Steve Jobs ပြောတဲ့ ဘဝနဲ့ပတ်သတ်တဲ့ သူ့ရဲ့ အမြင်

လူတိုင်း တွေ့ကြုံနေရတဲ့ အခြေအနေပေါ်မူတည်ပြီး စိတ်အတက်အကျဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ တစ်ချို့ သောကိစ္စတွေက လူတစ်ယောက်ရဲ့စိတ်ကို ဟိုးအောက်ဆုံးထိ ဆွဲချပစ်လိုက်သလိုပါပဲ။ အမည်မတတ်နိုင်တဲ့ စိတ်ဆင်းရဲမှုပေါင်းများစွာတွေ လူတိုင်းကိုယ်စီမှာရှိနေကြမှာပါ။ တကယ်တော့ ဒီလိုကြုံတွေ့ရတဲ့ စိတ်ဒုက္ခတွေဟာ သင့်ကိုထိပ်သို့ရောက်အောင် တွန်းပို့နေတဲ့ ခွန်အားဖြစ် အတွေ့အကြုံတွေပါပဲ။

Steve Jobs


စီးပွားရေးလောကရဲ့ အောင်မြင်မှုပန်းတိုင်ဆီ ကျွန်တော်ရောက်ခဲ့ပြီ။ လူတွေအမြင်မှာတော့ ကျွန်တော်က အောင်မြင်မှုရဲ့စံပြဆိုပေမယ့် အလုပ်လောကရဲ့အပြင်ဘက်တော့ ပျော်ရွှင်စရာဆိုတာ ကျွန်တော့်မှာ သိပ်မရှိခဲ့ဘူး။ နောက်ဆုံးမှာ ဥစ္စာ ဓနတွေကိုသာ ကျွန်တော်အကျွမ်းဝင်ခဲ့တယ်။ နေမကောင်းဖြစ်နေချိန် အိပ်ယာထဲလှဲပြီး စဉ်းစားမိတာက အရမ်းဂုဏ်ယူခဲ့ရတဲ့ လူတွေရဲ့အသိမှတ်ပြုမှုနဲ့
ဥစ္စာဓနတွေဟာ သေခြင်းတရားနဲ့ ယှဉ်လာရင်တော့ မှေးမှိန်ပျောက်ကွယ်သွားတယ်။

တဖြည်းဖြည်း ရွေ့ လျားလာတဲ့ သေမင်းရဲ့အသက်ရှုသံတွေကို ကျွန်တော်ခံစားမိနေတယ်။ ဘဝအတွက် လုံလောက်မယ့် ဥစ္စာပစ္စည်းတွေ စုဆောင်းပြီးတဲ့အခါ တကယ်ပျော်ရွှင်မှု အစစ်မှန်နောက်ကို ရှာဖွေသင့်တယ်။ ပိုအရေးကြီးတဲ့အရာတွေကတော့ ပေါင်းသင်းဆက်ဆံရေး ၊ အနုပညာတစ်ခုခု ၊ ငယ်ရွယ်စဉ်က မက်ခဲ့တဲ့ အိပ်မက်ဖြစ်ဖြစ်ပေါ့။

ပစ္စည်းဥစ္စာတွေနောက်ပဲ မရပ်မနားလိုက်နေမယ်ဆိုရင် လူသားမဆန်တဲ့သူတစ်ဦးဖြစ်သွားလိမ့်မယ်… ဘုရားသခင် ကျွန်တော်တို့ကို အာရုံခံနိုင်စွမ်းပေးထားခြင်းက လူတွေရဲ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ခံစားနိုင်အောင်လို့ပါ။ ပစ္စည်းကြွယ်ဝမှုတွေရဲ့ခဏတာ ပျော်ရွှင်မှုတွေအပေါ် သာယာနေဖို့မဟုတ်ပါဘူး။ သေရင် ဘယ်အရာမှ ကိုယ်နောက်မပါပါဘူး။ သေရင် ယူသွားလို့ရတာကတော့
ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အိပ်ယာက နာမကျန်းတဲ့ အိပ်ယာပါပဲ။ အရာရာကို ပိုက်ဆံပေးခိုင်းလိုက်ရင် အဆင်ပြေနိုင်ပေမယ့် ကိုယ်ခံစားရတဲ့ ဝေဒနာကိုတော့ ပိုက်ဆံပေးပြီး ခံစားခိုင်းလို့မရဘူး။ ပစ္စည်းတွေဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်။ ဆုံးရှုံးသွားရင် ဘယ်အရာနဲ့မှ ပြန်အစားထိုးလို့မရတာကတော့ ဘဝပါပဲ ။ နေ့ရက်တွေက ကြိုမမြင်နိုင်တဲ့အတွက် မိသားစုကို တန်ဖိုးထားပါ။ လက်တွဲဖော်နဲ့ ဘေးပတ်ဝန်းကျင်က မိတ်ဆွေတွေအားလုံးကို မေတ္တာတရား အပြည့်အဝပေးပါ။

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.