ရက်လွန်ဒိတ်ကြည့်စရာမလိုတဲ့ စားသောက်ကုန်များ

အစားသောက်တစ်ခု စားတော့မယ်ဆို ရက်လွန်ပြီလား …၊ မလွန်သေးဘူးလား ကြည့်နေရတာ အမောပါပဲ။ တစ်ခါတစ်လေ ဒိတ်မကြည့်ပဲ ဝယ်လိုက်မိရင် ပိုက်ဆံကုန်သွားတာပဲအဖတ်တင်တယ်။ ဒီအစားသောက်တွေကတော့ ရက်လွန် ၊ မလွန် ကြည့်နေစရာမလိုပဲ နှစ်ပေါင်းများစွာကြာလည်း စားလို့ရနေတဲ့ စားသောက်ကုန်တွေပဲဖြစ်ပါတယ်။

ဆန်


ဆန်ကို အပူချိန် 4.5°C နဲ့ သိုလှောင်ထားတာ အကောင်းဆုံးပါပဲ။ ဆန်တွေကို ပလတ်စတစ် ပုံးကြီးထဲမှာဖြစ်ဖြစ်၊ ဖန်ဘူးထဲမှာ သိမ်းဆည်းထားရင် ပိုကောင်းပါတယ်။ လေ့လာမှုများအရ ဒီလိုအခြေအနေတွေမှာဆို ဆန်တွေကို နှစ် ၃ဝကြာ
သိမ်းဆည်းထားလည်း အနံ့နဲ့ အာဟာရတွေက မပျောက်ပျက်သွားဘူးလို့ သိရပါတယ်။

နို့မှုန့်


နို့မှုန့်ကို အကြာကြီးသိမ်းဆည်းထားလည်း ဘာမှမဖြစ်ပါဘူး။ သူ့ရဲ့အရသာနဲ့ အာဟာရတွေကရှိနေဆဲပါပဲ။ လေလုံတဲ့ ဘူးထဲမှာ အချိန်ကြာကြာသိမ်းထားပါ။

ပဲငံပြာရည်


ပဲငံပြာရည်ကို အလွန်ဆုံး ၃နှစ်ထိ သိမ်းဆည်းထားနိုင်ပါတယ်။ တကယ်လို့ အဖုံးဖွင့်လိုက်တယ်ဆိုရင်တောင်ပေါ့။ ပဲငံပြာရည်ရဲ့အမျိုးစားပေါ် မူတည်ပြီးတော့ အရည်သွေးတွေလည်း ကွဲပြားသွားနိုင်ပါတယ်။ သိမ်းဆည်းရမယ့် အပူချိန်လည်းမတူတော့ဘူးပေါ့။ ဥပမာ အရည်သွေးကောင်းတဲ့ ပဲငံပြာရည်ဆိုရင် လပေါင်းများစွာကနေ ၂နှစ်လောက်ထိခံပါတယ်။ သုံးနှစ်ထက်ပိုလည်း ပိုသွားနိုင်ပါတယ်။
ဒါကြောင့် ယုံကြည်စိတ်ချရပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပစ္စည်းမျိုးသုံးစွဲတာ အကောင်းဆုံးပါပဲ။

မေပယ်ရည်


Massachusetts မှ မေပယ် ထုတ်လုပ်ရေးအဖွဲ့စည်းမှ လေ့လာမှုအရ အဖုံးမဖွင့်ရသေးတဲ့ မေပယ်ရည်ဟာ အချိန်အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်ပါတယ်။ အဖုံးဖွင့်ပြီးရင်လည်း ရေခဲသေတ္တာထဲသိမ်းထားမယ်ဆို နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်တဲ့။

ပဲတောင့်

Brigham Young တက္ကသိုလ်မှ သုတေသီတွေလေ့လာမှုအရ ပဲတောင့်တွေကို နှစ် ၃၀ကြာသိုလှောင်ထားရင် အသွင်ပြင်ပုံစံတော့ပြောင်းသွားနိုင်ပေမယ့် အထဲအနှစ်အာဟာရတွေကတော့ ကျန်ရှိနေဆဲပါပဲ။ အခြားပဲတောင့်တွေလည်း ဒီလိုပဲနှစ်ပေါင်းများစွာ သိမ်းဆည်းထားနိုင်ကြောင်းသိရပါတယ်။

ဆား

ဆားဆိုတာလည်း ဓာတ်သတ္တုတစ်မျိုးပါပဲ။ စားသောက်ကုန်တော့မဟုတ်ဘူး။ ဘာလို့သူ့ကို အလွယ်တကူအရည်ဖျော်ပစ်လို့ရတာလဲ? သူ့သတ္တုက ရေထဲမှာလျင်မြန်စွာပျော်ဝင်နိုင်ပြီး ကြီးမားတဲ့ ကျောက်စိုင်တုံးကြီးအဖြစ်လည်းပြောင်းလဲနိုင်တယ်။ ဆားကိုတော့ တစ်နှစ်နီးပါးပဲ သိမ်းထားလို့ရပါတယ်။

အရက်

ဗော်ကာ ၊ ၀ီစကီ ၊ ရမ်နဲ့ cognac တို့မှာ ရက်လွန်ဒိတ်မရှိပါဘူး။ အေးတဲ့နေရာမှာ သိမ်းထားဖို့တော့လိုပါတယ်။

223 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.