တွစ်စ်တာမှာ Follower ၁၃သန်းကျော်ရရှိနေပြီဖြစ်တဲ့ BTS

ကေပေါ့ပ်အဆိုတော်တွေထဲမှာ BTS အဖွဲ့ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ။အဖွဲ့ဝင် ၇ယောက်ပါဝင်ပြီး ၂၀၁၃၊ဇွန်လ ၁၂ရက်နေ့က သူတို့ရဲ့ အနုပညာလှုပ်ရှားမှုကိုစတင်ခဲ့တာဖြစ်ပါတယ်။Big Hit Entertainment နဲ့လက်တွဲပြီးလှုပ်ရှားခဲ့ရာမှ၂၀၁၇မှာ တရှိန်ထိုးအောင်မြင်လာခဲ့တဲ့အဖွဲ့တစ်ခုပါ။

နိုင်ငံတကာမှာလည်းသူတို့ရဲ့သီချင်းခွေ Love Yourself ထဲက DNA ၊MIC Drop သီချင်းတွေပေါက်ခဲ့ပြီး အခု လက်ရှိတွစ်စ်တာမှာ ဖောလိုးဝါး ၁၃သန်းကျော်ရရှိထားပါတယ်။အရင်က ၁၂သန်းကျော်ရှိရာကနေ တစ်လခွဲအတွင်း နောက်ထပ် ဖောလိုးဝါး ၁၀၀၀၀၀၀ ကို ထပ်ပြီးရရှိခဲ့တာဖြစ်ပါတယ်။

BTS က သူတို့ရဲ့ တွစ်စ်တာအကောင့်ကို ၂၀၁၂၊ဒီဇင်ဘာ ၁၇ရက်နေ့ကစဖွင့်ခဲ့တာဖြစ်ပြီး၂၀၁၇၊နိုဝင်ဘာ ၁၃ရက်(၄နှစ်နဲ့၁၁လ)အကြာမှာတော့ ဖောလိုးဝါး ၁၀၀၀၀၀၀ ကျော်ရရှိခဲ့တဲ့ပထမဆုံးကိုရီးယားအကောင့်တစ်ခုဖြစ်ခဲ့ပါတယ်။၂၀၁၈၊ဇန်န၀ါရီ ၁၉ရက်မှာတော့ ဖောလိုးဝါး ၂၀၀၀၀၀၀ထပ်ရရှိခဲ့ပြီး စုစုပေါင်း ၁၂၀၀၀၀၀၀ ထိရရှိလာခဲ့တာဖြစ်ပါတယ်။အခုလက်ရှိကတော့ ဖောလိုးဝါး ၁၃သန်းကျော်ရှိနေပါပြီ။ပြီးခဲ့တဲ့အောက်တိုဘာလမှာလည်း သူတို့အဖွဲ့ဟာ “Social 50” Billboard မှာနံပါတ် ၁နေရာရောက်ရှိခဲ့ပြီးအခုချိန်ထိထိန်းထားနိုင်ဆဲပါ။

နိုင်ငံတကာကိုလွှမ်းမိုးနိုင်တဲ့အနုပညာရှင်တွေဖြစ်ကြသလို သူတို့အဖွဲ့ဟာ ပရိသတ်တွေနဲ့အမြဲမပြတ်အဆက်အသွယ်ရဖို့လည်း သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ဓာတ်ပုံတွေ၊သီချင်းတွေ၊ဗီဒီယိုအတိုလေးတွေလည်းတင်ပေးလေ့ရှိတယ်လို့သိရပါတယ်။

61 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.