Lavender ပန်းခင်းကြီးဆီသွားလည်ချင်တယ်ဆိုရင် ဒါလေးတွေတော့မှတ်ထားသင့်

ပြင်သစ်နိုင်ငံ၊အရှေ့တောင်ပိုင်းအရပ်က Provence ဒေသဟာ  လာဗင်ဒါပန်းခင်းတွေကြောင့်အထူးထင်ရှားကျော်ကြားတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီဒေသကိုသွားရောက်ပြီးလာဗင်ဒါပန်းခင်းတွေကြည့်ဖို့စိတ်ကူးအိပ်မက်ရှိတယ်ဆိုရင် ဒီအချက်လေးတွေကိုသေချာမှတ်ထားသင့်ပါတယ်။ပြီးပြည့်စုံတဲ့အိပ်မက်တစ်ခုကိုပုံဖော်ချင်တယ်ဆိုရင်ပေါ့။

လာဗင်ဒါပန်းခင်းကိုသွားချင်တယ်၊သွားကြည့်ချင်တယ်၊ပန်းခင်းကြီးနဲ့ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်…

၁)လာဗင်ဒါပန်းတွေဟာ ဇွန်လကုန်နဲ့ဇူလိုင်လလယ်လောက်မှာ အလှဆုံးဖူးပွင့်ကြပါတယ်။တခြားအချိန်တွေသွားရင်တော့ခရမ်းရောင်သမ်းပြီးချစ်စရာကောင်းတဲ့ပန်းခင်းကြီးကိုမြင်တွေ့ရမှာမဟုတ်ပါဘူး။ဇွန်လမှာ ပန်းတွေစပွင့်တာဖြစ်ပြီး ဇူလိုင်လကုန်ဒါမှမဟုတ် သြဂုတ်လအစပိုင်းမှာရိတ်သိမ်းကြတယ်လို့သိရပါတယ်။လာဗင်ဒါပန်းခင်းကြီးကို အပြည့်အ၀လှလှပပမြင်တွေ့ချင်တယ်ဆိုရင် ဇူလိုင်လရဲ့ ပထမအပတ်နဲ့ဒုတိယအပတ်ထဲအရောက်သွားဖို့အကြံပေးချင်ပါတယ်။

၂) Provence ဒေသမှာရှိတဲ့နေကြာပန်းခင်းကိုပါတစ်ဆက်တည်းမြင်ချင်တယ်ဆိုရင်တော့ ဇူလိုင်လအစပိုင်းမှာ သွားတာအကောင်းဆုံးပါပဲ။ဇူလိုင်လထဲမှာ ပန်းတွေကအလှဆုံးဖူးပွင့်တာမို့လို့ စိတ်ကိုလည်းကြည်နူးစေတဲ့အပြင်တကယ့်ကိုအမှတ်တရဓာတ်ပုံလှလှလေးတွေပါရိုက်ကူးလို့ရမှာပါ။

၃)လာဗင်ဒါပန်းပွဲတော်ကို ဆင်နွှဲချင်တယ်ဆိုရင် ပန်းပွဲတော်ကျင်းပတဲ့ရက်လေးတွေကိုမှတ်ထားပြီးသေချာပေါက်သွားကြည့်သင့်တယ်နော်။တကယ်လို့ဇူလိုင်လဒုတိယပတ်ထဲမှာ လာဗင်ဒါပန်းခင်းကိုလာကြည့်မယ်ဆိုရင် ဇူလိုင် ၁၄ရက်နေ့ Barjac ဒေသမှာကျင်းပမယ့် Lavande en fete ပွဲတော်ကိုပါဝင်ဆင်နွှဲနိုင်ပါတယ်။ပုံထဲမှာပြထားတဲ့အတိုင်း ပန်းပွဲတော်ကျင်းပကြတယ်ဆိုပေမဲ့ မသွားခင်လအနည်းငယ်အလိုလောက်မှာသေချာအောင်ပြန်လည်စစ်ဆေးဖို့လည်းမမေ့နဲ့နော်။

၎)လာဗင်ဒါပန်းခင်းကို တစ်ပတ်လောက်အချိန်ရမယ်ဆိုရင် အေးအေးဆေးဆေးကြည့်ဖို့လည်းမမေ့နဲ့နော်။၂ရက်တည်းအချိန်ပေးပြီးသွားလည်မယ်ဆိုရင်တော့ နည်းနည်းပူတာကြောင့်သွားရလာရတာပင်ပန်းနိုင်ပါတယ်။၃ရက်၊၄ရက်လောက်ရရင်တော့ အေးဆေးလာဗင်ဒါပန်းခင်းကိုလည်ပတ်ကြည့်ရှုနိုင်ပါတယ်။

