မနာလိုစိတ်ကင်းဝေးအောင်

လူဆိုတာမျိုးကလည်းခက်သား မကောင်းမှန်းသိပင်မဲ့ပြင်ရခက်တဲ့အရာတွေလည်းလူတိုင်းမှာ အများကြီးပါ။ မနာလိုစိတ်ဖြစ်တယ်ဆိုတာလည်းတစ်ချို့သူတွေအတွက်မကောင်းမှန်းသိကြပင်မဲ့ပြင်ရခက်တဲ့အရာထဲမှာပါနေတတ်ကြပါတယ်။ ဆိုတော့ ဘာကြောင့်မနာလိုစိတ် ၀င်တာလည်း အားကျရုံသက်သက် မဟုတ်ပဲ မနာလိုစိတ်ဝင်လာရင်ကိုယ့်အတွက်ဘယ်လောက်ပူလောင်သလဲ၊ အတတ်နိုင်ဆုံး အနာလိုစိတ်ကင်းဝေးအောင်ဘယ်လိုနေထိုင်မလဲဆိုတာအနီးစပ်ဆုံးအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
(၁) ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ
သူများကို မနာလိုဖြစ်တတ်ကြတဲ့သူတွေရဲ့အဓိကအကြောင်းအရင်းက သူများ လုပ်နေတာတွေဖြစ်နေတာတွေကိုသာမြင်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်တတ်တဲ့သူတွေပါ။သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့စိတ်နည်းပါးနေပြီး သူများတိုးတတ်မှုအောင်မြင်မှုတွေကိုသာ မသိစိတ်ကအကောင်းမြင်နေပြီး သိစိတ် ကမနာလိုကြိတ်ဖြစ်နေတက်ကြပါတယ်။ဒါကြောင့် သူများဘ၀နဲ့သူများဘယ်လောက်ကောင်းကောင်း ကိုယ့်ဘ၀မှာလည်းသူတို့မရနိုင်တဲ့အကောင်းဆုံးအရာတွေရှိတယ်ဆိုတာကို နားလည်ပြီးကိုယ့်ကိုယ်ကိုယ်အကောင်းမြင်တတ်အောင်သင်ယူပါ။
(၂) ယုံကြည်မှုထားပါ
ကိုယ်ဘာလုပ်လုပ် ကိုယ့်ယုံကြည်မှုနဲ့ကိုယ်လုပ်ပါ။ လူကြိုက်များမဲ့အရာ လူအထင်ကြီးမဲ့အရာမျိုးကို ရွေးလုပ်ပြီး မနိုင်အင်ကာနဲ့ဖြစ်တော့မှ သူတို့ကျအဆင်ပြေတယ် ကိုယ်ကျအဆင်မပြေ
ဘူးဆိုတာမျိုးတွေ မတွေးပါနဲ့။ အဓိကကလူတစ်ယောက်ဟာ သူကျွမ်းကျင်ပိုင်နိုင်တဲ့အပိုင်းကို လုပ်ဆောင်မှသာထူးချွန်ပြောင်မြောက်နိုင်မှာပါ။ ဒါကြောင့်သူတစ်ပါးရဲ့အောင်မြင်မှုကို အနာလိုမရှုစိတ်မထားပဲ ကိုယ့်ယုံကြည်ချက်ကိုသာ ခိုင်ခိုင်မာမာ ကြိုးစားလုပ်ကိုင်နိုင်အောင် စွမ်းဆောင်ပါ။
(၃) နည်းလမ်းမှန်မှန်တိုးတတ်ဖို့သာတွေးပါ
ကိုယ့်ပတ်ဝန်းကျင်မှဘယ်လောက်ပဲတော်တဲ့သူတွေအောင်မြင်တဲ့သူတွေများနေပစေအုံးတော့ သူတို့လည်းဝလုံးကစခဲ့တယ်ဆိုတာမျိုးကိုသတိရပါ။သူတို့ကို မနာလိုဖြစ်နေမဲ့စိတ်တွေ မနာလိုဖြစ်နေတဲ့အချိန်တွေကို သူတို့နားမှာနေပြီး ပညာယူရင်းနဲ့ကုန်ဆုံးတာဟာပိုတန်ပါလိမ့်မယ်။
(၄) မုဒိတာပွားပါ
လူတိုင်းဟာ သူ့ကံနဲ့သူ့ဇာတာနဲ့သူပါလာပြီးသားပါ။ ဘ၀မှာအချိန်တိုင်းလိုလေသေ့မရှိအောင်မြင်ပျော်ရွှင်နေကြတာကြီးပဲမဟုတ်ပါဘူး။ သင်အခုမနာလိုစိတ်ထားနေတဲ့သူတွေဟာလည်းတစ်ချိန်တုန်းက ဒီလိုအောင်မြင်ဖို့ရင်ဆိုင်လာခဲ့ကြသူတွေပါ။ ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်မျက်စိရှေ့ကပျော်ရွှင် နေကြတဲ့သူတွေတွေ့တဲ့အခါ အားကျပြီး မုဒိတာပွားနိုင်တဲ့ဖြူစင်တဲ့စိတ်လေးသာထားသင့်ပါတယ်။
(၅) ကိုယ့်ရဲ့တိုးတတ်မှုကိုသာဆန်းစစ်ပါ
ကိုယ့်ဘ၀ကို တိုးတတ်ဖို့အောင်မြင်ဖို့ကြိုးစားနေကြသူတွေအများစုဟာ သူတစ်ပါးကို မနာလိုဖို့လိုက်ပြိုင်ဖို့ လိုက်ကြည့်ဖို့အချိန်တောင်မရကြပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုဟာ တစ်နေ့ထက်တစ်နေ့တိုးတတ်လာသလား ဘယ်အတိုင်းတာထိရောက်မလဲဆိုပြီး ကိုယ့်ဘ၀ကိုပဲ တစ်ဆင့်ထက်တစ်ဆင့်အဆင်ပြေလာအောင်ကြိုးစားနေသင့်ပါတယ်။

ကောင်းမွန်တဲ့ဘ၀ပျော်ရွှင်နေရတဲ့အချိန်တွေမြင်ရင် တစ်ဖက်သားအပေါ်အားကျမိတာဟာ လူတိုင်းရဲ့သဘာဝပါ။ အားကျမှုဆိုတဲ့ထဲမှာ မုဒိတာစိတ်ပါကပ်ပါလာပါတယ်။ ဒီလိုဖြူစင်တဲ့ အားကျမှုကနေ မနာလိုစိတ်တွေအဖြစ်မပြောင်းလဲပဲ ကိုယ့်ဘ၀ကို ယုံကြည်ချက်ရှိရှိအကောင်းဆုံးတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းရင်း…

610 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.