သတ်သတ်လွတ်စားခြင်းရဲ့ အကျိုးကျေးဇူးများ

အသားငါးတွေမစားပဲအသီးအရွက်တွေသာစားတဲ့သူတစ်ယောက်မှာ အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တယ်လို့သိရပါတယ်။အသားတွေ၊ငါးတွေကိုရှောင်ကြဉ်လိုက်တာက တိရစ္ဆာန်လေးတွေ အတွက်ရော၊ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်တဲ့အလားအလာတစ်ခုဖြစ်ပါတယ်။သတ်သတ်လွတ်စားမယ်ဆိုရင်  ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတော့…

၁။ကိုယ်အလေးချိန်ညီမျှမယ်

အသားငါးတွေစားတာက အသားဓာတ်ပြည့်ဝ၊၀ိတ်တက်စေပြီး အသီးအရွက်စားတာက ကျန်းမာရေးနဲ့ညီညွတ်စေတယ်ဆိုတာအားလုံးသိပြီးသားပါ။အသီးအရွက်တွေမှာပါတဲ့ဗီတာမင်ဓာတ်တွေကြောင့် အသားအရည်ကိုလည်းလှပစေပြီး ခန္ဓာကိုယ်ထဲကအဆီပိုတွေ၊အဆိပ်အတောက်တွေကိုပါဖယ်ရှားပေးနိုင်တဲ့အတွက် အ၀လွန်ခြင်းကိုကာကွယ်ပြီးသားဖြစ်စေပါတယ်။အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေက ကျန်းမာရေးကိုလည်းညီညွတ်စေလို့ နေ့တိုင်းစားလေ အားအင်ဖြစ်လေပါပဲ။

၂။နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးတယ်

အသားငါးတွေဖြတ်တောက်လိုက်တာက ကိုယ်အလေးချိန်ကိုကျဆင်းစေသလို နှလုံးရောဂါဖြစ်ပွားနှုန်းကိုလည်းလျှော့ချပေးတယ်လို့ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။Harvard Health Publications ကလည်းသတ်သတ်လွတ်သမားတွေက သွေးဖိအားလည်းနည်းပြီးအသားစားသူတွေထက် ကိုလက်စထရောဓာတ်နည်းပါးပါတယ်။အဲ့ဒါကြောင့် အသားစားသူတွေထက်နှလုံးရောဂါဖြစ်ပွားမှုနှုန်းပိုနည်းပါးတယ်လို့အကြံပေးပြောကြားထားပါတယ်။

၃။ကင်ဆာရောဂါကိုကာကွယ်နိုင်တယ်

၂၀၁၆ခုနှစ်တုန်းက အစားအစာနဲ့အာဟာရဆိုင်ရာလေ့လာချက်တွေအရ သတ်သတ်လွတ်၊အသီးအရွက်စားသမားတွေဟာ ကင်ဆာရောဂါကိုတွန်းလှန်နိုင်တယ်လို့သိရပါတယ်။၁၅ရာခိုင်နှုန်းတောင်ကင်ဆာဖြစ်ပွားနှုန်းလျှော့ချနိုင်ပါတယ်။အနီရောင်အသားစားသူတွေက တခြားသောကင်ဆာရောဂါတွေလည်းဖြစ်ပွားနှုန်းပိုများတယ်လို့သိရပါတယ်။

၎။ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်တယ်

သတ်သတ်လွတ်စားသမားတွေရဲ့ ကောင်းကျိုးတွေကတော့အသက်ရှည်ကျန်းမာတာပါပဲ။အသားငါးတွေမစားတဲ့အခါခန္ဓာကိုယ်ထဲမှာ သန့်ရှင်းနေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုတောင်လျှော့ချကာကွယ်နိုင်တယ်လို့သိရပါတယ်။အသားစားသူတွေရဲ့ သွေးထဲမှာအင်ဆူလင်ဓာတ်က များပြားတာမို့လို့ အသီးအရွက်စားသမားတွေထက်ပိုပြီးဆီးချိုဖြစ်နှုန်းများပါတယ်။တကယ်လို့သင်က ဆီးချိုရှိနေပြီးသားဖြစ်ရင်တောင် အသားမစားတဲ့အတွက်အကျိုးကျေးဇူးတွေရနေဦးမှာပါ။သတ်သတ်လွတ်သမားတွေကသွေးထဲကအင်ဆူလင်ဓာတ်ကိုထိန်းချုပ်ပေးနိုင်လို့ဆီးချိုရောဂါအမျိုးအစား ၂သမားတွေအတွက် ဆီးချိုတက်မှာကိုစိုးရိမ်စရာမလိုပါဘူး။ဒါ့အပြင်ကိုယ်အလေးချိန်ကိုညီမျှစေတာမို့လို့သွေးထဲကသကြားဓာတ်ကိုပါလျော့နည်းစေပါတယ်။

၅။ငွေကုန်ကြေးကျသက်သာတယ်

ဒီနေ့ခေတ်ကြီးထဲမှာ အသားငါးတွေကဈေးတက်နေလို့အသီးအရွက်များများစားတာကလည်းငွေချွေတာနည်းတစ်မျိုးပါပဲ။ကျန်းမာရေးအတွက်လည်းကောင်းမွန်စေတဲ့အပြင် အသီးအနှံတွေ၊အသီးအရွက်တွေစားတာက သင့်ရဲ့ အသုံးစရိတ်ကိုလျှော့ချပေးပြီးငွေစုမိစေပါတယ်။

သတ်သတ်လွတ်စားတာက ကျန်းမာရေးအတွက်ရော၊စီးပွားရေးအတွက်ပါအဆင်ပြေအကျိုးရှိစေလို့ တစ်လကို တစ်ပတ်ဖြစ်စေ၊နှစ်ပတ်ဖြစ်စေ နေ့တိုင်းသတ်သတ်လွတ်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကထူးထူးခြားခြားပေါ့ပါးလန်းဆန်းလာတာကိုခံစားရပါလိမ့်မယ်။

 

129 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.