သင့်ချစ်သူကသင့်ကိုချုပ်ကိုင်လွှမ်းမိုးနေကြောင်း ပြနေတဲ့အချက်တွေ

အချစ်ဆိုတာအပြန်အလှန်အလွှမ်းမိုးခံရခြင်းပါ။ဟုတ်ပါတယ်။အချစ်ဆိုတာအပြန်အလှန်ကူညီဖေးမလျှောက်လှမ်းခြင်းလည်းဖြစ်ပါသေးတယ်။ဒါပေမယ့် အချစ်ဆိုတာ ဂုတ်ကနေဆွဲကိုင်ပြီးအတင်းအကျပ်ပုံစံသွင်းခြင်းတော့မဟုတ်ပါဘူး။အချစ်ဆိုတာသင့်ရဲ့မပြည့်စုံမှုတွေကိုသိတာတောင် ဆက်ချစ်ပေးနေခြင်းဖြစ်သလို သင့်ရဲ့မပြည့်စုံမှုတွေကို ပြည့်စုံလာအောင်ဖြည့်ဆည်းပေးခြင်းလည်းဖြစ်ပါတယ်။ မင်းသားလေးကိုချစ်မိလို့ အမြီးအဆုံးခံပြီး ခြေထောက်ရအောင်ပြောင်းပစ်လိုက်တဲ့ ရေသူမလေးအေရီရယ်တို့ မင်းသမီးလေးရဲ့ချစ်မေတ္တာတွေနဲ့ လူဘဝပြန်ရောက်လာတဲ့ သားရဲတိရစ္ဆာန်ကြီးတို့ဆိုတာက လူတွေဖန်တီးထားတဲ့နားထောင်ကောင်းရုံအိပ်ရာဝင်ပုံပြင်တွေထက်မပိုပါဘူး။တကယ့်အချစ်စစ်ဆိုတာက ပုံပြင်တွေထက်ရိုးရှင်းပါတယ်။အဲဒီ့ပုံပြင်ဇာတ်လမ်းတွေကသာ သဘာဝကျကျဖြစ်ရပ်မှန်တွေဖြစ်ခဲ့မယ်ဆိုရင် အေရီရယ်ဇာတ်လမ်းမှာ ရေသူမလေးကဘယ်တော့မှ ခြေထောက်တွေရလာမှာမဟုတ်ဘူးလေ။ခြေထောက်တွေရမလာလည်းမင်းသားလေးကတော့ချစ်မှာပဲ။နင့်မှာခြေထောက်မရှိလို့ငါမချစ်ဘူးဆိုတာမျိုးမှမရှိတာ။ ဒါကမှတကယ့်အချစ်စစ်ပါ။သင့်ချစ်သူက ဒီိအချက်တွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ သင့်ကိုချုပ်ကိုင်လွှမ်းမိုးချင်နေတာအသေအချာပါပဲ။

 

သင့်ကိုအထင်သေးနေမယ်

မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် ဒဲ့ပဲဖြစ်ဖြစ်သင့်ကိုအထင်သေးတဲ့အမူအရာတွေပြထားမယ်။သင်ကလည်းသူ့ဘက်ကကြည့်ရင်အထင်သေးလောက်စရာဖြစ်နေမယ်။ဘေးပတ်ဝန်းကျင်က သင်နဲ့သူနဲ့မတန်ဘူးလို့ပြောကြတဲ့အခါ သူက ဒေါသထွက်ရမယ့်အစားသဘောကျနေမယ်။

 

သင့်စကားဆို မယုံသင်္ကာဖြစ်မယ်

သင်ဘာပြောပြောသူ့အနေနဲ့တန်းပြီးယုံလိုက်တယ်ဆိုတာ တစ်ခါဖူးမျှကိုမရှိပါဘူး။တစ်ယောက်ယောက်ကိုဟုတ်ရဲ့လားလို့မေးတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့အတည်ပြုတာပဲဖြစ်ဖြစ်လုပ်ပြီးမှယုံတတ်တယ်။သင်ကတစ်ခုခုပြောဖို့ပြင်လိုက်တာနဲ့သူက ဘာမဟုတ်တာပြောဦးမလို့လဲဆိုတဲ့အကြည့်တွေနဲ့ကြည့်နေမယ်။

 

သင့်ကို စိတ်တိုင်းမကျဘူး

သင်ဘယ်လောက်ပဲကြိုးစားပြီိးကောင်းအောင်နေနေ သူ့မှာ သင့်ကိုစိတ်တိုင်းမကျတာတစ်ချက်ချက်ကတော့အမြဲရှိနေမယ်။သင်ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ်အပြစ်ရှာနေပြီး အပြစ်တစ်ခုခုကအမြဲတွေ့နေမယ်။ သင့်ကိုဘယ်လောက်ထိစိတ်တိုင်းမကျကြောင်းတွေတဖွဖွပြောမယ်။

 

သင့်ကိုသူများတွေနဲ့နှိုင်းယှဉ်မယ်

ကြည့်စမ်း သူများရည်းစားတွေဆိုဘယ်လိုသိလား။ဘာဖြစ်တယ်။အသုံးကိုမကျဘူးဘာညာဆိုတာတွေကသူ့ရဲ့လက်သုံးစကားပါ။သင့်ကိုကောင်းစေချင်တာပိုတော်စေချင်တာပိုတတ်စေချင်တာဆိုတာတွေတဖွဖွပြောပြီးတကယ်တမ်းတော့ သင့်ကိုစိတ်ဆင်းရဲအောင်လုပ်နေတာပါပဲ။

 

သင့်ကိုအတင်းအကြပ်ပြောင်းလဲခိုင်းမယ်

သင်ကမြန်မာဆန်ဆန်လေးပဲနေချင်တာကို သူကအတင်းခေတ်ဆန်အောင်ပြောင်းလဲခိုင်းတာကအစ သင်က ပန်းချီဝါသနာပါတာကို သူက Management သင်တန်းတွေတက်ခိုင်းတာအဆုံး သင့်ကိုသူ့စိတ်ကြိုက်အစစအရာရာအရေခွံချွတ်ပြောင်းလဲပစ်ဖို့ကြံနေတာပါ။မခံပါနဲ့။

 

သင့်နဲ့တစ်သက်လုံးနေရမှာ သင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာမှတ်ထားပါ။ သူများကလွှမ်းမိုးချုပ်ကိုင်တာကိုခံနေစရာဘာအကြောင်းမှကိုမရှိပါဘူး။သူကြိုက်တဲ့အရည်အချင်းတွေရှိတဲ့သူကိုသွားကြိုက်ချေ ငါ့ကိုလာမကြိုက်နဲ့လို့ ခပ်တင်းတင်းပဲပြောလိုက်ပါ။

367 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.