ပရိသတ်တွေသိချင်နေကြတဲ့ Park Shin Hye ရဲ့ ချစ်သူက ဘယ်သူများလဲ?

မင်းသမီးချောလေး Park Shin Hye ကတော့ သူမရဲ့ အချစ်ရေးကို ပရိသတ်တွေကိုအသိပေးလိုက်ပါပြီ။သူမရဲ့ ချစ်သူကတော့ မင်းသားချော Choi Tae Joon ပါတဲ့။သူတို့က Joongang တက္ကသိုလ်မှာ အတူတူတက်တာဖြစ်ပြီး အဲ့ဒီကတည်းက ရင်းနှီးသွားခဲ့ကြတာဖြစ်တယ်လို့ ရင်းနှီးသူသူငယ်ချင်းတစ်ယောက်က ပြောပြခဲ့ပါတယ်။မင်းသား  Choi Tae Joon ဟာ မကြာသေးခင်က channel 7 မှာထုတ်လွှင့်ခဲ့တဲ့ Missing 9 ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်သလို နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Suspicious Partner ထဲမှာလည်း မင်းသား Ji Chang wook နဲ့တွဲဖက်သရုပ်ဆောင်ထားတာမြင်တွေ့ရပါတယ်။

Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ ဒိတ်ကတော့ တစ်ခါတစ်လေ Park Shin Hye ရဲ့ Chungdam-dong မှာရှိတဲ့တိုက်ခန်းမှာတွေ့ကြသလို တစ်ခါတစ်လေကျတော့  သူငယ်ချင်းတွေနဲ့အတူတူတွေ့ဆုံလေ့ရှိတယ်လို့သိရပါတယ်။မင်းသား Choi Tae Joon ရဲ့ သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်တွဲနေတာကိုသိကြတယ်လို့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကပြောပြခဲ့ကြောင်း  ကိုရီးယားမီဒီယာတစ်ခုကဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုတဲ့သတင်းက ၂၀၁၇၊ဧပြီလတုန်းကလည်း နှစ်ယောက်အတူမြင်တွေ့ခဲ့ရတာကြောင့်ကောလဟာလသတင်းထွက်ခဲ့ဖူးပါတယ်။ဒါပေမဲ့သူတို့က အခြေအနေအကြောင်းကြောင်းကြောင့် အဲ့ဒီသတင်းကိုငြင်းပယ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
ကောလဟာလသတင်းဆိုပြီးငြင်းပယ်ခဲ့ပေမဲ့လည်း ၂၀၁၇ သြဂုတ်လမှာ သူတို့နှစ်ယောက်ဟာ ပရိသတ်ရှေ့ကိုနှစ်ယောက်အတူထွက်ပြခဲ့ပြန်ပါတယ်။Park Shin Hye ရဲ့ မိဘတွေပိုင်တဲ့ဆိုးလ်မြို့၊ Gangdong-gu ကစားသောက်ဆိုင်မှာသူတို့ကိုအတူတွေ့ခဲ့တာဖြစ်ပြီးသူငယ်ချင်းတွေ၊ မိသားစုတွေ၊ရင်းနှီးသူမိတ်ဆွေအချို့ကတော့ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေမှန်းသိကြတယ်လို့လည်း အတွင်းသိအစင်းသိတစ်ယောက်ကနေပြောပြခဲ့ပါတယ်။

Park Shin Hye နဲ့ Choi Tae Joon တို့က အရင်ထွက်ရှိခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး သူငယ်ချင်းအရင်းကြီးတွေဖြစ်တယ်လို့ငြင်းပယ်ခဲ့ပေမဲ့လည်း မကြာသေးခင်က Dispatch က ဓာတ်ပုံနဲ့တကွချပြလိုက်တာကြောင့် Park Shin Hye ရဲ့ အေဂျင်စီကနေ “Park Shin Hye နဲ့ Choi Tae Joon တို့ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်လောက်မှာ စတွဲခဲ့ကြတာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်အားပေးကူညီခဲ့ကြတာဖြစ်တယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။Choi Tae Joon ရဲ့ အေဂျင်စီကလည်း “သူတို့စုံတွဲဟာ ပြီးခဲ့တဲ့နှစ်ကုန်လောက်မှာစတွဲခဲ့ကြတယ်ဖြစ်တယ်”လို့ဖွင့်ပြောပြခဲ့ပါတယ်။

အခုလက်ရှိမှာ မင်းသမီးချော Park Shin Hye ကလည်းပဲရစ်ကိုရောက်နေတာကြောင့် ဒီသတင်းတွေနဲ့ပတ်သက်ပြီးအတိအကျကိုတော့ ထပ်ပြီးစောင့်မျှော်ပေးကြပါဦး။

Congratulations to the new couple!

454 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.