မိန်းကလေးတွေသဘောကျတဲ့ ယောက်ျားလေးတွရဲ့ပုံစံ

စိတ်ပညာရှင် Janine Willis နဲ့ Alexander Todorov တို့က မိန်းကလေးတွေတစ်ချက်မြင်ရုံနဲ့တင် ကြွေဆင်းသွားနိုင်တဲ့ ယောက်ျားလေးတွေရဲ့ကိုယ်အမူအရာစတိုင်လ်တွေကို လေ့လာခဲ့ပါတယ်။ စကားပြောကောင်းဖို့တစ်ခုတည်းတင်မဟုတ်ပါဘူး.. ယောက်ျားလေးဟာ မျက်နှာအမူရာရော၊ ဝတ်စားပုံတွေကပါ စမတ်ကျနေမှ အမှတ်ပေးချင်စရာဖြစ်မှာကိုး…

အဝတ်စား


မိန်းကလေးတွေက ယောက်ျားလေးတွေကို ပထမဆုံးမြင်တဲ့အခါ အကျီ င်္အဝတ်စားကိုအရင်ဆုံးကြည့်ကြပါတယ်။ ကိုယ်ကျပ်အကျီ င်္ထက် နည်းနည်းကွက်တိကျတဲ့ အကျီ င်္မျိုး သပ်သပ်ရပ်ရပ်ဝတ်ထားတာကို မိန်းကလေးတွေ ပိုသဘောကျပါတယ်။ မိန်းကလေးတွေက သေးမွှားတဲ့ အမှားမျိုးတွေကို ခွင့်လွှတ်ပေးနိုင်တာမို့ သင်က စတိုင်လ်နဲ့ပတ်သတ်ပြီး နည်းနည်းအမြင်မရှိလည်း ဘာမှတော့မဖြစ်ပါဘူး။

ဆံပင်ပုံစံ


ဆံပင်က တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ ဘယ်လိုပုံစံပဲဖြစ်ပါစေ ယောက်ျားလေးဟာ ဆံပင်သပ်သပ်ရပ်ရပ်၊ မျက်နှာနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုးဆိုရင် မိန်းကလေးတွေသဘောကျပါတယ်။ ဆံပင်ကို ပုံမှန်လျှော်ပေးဖို့လိုပါတယ်။ အခြေအနေနဲ့ အချိန်ခါလိုက်ပြီး ဆံပင်ဂျယ်ကိုလိမ်းတတ်ဖို့ပဲလိုပါတယ်။

လမ်းလျှောက်ပုံနဲ့ အမူရာ


အားအင်အပြည့်၊ ရည်မှန်းချက် နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ယောက်ျားမျိုးဟာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ အောင်မြင်နေတဲ့ယောက်ျားတစ်ယောက်ဆိုတာ ဖော်ပြနေသလို ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ.. လူတွေနဲ့လိုက်လျောညီထွေနေတတ်တဲ့ လူမျိုးဆိုတာ ပေါ်လွင်တယ်။

ခန္ဓာကိုယ်တည်ဆောက်ပုံ


ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း မိန်းကလေးတွေရဲ့အမြင်မှာ အရေးပါပါတယ်။ ခန္ဓာကိုယ် တောင့်တင်းခိုင်မာမှုရှိမှ ဒီယောက်ျားလေးကိုသူဘယ်လောက်ထိ အားကိုးနိုင်မလဲဆိုတာကို ချင့်ချိန်စဉ်းစားမှာပါ။ တကယ်ချစ်ရင်တော့ ကိုယ်မလှလည်း သူချစ်မှာပါ။ ဒါပေမယ့် ပထမဆုံး သူ့ရဲ့ အမြင်မှာ ကိုယ်က ဆွဲဆောင်မှုရှိနေရင်တော့ ပိုကောင်းတာပေါ့။

ဖိနပ်


ဖိနပ်ကိုလည်း မိန်းကလေးတွေ အရေးပေးကြည့်ပါတယ်။ ဖိနပ်ကို ဘယ်လိုပုံစံဝတ်တာလဲ။ ဖိနပ်ရော သန့်ရှင်းရေးလုပ်ရဲ့ လား.. ခြေသည်းတွေရော ညှပ်ရဲ့လားဆိုတာ သေချာကြည့်ပါတယ်။ အပေါ်က ဘယ်လောက်ပဲအကောင်းစားတွေ ၀တ်ထားပါစေ။ အောက်က ဖိနပ်မပေါ်လွင်ရင်လည်း ရှိုးပျက်ပါတယ်။ ဖိနပ်က အရမ်းအကောင်းစားကြီးမဟုတ်ရင်တောင် ဈေးသင့်ပြီး အမြင်လှတဲ့ဖိနပ်မျိုးတွေရှိပါတယ်။ ရွေးချယ်တတ်ပါစေနော်။

274 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.