါင်းဆောင်ကောင်းတစ်ဦးမှာရှိသင့်တဲ့ကျောသားရင်သားမခွဲခြားပဲ လူတိုင်းကို လေးစားစိတ်နဲ့သည်းခံစိတ်ကို တိုးမြှင့်ထားဖို့လိုပါလိမ့်မယ်
(၄) တာဝန်ယူဖို့ဝန်မလေးပါနဲ့
ခေါင်းဆောင်စွမ်းရည်မြင့်တက်ချင်ရင် တာဝန်ယူတတ်ဖို့လည်းလိုပါတယ်။ သူများမလုပ်ချင်လောက်အောင် ပျက်စီးနေတဲ့တာဝန်တစ်ခု ကိုယူရမယ်ဆိုရင်တောင်မငြီးမငြူနဲ့ကိုယ့်လက်ထဲမှာအကောင်းဆုံးဖြစ်အောင်ကြိုးစား ဖို့လိုပါတယ်။ လက်ရှောင်တတ်တဲ့သူဟာ ဘယ်တော့မှခေါင်းဆောင်ကောင်းဖြစ်မလာနိုင်ပါဘူး။
(၅) နည်းနည်းပြောပြီးများများနားထောင်ပါ
သူများတွေပြောတဲ့စကားတွေ အကြောင်း အရာတွေကို များများနားထောင်တတ်တဲ့အကျင့်လုပ်ပါ။ သူများပြောတဲ့အကြောင်းအရာတွေကရတဲ့ ဗဟုသုတတွေကို မှတ်သားရင်းပြောသင့်တဲ့အကြောင်းအရာကိုထိထိမိမိနဲ့လေးလေးနက်နက်ပြောတတ်တဲ့အကျင့်ကိုသုံးပါ။ ခေါင်းဆောင်ဆိုတာ သူများနဲ့အပြိုင်ငြင်းခုန်ပြောနေရမဲ့သူမျိုးမဟုတ်ပဲ သူများစကားတွေကိုနားထောင်ရင်း အဖြေကို ကောက်နှုတ်ချရမဲ့သူမျိုးမလို့နည်းနည်းပြောပြီးများများနားထောင်ပါ။
ရောက်တဲ့နေရာ တာဝန်ကျတဲ့Positionမှာထူးချွန်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာကြပါစေလို့ဆုတောင်းရင်း…

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.