ကခုန်ခြင်းဆိုတာ အပျော်သက်သက် ပျော်ရုံသက်သက် ၀ါသနာရုံသက်သက် ကတာမျိုးတင်မကပဲ ကျန်းမာရေးအတွက်ပါကောင်းကျိုးသုခတွေရရှိခံစားနိုင်တယ်ဆိုတာမမေ့ပါနဲ့။ အခုလိုတိုးတတ်ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ ကနည်းပေါင်းမျိုးစုံနဲ့ အကသင်တန်းတွေ၊ ကျန်းမာရေးအက စင်တာတွေ အမြောက်အမြားရှိလာကြပါပြီ။ ဆိုတော့ကခုန်ခြင်းကြောင့်းဘယ်လို အကျိုးရလဒ်တွေရရှိခံစားနိုင်သလဲဆိုတာ…
(၁) ညဏ်ပိုကောင်းစေတယ်
ကခုန်ခြင်းဟာ မှတ်ညဏ်စွမ်းအားကိုပိုမိုအားကောင်းစေတဲ့အားကစားတစ်မျိုးဆိုလည်း မမှားပါဘူး။ ကခုန်သူတွေရဲ့သဘာဝဟာ သူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုကကွက်တွေနဲ့မှတ်ညဏ်တွေဟာ တစ်ထပ်တည်း တစ်ကြိမ်ထဲမှာ ပြိုင်တူအလုပ်လုပ်ရင်းကခုန်ကြတာပါ။ ဒါကြောင့်ကခုန်နေစဉ်မှာ ခန္ဓာကိုယ်ပဲ အလုပ်လုပ်နေရတာမဟုတ်ပဲ မှတ်ညဏ်ကပါအလုပ်လုပ်ရတာကြောင့် ဦးနှောက်အလုပ်ပိုလုပ်ဖြစ်ကာညဏ်ပိုကောင်းစေပါတယ်။
(၂) ကြွက်သားတွေကိုပိုမိုသန်မာစေတယ်
ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ကြွက်သားတွေဟာ ကခုန်ခြင်းကြောင့် ပုံမှန်အချိန်ထက်ပို အလုပ်လုပ်ရပြီး လှုပ်ရှားကြရပါတယ်။ မြန်မြန်ပဲကက ဖြေးညင်းစွာပဲကက ဘယ်လိုအကမျိုးမှမဆိုကြွက်သားတွေရဲ့အားနဲ့ကရတာကြောင့် အချိန်ကြာလာတာနဲ့အမျှခန္ဓာကိုယ်ကြွက်သားတွေဟာ ပိုမိုသန်မာလာစေပြီး ကြံ့ခိုင်သန်မာစေပါတယ်။
(၃) အမောခံနိုင်တယ်
အကကတဲ့သူတွေဟာ ပုံမှန်လူတွေထက်ပိုပြီး အမောခံနိုင်တယ်ဆိုတာလုံးဝမမှားတဲ့အရာပါ။ ကခုန်ခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာစေပြီး အမောခံနိုင်တဲ့သက်လုံစွမ်းအင်တွေပါပိုမိုတိုးတတ်လာတာကြောင့် ကခုန်ခြင်းကို ၀ါသနာအရမဟုတ်ရင်တောင် သက်လုံကောင်းစေဖို့အားကစားတစ်ခုအနေနဲ့လုပ်သင့်ပါတယ်။
(၄) အိုမင်းခြင်းကိုနှေးကွေးစေတယ်
အိုမင်းခြင်းဆိုတာရှောင်လွဲလို့ရတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပင်မဲ့ကခုန်ခြင်းဟာ အိုမင်းခြင်းကို မရှောင်နိုင်ရင်တောင် စိတ်ဖိစီးမှုလျော့ပါးသွားတဲ့အားကစားနည်းတစ်ခုဖြစ်တာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
(၅) ၀ိတ်ကျစေတယ်
ကခုန်ခြင်းကို ၀ါသနာအရပဲလုပ်လုပ် အားကစားအနေနဲ့ပဲလုပ်လုပ် ဘယ်လိုအကြောင်းနဲ့လုပ်လုပ် ရက်မပြတ်ပဲ ပုံမှန်လေး Targetတစ်ခုထားပြီးလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ဟာ ကျော့ရင်းတောင့်တင်းလာပြီး ၀ိတ်တအားမကျရင်တောင် ကျစ်ကျစ်လျစ်လျစ်နဲ့သူ့နေရာသူပုံကျတဲ့ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်လေးဖြစ်နေမှာပါ။ဒါကြောင့်ခန္ဓာကိုယ်ကို ထိန်းသိမ်းချင်တယ် Gym လည်း မစားနိုင်ဘူး။ အစားလေးလည်း ပုံမှန်အတိုင်းစားချင်သေးတယ် ဆိုရင်တော့ ကခုန်ခြင်း အားကစားဟာ အသင့်တော်ဆုံးဖြစ်နေမှာပါ။
ကခုန်ခြင်းဖြင့် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာတွေကို ပိုင်ဆိုင်ကာ ကျန်းမာစွာနေထိုင်နိင်ကြပါစေလို့ဆုတောင်းရင်း…
ကခုန်ခြင်းရဲ့အကျိုးကျေးဇူး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။