အိမ်အတွင်းပိုင်း ပြင်ဆင်မှုနဲ့ပတ်သတ်ပြီး စဉ်းစားမရဖြစ်နေသူများအတွက်

တစ်ခါတစ်လေ အိမ်အသစ်ပြောင်းတဲ့အခါ ကိုယ့်စိတ်ကြိုက် အိမ်အတွင်းပိုင်းပြင်ဆင်မှုကို ဖန်တီးမယ်လို့ စဉ်းစားထားပေမယ့် ဘယ်ကဘယ်လိုစလုပ်ရမယ်ဆိုတာကို စဉ်းစားမရဖြစ်တတ်ပါတယ်။ မှားလေ့ မှားထရှိတဲ့ အိမ်အတွင်းပိုင်း ပြင်ဆင်မှု အိုင်ဒီယာလေးတွေအတွက် ခေါင်းခြောက်နေရင် ဒီမှာနည်းလမ်းလေးတွေရှိနေပါပြီ။

အခန်းတိုင်းမှာ ကွဲပြားတဲ့ စတိုင်လ် ကိုယ်စီရှိ

အိမ်ကို ပြန်လည်ပြုပြင်တော့မယ်ဆိုရင် အိမ်မှာအခန်းဖွဲ့စည်းပုံတွေကို သေချာသတိထားပါ။ ဖွဲ့စည်းပုံအတိုင်း လိုက်ဖက်မယ့် အလှဆင်မှုကို ကိုယ်တိုင် အိုင်ဒီယာမထုတ်တတ်ရင် အင်တာနက်မှာ ရှာဖွေတီးခေါက်ကြည့်ပါ။ သေချာ ကိုယ်လိုချင်တဲ့ ဒီဇိုင်းရဖို့အထိ စိတ်ရှည်ရှည်နဲ့ရှာပါ။

ကလေးအခန်း ပရိဘောဂ

ကလေးအခန်းဆိုတော့ ချစ်စရာအရုပ်လေးတွေနဲ့ ပြင်ဆင်တာမှန်ပေမယ့် အရမ်းမျက်စိရှုပ်အောင် ပြင်ဆင်ထားတဲ့အခါ ကလေးလည်းစိတ်ရှုပ်တယ်။ ဒီတော့ အရောင်တွေအရမ်းတောက်တာ မသုံးပဲ မိုးပြာရောင်နဲ့ အဖြူဘက်စပ်တဲ့ အခန်းပြင်ဆင်မှုမျိုးကို သုံးပါ။

ဖန်စားပွဲ

ဖန်စားပွဲတွေဟာ အမြင်အားဖြင့်ကြည့်ရင်တော့ အိမ်တစ်အိမ်ကို ဆွဲဆောင်မှုရှိစေနိုင်ပေမယ့် ကလေးရှိတဲ့အိမ်ဆို သူ့ကိုမထားတာအကောင်းဆုံးပါပဲ။ ထိမိ ခိုက်မိတဲ့အခါဖန်ပေါ်မှာဆို အလွယ်တကူ ကွဲရှနိုင်ပါတယ်။ ရိုးရိုး သစ်သားစားပွဲတွေလည်း အမြင်လှတာလေးတွေရှိပါတယ်။

နံရံမှာ ပုံရိပ်တွေနဲ့ရှုပ်နေခြင်း

တစ်ချို့ တွေက ကြမ်းပြင်ပေါ်မှာ 3D ပုံတွေနဲ့အလှဆင်ရတာကို ကြိုက်ပါတယ်။ နံရံမှာ Wallpapers တွေ ၊ ဓာတ်ပုံတွေ ကပ်ရတာကြိုက်တယ်။ 3D တွေက ဓာတ်ပုံထဲကမှာသာလှပေမယ့် တကယ်တမ်းကျ လက်တွေ့မှာ မျက်စိနောက်ပါတယ်။ နံရံမှာ ဓာတ်ပုံတွေအများကြီးချိတ်ဆွဲတာထက်စာရင် တစ်ပုံ ၊ နှစ်ပုံလောက်ပဲ ထားတာက ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

Neon lights


အခုနောက်ပိုင်း Neon lights လေးတွေ တဖြည်းဖြည်းခေတ်စားလာကြပါတယ်။ အခန်းအမှောင်ချပြီး Neon lights နဲ့ ဓာတ်ပုံရိုက်ရတာလည်း အရသာတစ်ခုဖြစ်လာတယ်။ အိပ်ယာနား ၊ စာအုပ်စင်၊ စားပွဲနဲ့ အခြား ပရိဘောဂတွေမှာ အလှဆင်ရတာဟာ အခန်းတစ်ခုရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့တယ်။ ရာသီဥတု အေးအေးလေးနဲ့ဆို ဒီလို ပြင်ဆင်မှုက ပိုပြီးလိုက်ဖက်မှုရှိပါတယ်။

190 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.