၅)လာဗင်ဒါပန်းခင်းကြီးနဲ့ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် မနက်စောစောဖြစ်စေ၊ညနေဘက်အလင်းရောင်ကောင်းကောင်းရတဲ့အချိန်မှာရိုက်ဖို့အကြံပေးချင်ပါတယ်။နေ့ခင်းနေ့လည်ဆိုရင်ပူတဲ့အပြင် ဓာတ်ပုံရိုက်ရတာကလည်းပင်ပန်းတာကြောင့်အဆင်မပြေနိုင်ပါဘူး။ပန်းခင်းနဲ့ဓာတ်ပုံလှလှလေးကိုမနက်စောစောရိုက်မယ်ဆိုရင်လည်းကောင်းပါတယ်။တဖြည်းဖြည်းနဲ့လူတွေများလာမှာဖြစ်လို့နောက်ကျမှရောက်ရင် ကားထားစရာနေရာမရှိသလို ဓာတ်ပုံရိုက်ဖို့နေရာလည်းမရ၊အဆင်လည်းမပြေဖြစ်နိုင်ပါတယ်။အနည်းဆုံး မနက် ၉နာရီနောက်ဆုံးထားပြီးသွားဖို့မမေ့နဲ့နော်။ခရီးသွားတွေရဲ့ ပြောစကားအရ မနက် ၇နာရီတောင် Gordes ရွာလေးဘေးက Sénanque Abbey လာဗင်ဒါပန်းခင်းမှာလူတော်တော်ရောက်နှင့်နေပြီလို့သိရပါတယ်။

၆)လာဗင်ဒါပန်းခင်းကိုရောက်ရင် သတိထားရမှာကပျားတွေပါ။ပျားတွေက အများအပြားရှိပြီး သင့်ကိုခြောက်လန့်နိုင်ပါတယ်။ဒါပေမဲ့ သူတို့ကိုဘာမှမလုပ်ရင် သူတို့ကလည်းသင့်ကိုဘာမှမလုပ်နိုင်ပါဘူး။

၇)Prickly Plants ဆိုတဲ့ဆူးခြုံပင်သေးသေးလေးတွေလည်းရှိတာကြောင့် ကြိုးသိုင်းဖိနပ်စီးထားမယ်ဆိုရင် ခြေထောက်နားတစ်ဝိုက်မှာခြစ်ရာအနည်းငယ်ရနိုင်ပါတယ်။ပြီးရင်ယားယံလာတတ်ပါတယ်တဲ့။တကယ်လို့သင့်မှာ Sensitive skin ရှိမယ်၊အလက်ဂျစ်ရှိမယ်ဆိုရင်မသွားခင်မှာဆရာဝန်နဲ့တိုင်ပင်ပြီးဆေးဆောင်ထားသင့်ပါတယ်။ကလေးတွေနဲ့အတူလာရင်လည်း လမ်းလျှောက်တဲ့အခါသတိထားလျှောက်ဖို့ပြောပါ။

၈)နောက်ဆုံးအကြီးကြီးသတိထားရမှာတစ်ခုကတော့ လာဗင်ဒါပန်းတွေကိုခူးယူခွင့်မပြုထားပါဘူး။အဲ့ဒါကြောင့်တစ်ခက်တစ်လေတောင်မခူးမိစေဖို့သတိထားပါ။တကယ်လို့ပန်းခတ်လေးတွေနဲ့မှဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အနီးအနားကမြို့မှာရှိတဲ့ဈေးတွေမှာ ၀ယ်ယူလို့ရပါတယ်။ပန်းခြောက်တွေကိုပုံစံအမျိုးမျိုး၊အရွယ်အမျိုးမျိုးရှိလို့ ကြိုက်ရာကိုရွေးချယ်ဝယ်ပြီးဓာတ်ပုံရိုက်လို့ရပါတယ်။လာဗင်ဒါပန်းခက်တွေ၊ပန်းပွင့်တွေကိုတော့လုံးဝ လုံးဝ မခူးပါနဲ့။

 

 

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.