Fall 2018 Fashion Show အတွက် သစ်တောထဲမှာကျင်းပဖို့ မော်ဒယ်တွေကို Chanelက သေချာစီစဉ်ခဲ့ပါတယ်။ တကယ်ကို အံ့သြစရာကောင်းတဲ့ ရှိုးပွဲကြီးတစ်ခုပါပဲ။ ရှိုးပွဲ စင်ဒီဇိုင်းကို လေယာဉ်ကွင်း၊ အာကာသ စခန်းပုံစံတွေဖန်တီးပြီး ပွဲကြည့်ပရိသတ်များကို ဖမ်းစားနိုင်ခဲ့တာ တစ်နှစ်ပြီးတစ်နှစ် ရိုးကိုမရိုးနိုင်ပါဘူး။
Fall 2018 အတွက် ဖက်ရှင်ပွဲတော်ကတော့ သဘာဝတရားတွေနဲ့ အထိတွေ့ရှိအောင် သစ်တောပုံစံ ဒီဇိုင်းဖန်တီးပြီး သစ်ပင်တွေကြားမှာ သူတို့ runway ပေါ်လမ်းလျှောက်ကြပါတယ်။ သူ့ရဲ့ပွဲဖိတ်စာကိုလည်း သစ်ရွက်ပုံစံလေးနဲ့ ဒီဇိုင်းဆွဲထားပြီး runway မှာလည်း သစ်ရွက်ကြွေတွေချထားပါတယ်။ Fall 2018 ရှိုးကို Carla Bruni,Lily Allen,Keira Knightley တို့အားလုံး ပွဲသို့တက်ရောက်ကြပါတယ်။
ရှိုးမှာ ဟော့အဖြစ်ဆုံးကတော့ Chanel သိုးမွှေးကုတ်လေးပါပဲ ။ ပွဲတစ်ခုလုံးမှာပြသွားတဲ့ အကျီ င်္တွေအကုန်လုံး အနက်နဲ့ မီးခိုးရောင်ကိုသာ အရောင်အများဆုံးသုံးထားပါတယ်။ အပြာရောင် ၊ လိမ္မော်ရောင် နဲ့ ပန်းရောင်တို့ကို လက်ဝတ်တန်ဆာ နဲ့ အသုံးဆောင်ပစ္စည်းတွေမှာပဲ သုံးတာထားတာတွေ့ရပါတယ်။ Chanel ရဲ့  အကျီ င်္ဒီဇိုင်းတွေကတော့ မိန်းကလေးတွေရဲ့မျက်လုံးကိုညှိ့ယူဖမ်းစား
နိုင်ပါပြီ။